ပင္လယ္ကမ္းေျခမ်ားအား ကို ဇူလိုင္လမွာ ျပန္ဖြင့္ခြင့္ျပဳေသာ္လည္း တားျမစ္ခ်က္မ်ားထုတ္ျပန္

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ စတင္ျဖစ္ပြားတဲ့ မတ္လ ကတည္းကကမ္းေျခေတြကို ပိတ္ထား ရတာျဖစ္လို႔ ကာလၾကာရွည္တာနဲ႔အမွ် ကမ္း ေျခကို အမွီျပဳ လုပ္ကိုင္စားေသာက္ေနသူ အားလုံး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ဆိုပါတယ္။ ကမ္းေျချပန္ဖြင့္တဲ့အခါ ခရီးသြား ဧည့္သည္ေတြ လိုက္နာရမယ့္ အခ်က္ ၁၈ ခ်က္ ရွိၿပီး ဟိုတယ္ဘက္က လိုက္နာရမယ့္အခ်က္ေတြလည္းရွိလာမယ္လို႔ဆိုပါတယ္။

ဒီစည္းကမ္းခ်က္ေတြထဲမွာ ေရကူးကန္ အသုံးျပဳခြင့္မရွိျခင္း၊ ေသာင္ျပင္မွာ ေနပူလွန္းတာ၊ လူစုလူေဝး လုပ္တာ လက္မခံျခင္းစတဲ့ အခ်က္ ေတြပါဝင္ပါတယ္။ လက္ရွိ ေခ်ာင္းသာကမ္းေျခမွာ ဟိုတယ္ ၃၉ လုံး၊ တည္းခိုခန္း ၅၉ လုံး ရွိၿပီး ေငြေဆာင္ကမ္းေျခမွာေတာ့ ဟိုတယ္ ၃၃ လုံး၊ တည္းခိုခန္း ၄၆ လုံးရွိေနပါတယ္။ ကမ္းေျခေတြ ျပန္ဖြင့္ႏိုင္ ခဲ့ရင္ ျပည္တြင္း ခရီးသြား ကိုအဓိကထား လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

ခရီးသြားဧည့္သည္ေတြ လိုက္နာ ရမယ့္ အခ်က္ ၁၈ ခ်က္ ရွိၿပီး ဟိုတယ္ဘက္ကလိုက္နာရမယ့္အခ်က္ေတြလည္းရွိလာမယ္လို႔ဆိုပါတယ္။ ဧရာဝတီတိုင္း အတြင္းက ေခ်ာင္းသာ ၊ ေငြေဆာင္အပါ အဝင္ ကမ္းေျခ ၄ ခုကို လာမယ့္ ဇူလိုင္လ ပထမအပတ္ အတြင္းမွာ ျပန္ဖြင့္ႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ေခ်ာင္းသာဟိုတယ္ဇုန္က သိရပါတယ္။

ဒါေပမယ့္လည္း ကမ္းေျခေတြနဲ႔ဟိုတယ္ေတြျပန္ဖြင့္မယ္ ဆိုရင္ေတာင္ ေရကူးကန္သုံးခြင့္မရတာ၊ေသာင္ျပင္မွာ လူစုလူေဝးလုပ္တာေတြ မရဘူးလို႔လည္း စည္းကမ္းေတြထုတ္ျပန္ထားပါတယ္။ ကမ္းေျခေတြ နဲ႔ ကမ္းေျခက ဟိုတယ္ေတြကို က်န္းမာ ေရးဝန္ႀကီးဌာန စည္းကမ္း ေတြနဲ႔အညီ ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔အတြက္ တိုင္းအဆင့္ ေဆြးေႏြးပြဲကို မေန႔က (ဇြန္လ ၂ရက္)က ျပဳလုပ္ခဲ့ပါတယ္။

ေဆြးေႏြးမႈေတြအရ ယခုလကုန္ ဒါမွမဟုတ္ ဇူလိုင္လ ပထမအပတ္မွာ ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေခ်ာင္းသာ ဟိုတယ္ ဇုန္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေက်ာ္ခိုင္က ေျပာပါတယ္။ဇူလိုင္ပထမပတ္ေလာက္ မွာ စဖြင့္ႏိုင္ဖို႔ ေမွ်ာ္မွန္းတယ္။ ဝန္ႀကီးခ်ဳပ္က ခြင့္ ျပဳတာ နဲ႔ အဆင္သင့္ျဖစ္ေအာင္ျပင္ဆင္ရတယ္။ ပ႐ိုမိုးရွင္းဆိုတာထက္ ခရီးစဥ္ေဘးကင္းေရးက်န္းမာေရးကို ဦးစားေပးေဆာင္႐ြက္မွာပါ ။

