ထားဝယ္ခ႐ိုင္ ေလာင္းလုံးၿမိဳ႕နယ္ တြင္ သက္ႀကီး သားအမိ (၂)ဦး ႏွစ္ေလာင္းၿပိဳင္ အသတ္ခံရမႈ ျဖစ္ပြား

လူသတ္မႈ ျဖစ္ပြားခ်ိန္၌ ေနအိမ္တြင္ အဆိုပါ အမ်ိဳးသမီး ႏွစ္ဦးတည္းသာ ေနထိုင္ေနၿပီး သားျဖစ္သူမွာ အျခားေဒသသို႔ အလုပ္သြားေရာက္ လုပ္ကိုင္ေနေၾကာင္းႏွင့္ ၎တို႔မွာ ေငြေၾကးပိုင္ဆိုင္မႈ အေတာ္အသင့္ ရွိသူမ်ား ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ အသတ္ခံ ရသည့္ သားအမိႏွစ္ဦးမွ မိခင္ျဖစ္သူမွာ ေနအိမ္ေအာက္ထပ္ တြင္ ဘယ္ဘက္နားထင္ႏွင့္ ရင္သားကိုလည္းေကာင္း၊ သမီးျဖစ္သူမွာ ေနအိမ္အေပၚ ထပ္ရွိ ဘုရားခန္း၌ ဦးေခါင္းကိုလည္းေကာင္း တုံးေသာလက္နက္ျဖင့္ ထုသတ္ျခင္းခံရသည့္ ဒဏ္ရာျဖင့္ ေသဆုံးေနသည္ ကို ေတြ႕ရွိရၿပီး ျပတ္ရွဒဏ္ရာမ်ား မရွိေၾကာင္း သိရသည္။

ေနအိမ္ အတြင္းရွိ အဖိုးတန္ ပစၥည္းမ်ား ေပ်ာက္ဆုံးမႈ ရွိ မရွိကို မိသားစုဝင္မ်ားမွ စစ္ေဆးအတည္ျပဳေနဆဲ ျဖစ္ေၾကာင္း ေလာင္းလုံးၿမိဳ႕ နယ္ ရဲတပ္ဖြဲ႕မႉးက ထားဝယ္အေျခစိုက္ မီဒီယာမ်ားကို အခင္းျဖစ္ေနရာတြင္ ေျပာၾကား ခဲ့သည္။တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ခ႐ိုင္ ေလာင္းလုံးၿမိဳ႕နယ္ ရွိ သေျပေရွာင္ ေက်း႐ြာတြင္ ဇြန္ ၂၃ ရက္ ညေနပိုင္းက အသက္ ၈၈ ႏွစ္ႏွင့္ အသက္ ၅၄ ႏွစ္အ႐ြယ္ သားအမိႏွစ္ဦး ေန အိမ္ေပၚ၌ ႏွစ္ေလာင္း ၿပိဳင္ အသတ္ခံခဲ့ရမႈ ျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။ အခင္းျဖစ္ပြားရာ ေနရာမွာ ေလာင္းလုံး-ေက်ာက္နီေမာ္ လမ္း မေပၚ ရွိ သေျပေရွာင္ ေက်း႐ြာရွိ အိမ္တအိမ္ျဖစ္သည္။

၎ ေနအိမ္၌ေနထိုင္သူ အသက္ ၈၈ ႏွစ္အ႐ြယ္ ေဒၚေအးရီအား ေနအိမ္ေအာက္ထပ္ရွိ တမံသလင္းေပၚ၌ လဲက် ေသဆုံးေနသည္ကို မြန္း လြဲ ၁ နာရီေက်ာ္ခန႔္၌ ေျမးျဖစ္သူမွ စတင္ေတြ႕ရွိခဲ့ရျခင္း ျဖစ္ေၾကာင္း၊ ယင္းေနာက္ ေဒၚေအးရီ၏ သမီးျဖစ္ေသာ အသက္ ၅၄ ႏွစ္အ႐ြယ္ ေဒၚသိန္းယူကိုလည္း ေနအိမ္အေပၚထပ္ ဘုရားခန္း၌ ဦးေခါင္းဒဏ္ရာျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရျခင္း ျဖစ္သည္ဟု သိရသည္။ သိ တဲ့အခ်ိန္က ညေန ၃ နာရီ ေလာက္ ရွိသြားၿပီ။ ပထမ အဖြားႀကီး တစ္ေယာက္ဆုံး တယ္လို႔ သိရတယ္။ နာေရးအဖြဲ႕ သားအခ်င္းခ်င္း ဖုန္း ဆက္တဲ့ အခ်ိန္မွာ နာေရးအိမ္ ေရာက္ေနတယ္ လို႔ သတင္းေပး လို႔ သိရတာေပါ့ေလ။

