မွတ္ပုံတင္မထားေသာ ဆင္းမ္ကတ္မ်ား ယခုလကုန္ ဖ်က္သိမ္း၍ လက္က်န္ ေငြမ်ား အစိုးရထံ အပ္ႏွံမည္ဟု ထုတ္ျပန္

သုံးစြဲေန ေသာ ဆင္းမ္ ကတ္ မ်ားအား ကိုယ္ေရးအခ်က္အလက္မ်ားျဖင့္ မွန္ကန္စြာမွတ္ပုံတင္ၿပီး အခ်က္အလက္ေသခ်ာမႈရွိေစရန္ သက္ ဆိုင္ရာ Mobile application မ်ားမွေသာ္လည္းေကာင္း၊ ဝက္ဘ္ဆိုက္မ်ားသို႔ ဝင္ေရာက္၍ေသာ္လည္းေကာင္း၊ သက္ဆိုင္ရာ ေအာ္ပေရ တာ၏ Call Center မ်ားသို႔ လည္းေကာင္း ဆက္သြယ္၍စစ္ေဆးႏိုင္သည္။အခ်က္အလက္အမွန္ျဖင့္ မွတ္ပုံတင္သူတိုင္းအား သက္ဆိုင္ရာ ေအာ္ပေရတာမ်ားက ဖုန္းေဘလ္ႏွင့္ အင္တာနက္အပိုဆုမ်ားအား လက္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ေအာ္ပေရတာမ်ားက ေၾကညာထား သည္။

ျမန္ မာ့ ဆက္ သြယ္ေရးၫႊန္ ၾကားမႈ ဦးစီး ဌာန ၏ လမ္းၫႊန္ခ်က္ မ်ားအ တိုင္း စနစ္ တက် မွတ္ပုံ တင္ ထား ျခင္း မရွိေသာ ဆင္းမ္ကတ္ မ်ားအား ျပန္လည္မွတ္ပုံ တင္ျခင္း ကာလအား ရက္တိုး သတ္မွတ္ ထားရာ ဇြန္လ ကုန္တြင္ သက္တမ္း တိုးျမႇင့္ထားမႈ ကုန္ဆုံး မည္ျဖစ္ သည္။ ဆင္းမ္ ကတ္ ျပန္လည္ မွတ္ပုံတင္ ကာလအတြင္း စနစ္တက် မွတ္ပုံ တင္ထားျခင္းမရွိေသာ ဆင္းမ္ကတ္မ်ားအား ဇြန္လ ကုန္တြင္ ဖ်က္သိမ္း သြားမည္ ျဖစ္ၿပီး အဆိုပါ ဆင္းမ္ကတ္မ်ားရွိ လက္က်န္ေငြမ်ားကို ၫႊန္ၾကားခ်က္ အတိုင္း အစိုးရသို႔ လႊဲေျပာင္းေပးအပ္သြား မည္ျဖစ္ ေၾကာင္း Telenor Myanmar က ထုတ္ျပန္ေၾကညာ လိုက္ သည္။

ဖ်က္သိမ္း ခံရ ေသာ ဆင္းမ္ကတ္ မ်ားကို ဇြန္လကုန္ တြင္ ျပန္လည္မွတ္ ပုံျခင္း ျပဳလုပ္ႏိုင္ေတာ့မည္ မဟုတ္ဘဲ မည္သည့္ ေလ်ာ္ေၾကး တစ္စုံတစ္ရာမွ ရရွိမည္မ ဟုတ္ေၾကာင္း လည္း ေၾကညာခ်က္ တြင္ ေဖာ္ျပထား သည္။ဆင္းမ္ကတ္မ်ား မွတ္ပုံတင္ရာတြင္ ႏိုင္ငံသား မ်ား အတြက္ တည္ဆဲဥပေဒအရ ထုတ္ေပးထားသည့္ သက္ေသခံလက္မွတ္ျဖစ္ေသာ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ ႏိုင္ငံျခားသား မ်ားအတြက္ passport တစ္ခုခု ျဖင့္ မွတ္ပုံတင္ရမည္ ျဖစ္ၿပီး လူတစ္ဦးလွ်င္ ေအာ္ပေရတာတစ္ခုမွ ဆင္းမ္ကတ္၂ ခုထက္ပို၍ မွတ္ပုံတင္ ကိုင္ေဆာင္ ခြင့္မရွိေခ်။

ဆက္သြယ္ ေရးၫႊန္ၾကားမႈ ဦးစီးဌာန ၏ ထုတ္ျပန္ေၾကညာထားေသာ စည္းကမ္းခ်က္မ်ားအရ ဆက္သြယ္ေရး ေအာ္ပ ေရတာမ်ား အေန ျဖင့္ ဆင္းမ္ကတ္အသစ္ ေရာင္းခ်ျခင္းကို တရားဝင္သတ္မွတ္ထားေသာ ဆိုင္မ်ားတြင္သာ ေရာင္းခ်ႏိုင္မည္ျဖစ္သည္။ ဆင္းမ္ ကတ္မ်ား အား စနစ္တက်မွတ္ပုံတင္ထားျခင္းျဖင့္ မိမိတို႔၏ မိုဘိုင္းဖုန္းနံပါတ္မ်ားႏွင့္ ခ်ိတ္ဆက္ ထားေသာ ဆိုရွယ္မီဒီယာအေကာင့္မ်ား၊ အြန္လိုင္း ေငြေပးေခ်မႈမ်ား စသည့္ အျခားေသာ ဆက္သြယ္ေရးႏွင့္ သက္ဆိုင္ေသာ ကိစၥရပ္မ်ားကို လြယ္ကူအဆင္ေျပစြာ ေဆာင္႐ြက္ ႏိုင္ မည္ျဖစ္ ေၾကာင္း MPT သုံးစြဲသူတစ္ဦး ျဖစ္သည့္ သဃၤန္းကြၽန္းၿမိဳ႕နယ္မွ ဦးမ်ိဳးေက်ာ္ထိုက္က ဆိုသည္။

ကြၽန္ေတာ္ တို႔ရဲ႕ Facebook အေကာင့္ေတြ၊ အီးေမးလ္ေတြအျပင္ ဘဏ္အေကာင့္ေတြ၊ Mobile Banking ေတြက ဖုန္းနံပါတ္ေတြနဲ႔ ခ်ိတ္ ဆက္ထားတာေၾကာင့္ ဒီဆင္းမ္ကတ္သာ ဖ်က္သိမ္းခံလိုက္ရရင္ လုပ္ငန္းစီးပြားေရးမွာ အေတာ္အခက္ေတြ႕ပါလိမ့္မယ္၊ ဒါေၾကာင့္ ဖ်က္ သိမ္းမခံရခင္ ျမန္ျမန္မွတ္ပုံတင္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္”ဟု ဦးမ်ိဳးေက်ာ္ထိုက္က ဆိုသည္။အခ်က္ အလက္မွန္ကန္မႈမရွိပါက သက္ ဆိုင္ရာေအာ္ပေရတာသို႔ ဆက္သြယ္အေၾကာင္းၾကားကာ အြန္လိုင္းဝန္ေဆာင္မႈျဖင့္လည္းေကာင္း၊ အေရာင္းဆိုင္ မ်ားတြင္ လည္း ေကာင္း သတ္မွတ္ခ်ိန္အတြင္း ျပန္လည္ မွတ္ပုံတင္ၾကရန္လည္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက သတိေပး ေၾကညာထား သည္။

crd: The myanmar Time

UNICODE

မှတ်ပုံတင်မထားသော ဆင်းမ်ကတ်များ ယခုလကုန် ဖျက်သိမ်း၍ လက်ကျန် ငွေများ အစိုးရထံ အပ်နှံမည်ဟု ထုတ်ပြန်

သုံးစွဲနေ သော ဆင်းမ် ကတ် များအား ကိုယ်ရေးအချက်အလက်များဖြင့် မှန်ကန်စွာမှတ်ပုံတင်ပြီး အချက်အလက်သေချာမှုရှိစေရန် သက် ဆိုင်ရာ Mobile application များမှသော်လည်းကောင်း၊ ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်၍သော်လည်းကောင်း၊ သက်ဆိုင်ရာ အော်ပရေ တာ၏ Call Center များသို့ လည်းကောင်း ဆက်သွယ်၍စစ်ဆေးနိုင်သည်။အချက်အလက်အမှန်ဖြင့် မှတ်ပုံတင်သူတိုင်းအား သက်ဆိုင်ရာ အော်ပရေတာများက ဖုန်းဘေလ်နှင့် အင်တာနက်အပိုဆုများအား လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း အော်ပရေတာများက ကြေညာထား သည်။

မြန် မာ့ ဆက် သွယ်ရေးညွှန် ကြားမှု ဦးစီး ဌာန ၏ လမ်းညွှန်ချက် များအ တိုင်း စနစ် တကျ မှတ်ပုံ တင် ထား ခြင်း မရှိသော ဆင်းမ်ကတ် များအား ပြန်လည်မှတ်ပုံ တင်ခြင်း ကာလအား ရက်တိုး သတ်မှတ် ထားရာ ဇွန်လ ကုန်တွင် သက်တမ်း တိုးမြှင့်ထားမှု ကုန်ဆုံး မည်ဖြစ် သည်။ ဆင်းမ် ကတ် ပြန်လည် မှတ်ပုံတင် ကာလအတွင်း စနစ်တကျ မှတ်ပုံ တင်ထားခြင်းမရှိသော ဆင်းမ်ကတ်များအား ဇွန်လ ကုန်တွင် ဖျက်သိမ်း သွားမည် ဖြစ်ပြီး အဆိုပါ ဆင်းမ်ကတ်များရှိ လက်ကျန်ငွေများကို ညွှန်ကြားချက် အတိုင်း အစိုးရသို့ လွှဲပြောင်းပေးအပ်သွား မည်ဖြစ် ကြောင်း Telenor Myanmar က ထုတ်ပြန်ကြေညာ လိုက် သည်။

ဖျက်သိမ်း ခံရ သော ဆင်းမ်ကတ် များကို ဇွန်လကုန် တွင် ပြန်လည်မှတ် ပုံခြင်း ပြုလုပ်နိုင်တော့မည် မဟုတ်ဘဲ မည်သည့် လျော်ကြေး တစ်စုံတစ်ရာမှ ရရှိမည်မ ဟုတ်ကြောင်း လည်း ကြေညာချက် တွင် ဖော်ပြထား သည်။ဆင်းမ်ကတ်များ မှတ်ပုံတင်ရာတွင် နိုင်ငံသား များ အတွက် တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ်ဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသား များအတွက် passport တစ်ခုခု ဖြင့် မှတ်ပုံတင်ရမည် ဖြစ်ပြီး လူတစ်ဦးလျှင် အော်ပရေတာတစ်ခုမှ ဆင်းမ်ကတ်၂ ခုထက်ပို၍ မှတ်ပုံတင် ကိုင်ဆောင် ခွင့်မရှိချေ။

ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာန ၏ ထုတ်ပြန်ကြေညာထားသော စည်းကမ်းချက်များအရ ဆက်သွယ်ရေး အော်ပ ရေတာများ အနေ ဖြင့် ဆင်းမ်ကတ်အသစ် ရောင်းချခြင်းကို တရားဝင်သတ်မှတ်ထားသော ဆိုင်များတွင်သာ ရောင်းချနိုင်မည်ဖြစ်သည်။ ဆင်းမ် ကတ်များ အား စနစ်တကျမှတ်ပုံတင်ထားခြင်းဖြင့် မိမိတို့၏ မိုဘိုင်းဖုန်းနံပါတ်များနှင့် ချိတ်ဆက် ထားသော ဆိုရှယ်မီဒီယာအကောင့်များ၊ အွန်လိုင်း ငွေပေးချေမှုများ စသည့် အခြားသော ဆက်သွယ်ရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို လွယ်ကူအဆင်ပြေစွာ ဆောင်ရွက် နိုင် မည်ဖြစ် ကြောင်း MPT သုံးစွဲသူတစ်ဦး ဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်မှ ဦးမျိုးကျော်ထိုက်က ဆိုသည်။

ကျွန်တော် တို့ရဲ့ Facebook အကောင့်တွေ၊ အီးမေးလ်တွေအပြင် ဘဏ်အကောင့်တွေ၊ Mobile Banking တွေက ဖုန်းနံပါတ်တွေနဲ့ ချိတ် ဆက်ထားတာကြောင့် ဒီဆင်းမ်ကတ်သာ ဖျက်သိမ်းခံလိုက်ရရင် လုပ်ငန်းစီးပွားရေးမှာ အတော်အခက်တွေ့ပါလိမ့်မယ်၊ ဒါကြောင့် ဖျက် သိမ်းမခံရခင် မြန်မြန်မှတ်ပုံတင်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဦးမျိုးကျော်ထိုက်က ဆိုသည်။အချက် အလက်မှန်ကန်မှုမရှိပါက သက် ဆိုင်ရာအော်ပရေတာသို့ ဆက်သွယ်အကြောင်းကြားကာ အွန်လိုင်းဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင် များတွင် လည်း ကောင်း သတ်မှတ်ချိန်အတွင်း ပြန်လည် မှတ်ပုံတင်ကြရန်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတိပေး ကြေညာထား သည်။

crd:  The myanmar Time

Add a Comment

Your email address will not be published. Required fields are marked *