ဟိုတယ္ေတြပိတ္ထားတာၾကာေတာ့ ဒီကိုအမွီျပဳလုပ္ကိုင္ေနရသူေတြ အဆင္မေျပဘူး။ ဒါေၾကာင့္ စည္းကမ္းေတြနဲ႔ အတူျပန္ဖြင့္ဖို႔ ေဆြး ေႏြးေနၾကတာျဖစ္ပါတယ္။ဝန္ႀကီးခ်ဳပ္ကလည္း လက္ခံတယ္။ ” လို႔ ဦးေက်ာ္ခိုင္ကေျပာပါတယ္။

REF: ဓူဝံ

UNICODE

ပင်လယ်ကမ်းခြေများအား ကို ဇူလိုင်လမှာ ပြန်ဖွင့်ခွင့်ပြုသော်လည်း တားမြစ်ချက်များထုတ်ပြန်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ်လ ကတည်းကကမ်းခြေတွေကို ပိတ်ထား ရတာဖြစ်လို့ ကာလကြာရှည်တာနဲ့အမျှ ကမ်း ခြေကို အမှီပြု လုပ်ကိုင်စားသောက်နေသူ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ကမ်းခြေပြန်ဖွင့်တဲ့အခါ ခရီးသွား ဧည့်သည်တွေ လိုက်နာရမယ့် အချက် ၁၈ ချက် ရှိပြီး ဟိုတယ်ဘက်က လိုက်နာရမယ့်အချက်တွေလည်းရှိလာမယ်လို့ဆိုပါတယ်။

ဒီစည်းကမ်းချက်တွေထဲမှာ ရေကူးကန် အသုံးပြုခွင့်မရှိခြင်း၊ သောင်ပြင်မှာ နေပူလှန်းတာ၊ လူစုလူဝေး လုပ်တာ လက်မခံခြင်းစတဲ့ အချက် တွေပါဝင်ပါတယ်။ လက်ရှိ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံး ရှိပြီး ငွေဆောင်ကမ်းခြေမှာတော့ ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးရှိနေပါတယ်။ ကမ်းခြေတွေ ပြန်ဖွင့်နိုင် ခဲ့ရင် ပြည်တွင်း ခရီးသွား ကိုအဓိကထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေ လိုက်နာ ရမယ့် အချက် ၁၈ ချက် ရှိပြီး ဟိုတယ်ဘက်ကလိုက်နာရမယ့်အချက်တွေလည်းရှိလာမယ်လို့ဆိုပါတယ်။ ဧရာဝတီတိုင်း အတွင်းက ချောင်းသာ ၊ ငွေဆောင်အပါ အဝင် ကမ်းခြေ ၄ ခုကို လာမယ့် ဇူလိုင်လ ပထမအပတ် အတွင်းမှာ ပြန်ဖွင့်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ချောင်းသာဟိုတယ်ဇုန်က သိရပါတယ်။

ဒါပေမယ့်လည်း ကမ်းခြေတွေနဲ့ဟိုတယ်တွေပြန်ဖွင့်မယ် ဆိုရင်တောင် ရေကူးကန်သုံးခွင့်မရတာ၊သောင်ပြင်မှာ လူစုလူဝေးလုပ်တာတွေ မရဘူးလို့လည်း စည်းကမ်းတွေထုတ်ပြန်ထားပါတယ်။ ကမ်းခြေတွေ နဲ့ ကမ်းခြေက ဟိုတယ်တွေကို ကျန်းမာ ရေးဝန်ကြီးဌာန စည်းကမ်း တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် တိုင်းအဆင့် ဆွေးနွေးပွဲကို မနေ့က (ဇွန်လ ၂ရက်)က ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးမှုတွေအရ ယခုလကုန် ဒါမှမဟုတ် ဇူလိုင်လ ပထမအပတ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ချောင်းသာ ဟိုတယ် ဇုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ခိုင်က ပြောပါတယ်။ဇူလိုင်ပထမပတ်လောက် မှာ စဖွင့်နိုင်ဖို့ မျှော်မှန်းတယ်။ ဝန်ကြီးချုပ်က ခွင့် ပြုတာ နဲ့ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ရတယ်။ ပရိုမိုးရှင်းဆိုတာထက် ခရီးစဉ်ဘေးကင်းရေးကျန်းမာရေးကို ဦးစားပေးဆောင်ရွက်မှာပါ ။

ဟိုတယ်တွေပိတ်ထားတာကြာတော့ ဒီကိုအမှီပြုလုပ်ကိုင်နေရသူတွေ အဆင်မပြေဘူး။ ဒါကြောင့် စည်းကမ်းတွေနဲ့ အတူပြန်ဖွင့်ဖို့ ဆွေး နွေးနေကြတာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကလည်း လက်ခံတယ်။ ” လို့ ဦးကျော်ခိုင်ကပြောပါတယ်။

REF:   ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *