



REF: The Ladies News

UNICODE

ယနေ့ည အရေးပေါ်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် မီးပြတ်တောက်မည်ဟု E.P.Cအသိပေး

ယနေ့ည လျှပ်စစ် Cable ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းအား အရေးပေါ်ဆောင်ရွက် ရမည် ဖြစ်ပါသဖြင့် ယနေ့ (၂၄-၆-၂၀၂၀)ရက်နေ့ ည (၂၃:၃၀)နာရီ မှ (၂၅-၆-၂၀၂၀) ရက်နေ့ နံနက် (၀၀:၃၀)နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လိုက်ပါသည်။

ဖြစ်စဉ်မှာ 66kV အလုံ-MRTV-3-ကျိုက္ကဆံ ဓာတ်အားလိုင်း၏ Under Ground Cable မှာ အလုံမြို့နယ်အတွင်း မီးရထားဂုံးကျော်တံ တား တည် ဆောက်ရာတွင် ဘက်ဟိုးဖြင့်တူးမိ၍ Cable Insulatiion များ ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါသည်။

Cableပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကမာရွတ်၊ ဗဟန်း၊ တာမွေ၊ ရန်ကင်း၊ တောင်ဥက္ကလာပမြို့နယ်များတွင် ယာယီဓာတ် အား ပြတ်တောက်နေမည် ဖြစ်ပါကြောင်း မီးသုံးသူပြည်သူများထံ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

REF:   The Ladies News

Add a Comment

Your email address will not be published. Required fields are marked *