ဒါတစ္ေယာက္ အရင္သိလိုက္တယ္။ ၿပီးေတာ့မွ ခဏေလး ငါးမိနစ္ေလာက္ပဲ ျခား တယ္။ သူ႔သမီးလည္း အေပၚမွာ ေသေနတယ္ဆိုၿပီး ေတာ့ အုပ္ခ်ဳပ္ေရးမႉးဆိုေတာ့ လာေခၚတာ ေပါ့ေလ။ လာေခၚေတာ့ တက္ၾကည့္ေတာ့ သံသယ အေနအထားေတြ ေတြ႕တယ္ဆိုေတာ့ သ က်က္ေတာ စခန္းမႉးကို သတင္းေပးလိုက္တယ္” ဟု သေျပေရွာင္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးေအာင္က ေျပာၾကားသည္။ အ သတ္ခံရသူ၏ မိသားစုဝင္မ်ားမွာ အသက္ ၈၈ ႏွစ္ အ႐ြယ္ရွိသူ ေဒၚေအးရီကို ေနအိမ္ေအာက္ထပ္ တမံသလင္း၌ လဲက် ေသဆုံးေနသည္ကို စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ မေတာ္တဆေခ်ာ္လဲ၍ ႐ိုး႐ိုးေသဆုံးခဲ့သည္ဟု ယူဆကာ ေက်း႐ြာနာေရးအသင္းကို ဆက္သြယ္ခဲ့ၾကသည္။

ေနအိမ္ေအာက္ထပ္၌ နာေရးအတြက္ ျပင္ဆင္ေနစဥ္ ေနအိမ္ အေပၚထပ္သို႔ တက္ၾကည့္ရႈခဲ့သူ တစ္ဦးက ေနအိမ္ဘုရားစင္ အေရွ႕၌ လဲက် ေသဆုံးေနေသာ အသက္ ၅၄ ႏွစ္အ႐ြယ္ ေဒၚသိန္းယူကို ေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း၊ ေသဆုံးခဲ့သူမ်ား၏ ဒဏ္ရာအေနအထားမွာ အသက္ ၈၈ ႏွစ္အ႐ြယ္ ေဒၚေအးရီ၌ ဝဲဘက္မ်က္ခုံးေပၚ၌ ပြန္းပဲ့ ဒဏ္ရာတစ္ခ်က္၊ ဘယ္ဘက္ရင္သားေပၚ၌ ညိဳမဲဒဏ္ရာ တစ္ခ်က္တို႔ျဖင့္ ေသဆုံး ေနၿပီး အသက္ ၅၄ ႏွစ္အ႐ြယ္ ေဒၚသိန္းယူတြင္ ဦးေခါင္းဒဏ္ရာ တစ္ခ်က္တို႔ျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။ ထို႔ျပင္ အသတ္ခံ ရသူ၏ ေနအိမ္အတြင္း အေပၚထပ္ႏွင့္ ေအာက္ထပ္ရွိ ဗီ႐ိုမ်ားကို ေမႊေႏွာက္ရွာေဖြ ထားသည္ကို ေတြ႕ရၿပီး။

ေ႐ႊေငြႏွင့္ လက္ဝတ္လက္စားမ်ား ေပ်ာက္ဆုံးမႈ ရွိ မရွိကို လက္ရွိအေျခအေနအရ အေသးစိတ္ မသိရေသးေသာ္လည္း ေနအိမ္ရွိ HONDA Dream 125 ေ႐ႊလႈိင္း ဆိုင္ကယ္ တစ္စင္းမွာ ေပ်ာက္ဆုံးသြားခဲ့ေၾကာင္း၊ ယင္းဆိုင္ကယ္ကိုမူ အခင္းျဖစ္ရာေနရာမွ မိုင္ ၂၀ ေက်ာ္ခန႔္အ ကြာရွိ ထားဝယ္ၿမိဳ႕ ကမ္းနားေစ်းအနီး လက္ဖက္ရည္ဆိုင္ေရွ႕တြင္ ျပန္လည္ေတြ႕ရွိ ခဲ့ရေၾကာင္း သိရသည္။ ယင္းသို႔ႏွစ္ေလာင္းၿပိဳင္ လူ သတ္မႈျဖစ္စဥ္ မွာ သေျပေရွာင္ေက်း႐ြာအုပ္စု၌ တစ္ႀကိမ္တစ္ခါမွ် ျဖစ္ပြားခဲ့ဖူးျခင္း မရွိခဲ့ဘဲ ရက္စက္လြန္းရာ က်ေသာေၾကာင့္ တရားခံကို ဖမ္းမိေစလိုၿပီး ဥပေဒအရ ထိုက္သင့္သည့္ အျပစ္ဒဏ္ျဖင့္ အေရးယူ ေပးေစလိုေၾကာင္း ဦးမ်ိဳးေအာင္က ေျပာၾကားသည္။

REF: EMG

UNICODE

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တွင် သက်ကြီး သားအမိ (၂)ဦး နှစ်လောင်းပြိုင် အသတ်ခံရမှု ဖြစ်ပွား

လူသတ်မှု ဖြစ်ပွားချိန်၌ နေအိမ်တွင် အဆိုပါ အမျိုးသမီး နှစ်ဦးတည်းသာ နေထိုင်နေပြီး သားဖြစ်သူမှာ အခြားဒေသသို့ အလုပ်သွားရောက် လုပ်ကိုင်နေကြောင်းနှင့် ၎င်းတို့မှာ ငွေကြေးပိုင်ဆိုင်မှု အတော်အသင့် ရှိသူများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အသတ်ခံ ရသည့် သားအမိနှစ်ဦးမှ မိခင်ဖြစ်သူမှာ နေအိမ်အောက်ထပ် တွင် ဘယ်ဘက်နားထင်နှင့် ရင်သားကိုလည်းကောင်း၊ သမီးဖြစ်သူမှာ နေအိမ်အပေါ် ထပ်ရှိ ဘုရားခန်း၌ ဦးခေါင်းကိုလည်းကောင်း တုံးသောလက်နက်ဖြင့် ထုသတ်ခြင်းခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည် ကို တွေ့ရှိရပြီး ပြတ်ရှဒဏ်ရာများ မရှိကြောင်း သိရသည်။

နေအိမ် အတွင်းရှိ အဖိုးတန် ပစ္စည်းများ ပျောက်ဆုံးမှု ရှိ မရှိကို မိသားစုဝင်များမှ စစ်ဆေးအတည်ပြုနေဆဲ ဖြစ်ကြောင်း လောင်းလုံးမြို့ နယ် ရဲတပ်ဖွဲ့မှူးက ထားဝယ်အခြေစိုက် မီဒီယာများကို အခင်းဖြစ်နေရာတွင် ပြောကြား ခဲ့သည်။တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရှိ သပြေရှောင် ကျေးရွာတွင် ဇွန် ၂၃ ရက် ညနေပိုင်းက အသက် ၈၈ နှစ်နှင့် အသက် ၅၄ နှစ်အရွယ် သားအမိနှစ်ဦး နေ အိမ်ပေါ်၌ နှစ်လောင်း ပြိုင် အသတ်ခံခဲ့ရမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။  အခင်းဖြစ်ပွားရာ နေရာမှာ လောင်းလုံး-ကျောက်နီမော် လမ်း မပေါ် ရှိ သပြေရှောင် ကျေးရွာရှိ အိမ်တအိမ်ဖြစ်သည်။

၎င်း နေအိမ်၌နေထိုင်သူ အသက် ၈၈ နှစ်အရွယ် ဒေါ်အေးရီအား နေအိမ်အောက်ထပ်ရှိ တမံသလင်းပေါ်၌ လဲကျ သေဆုံးနေသည်ကို မွန်း လွဲ ၁ နာရီကျော်ခန့်၌ မြေးဖြစ်သူမှ စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းနောက် ဒေါ်အေးရီ၏ သမီးဖြစ်သော အသက် ၅၄ နှစ်အရွယ် ဒေါ်သိန်းယူကိုလည်း နေအိမ်အပေါ်ထပ် ဘုရားခန်း၌ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ သိ တဲ့အချိန်က ညနေ ၃ နာရီ လောက် ရှိသွားပြီ။ ပထမ အဖွားကြီး တစ်ယောက်ဆုံး တယ်လို့ သိရတယ်။ နာရေးအဖွဲ့ သားအချင်းချင်း ဖုန်း ဆက်တဲ့ အချိန်မှာ နာရေးအိမ် ရောက်နေတယ် လို့ သတင်းပေး လို့ သိရတာပေါ့လေ။

ဒါတစ်ယောက် အရင်သိလိုက်တယ်။ ပြီးတော့မှ ခဏလေး ငါးမိနစ်လောက်ပဲ ခြား တယ်။ သူ့သမီးလည်း အပေါ်မှာ သေနေတယ်ဆိုပြီး တော့ အုပ်ချုပ်ရေးမှူးဆိုတော့ လာခေါ်တာ ပေါ့လေ။ လာခေါ်တော့ တက်ကြည့်တော့ သံသယ အနေအထားတွေ တွေ့တယ်ဆိုတော့ သ ကျက်တော စခန်းမှူးကို သတင်းပေးလိုက်တယ်” ဟု သပြေရှောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။ အ သတ်ခံရသူ၏ မိသားစုဝင်များမှာ အသက် ၈၈ နှစ် အရွယ်ရှိသူ ဒေါ်အေးရီကို နေအိမ်အောက်ထပ် တမံသလင်း၌ လဲကျ သေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့ပြီးနောက် မတော်တဆချော်လဲ၍ ရိုးရိုးသေဆုံးခဲ့သည်ဟု ယူဆကာ ကျေးရွာနာရေးအသင်းကို ဆက်သွယ်ခဲ့ကြသည်။

နေအိမ်အောက်ထပ်၌ နာရေးအတွက် ပြင်ဆင်နေစဉ် နေအိမ် အပေါ်ထပ်သို့ တက်ကြည့်ရှုခဲ့သူ တစ်ဦးက နေအိမ်ဘုရားစင် အရှေ့၌ လဲကျ သေဆုံးနေသော အသက် ၅၄ နှစ်အရွယ် ဒေါ်သိန်းယူကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ သေဆုံးခဲ့သူများ၏ ဒဏ်ရာအနေအထားမှာ အသက် ၈၈ နှစ်အရွယ် ဒေါ်အေးရီ၌ ဝဲဘက်မျက်ခုံးပေါ်၌ ပွန်းပဲ့ ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ရင်သားပေါ်၌ ညိုမဲဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံး နေပြီး အသက် ၅၄ နှစ်အရွယ် ဒေါ်သိန်းယူတွင် ဦးခေါင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့ပြင် အသတ်ခံ ရသူ၏ နေအိမ်အတွင်း အပေါ်ထပ်နှင့် အောက်ထပ်ရှိ ဗီရိုများကို မွှေနှောက်ရှာဖွေ ထားသည်ကို တွေ့ရပြီး။

ရွှေငွေနှင့် လက်ဝတ်လက်စားများ ပျောက်ဆုံးမှု ရှိ မရှိကို လက်ရှိအခြေအနေအရ အသေးစိတ် မသိရသေးသော်လည်း နေအိမ်ရှိ HONDA Dream 125 ရွှေလှိုင်း ဆိုင်ကယ် တစ်စင်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းဆိုင်ကယ်ကိုမူ အခင်းဖြစ်ရာနေရာမှ မိုင် ၂၀ ကျော်ခန့်အ ကွာရှိ ထားဝယ်မြို့ ကမ်းနားစျေးအနီး လက်ဖက်ရည်ဆိုင်ရှေ့တွင် ပြန်လည်တွေ့ရှိ ခဲ့ရကြောင်း သိရသည်။ ယင်းသို့နှစ်လောင်းပြိုင် လူ သတ်မှုဖြစ်စဉ် မှာ သပြေရှောင်ကျေးရွာအုပ်စု၌ တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဖူးခြင်း မရှိခဲ့ဘဲ ရက်စက်လွန်းရာ ကျသောကြောင့် တရားခံကို ဖမ်းမိစေလိုပြီး ဥပဒေအရ ထိုက်သင့်သည့် အပြစ်ဒဏ်ဖြင့် အရေးယူ ပေးစေလိုကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

REF:   EMG

Add a Comment

Your email address will not be published. Required fields are marked *