ရခိုင္တြင္ အင္တာနက္ျဖတ္ေတာက္ရျခင္းမွာ စစ္ေရးဆိုင္ရာ ေပါက္ၾကားမႈႏွင့္၊လူမ်ိဳးေရးအမုန္းတရားျဖစ္ေစျခင္းေၾကာင့္ဟု ေျပာ

ရခိုင္ျပည္နယ္တြင္ အင္တာနက္ျဖတ္ေတာက္ျခင္းကို ၂၀၁၉ ဇြန္လက စတင္၍ ဘူးသီး ေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ပု႑ား ကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ တို႔တြင္ အင္တာနက္လိုင္း ျဖတ္ေတာက္ခဲ့ျခင္း ျဖစ္ သည္။စက္တင္ဘာလတြင္ ၿမိဳ႕နယ္အခ်ိဳ႕ကို အင္တာနက္လိုင္းျပန္ဖြင့္ေပးခဲ့ၿပီး ၂၀၂၀ ေဖေဖာ္ဝါ ရီလ တြင္ ျပန္လည္ျဖတ္ေတာက္ခဲ့သည္။

အင္တာနက္ျဖတ္ေတာက္ခံရသည့္ၿမိဳ႕နယ္မ်ားအား လက္ရွိမွာေတာ့ ဖြင့္ေပးရန္ အဆိုျပဳထားျခင္း မရွိေသးေၾကာင္းသိရသည္။ ရခိုင္ျပည္ နယ္ရွိ ၿမိဳ႕နယ္ အခ်ိဳ႕တြင္ အင္တာနက္လိုင္း ျဖတ္ေတာက္ထားမႈသည္ စစ္ေရးဆိုင္ရာ လွ်ိဳ႕ ဝွက္ခ်က္မ်ား ေပါက္ၾကားမႈမ်ားေၾကာင့္ ျဖစ္ ေၾကာင္း တပ္ မေတာ္သတင္းမွန္ျပန္ၾကေရး အဖြဲ႕အတြင္းေရးမႉး ျဖစ္သူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာၾကားလိုက္သည္။

အင္တာနက္ ျဖတ္ေတာက္ရျခင္းတြင္ စစ္ေရးဆိုင္ရာ လွ်ိဳ႕ ဝွက္ခ်က္မ်ား ၊လူမ်ိဳးေရးႏွင့္ပတ္သက္၍ အမုန္းတရားျဖစ္ေစသည့္ကိစၥမ်ား၊ လူမ်ိဳးေရးအစြန္း ေရာက္ ကိစၥမ်ား ျဖစ္ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာသည္။ ဒီထက္အေရးႀကီးတဲ့ဟာ လူမ်ိဳးေရးနဲ႔ပတ္သက္ ၿပီး အမုန္းတရားနဲ႔ပတ္သက္ၿပီးလႈံ႕ေဆာ္မႈေတြရွိလာပါတယ္။

ဒါေတြရွိလာတဲ့အခါ ဒီဟာေတြသည္အဲ့ဒီဖက္မွာျဖစ္ေနတဲ့စစ္ေရးပဋိပကၡေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဒါသည္ပိုၿပီး အမုန္းတရားေတြ၊ ပိုၿပီး ေတာ့ အစြန္းေရာက္မႈ ေတြပိုၿပီး မ်ားလာတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔အေနနဲ႔က ပိတ္ပင္ရျခင္း ျဖစ္ပါတယ္’ ဟု ဗိုလ္မႉးခ်ဳပ္ ေဇာ္ မင္း ထြန္းက ဆက္လက္ ေျပာသည္။

ဇြန္လ ၂၃ ရက္က ေနျပည္ေတာ္တြင္ က်င္းပျပဳလုပ္သည့္ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႕၏ သတင္းစာရွင္းလင္းပြဲ တြင္ သတင္း မီဒီယာမ်ား၏ ေမးျမန္းမႈ အေပၚ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ထိုသို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

REF: THE FIFTH WAVE NEWS

UNICODE

ရခိုင်တွင် အင်တာနက်ဖြတ်တောက်ရခြင်းမှာ စစ်ရေးဆိုင်ရာ ပေါက်ကြားမှုနှင့်၊လူမျိုးရေးအမုန်းတရားဖြစ်စေခြင်းကြောင့်ဟု ပြော

ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ခြင်းကို ၂၀၁၉ ဇွန်လက စတင်၍ ဘူးသီး တောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့တွင် အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ခြင်း ဖြစ် သည်။စက်တင်ဘာလတွင် မြို့နယ်အချို့ကို အင်တာနက်လိုင်းပြန်ဖွင့်ပေးခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါ ရီလ တွင် ပြန်လည်ဖြတ်တောက်ခဲ့သည်။

အင်တာနက်ဖြတ်တောက်ခံရသည့်မြို့နယ်များအား လက်ရှိမှာတော့ ဖွင့်ပေးရန် အဆိုပြုထားခြင်း မရှိသေးကြောင်းသိရသည်။ ရခိုင်ပြည် နယ်ရှိ မြို့နယ် အချို့တွင် အင်တာနက်လိုင်း ဖြတ်တောက်ထားမှုသည် စစ်ရေးဆိုင်ရာ လျှို့ ဝှက်ချက်များ ပေါက်ကြားမှုများကြောင့် ဖြစ် ကြောင်း တပ် မတော်သတင်းမှန်ပြန်ကြရေး အဖွဲ့အတွင်းရေးမှူး ဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောကြားလိုက်သည်။

အင်တာနက် ဖြတ်တောက်ရခြင်းတွင် စစ်ရေးဆိုင်ရာ လျှို့ ဝှက်ချက်များ ၊လူမျိုးရေးနှင့်ပတ်သက်၍ အမုန်းတရားဖြစ်စေသည့်ကိစ္စများ၊ လူမျိုးရေးအစွန်း ရောက် ကိစ္စများ ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။ ဒီထက်အရေးကြီးတဲ့ဟာ လူမျိုးရေးနဲ့ပတ်သက် ပြီး အမုန်းတရားနဲ့ပတ်သက်ပြီးလှုံ့ဆော်မှုတွေရှိလာပါတယ်။

ဒါတွေရှိလာတဲ့အခါ ဒီဟာတွေသည်အဲ့ဒီဖက်မှာဖြစ်နေတဲ့စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ဒါသည်ပိုပြီး အမုန်းတရားတွေ၊ ပိုပြီး တော့ အစွန်းရောက်မှု တွေပိုပြီး များလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့က ပိတ်ပင်ရခြင်း ဖြစ်ပါတယ်’ ဟု ဗိုလ်မှူးချုပ် ဇော် မင်း ထွန်းက ဆက်လက် ပြောသည်။

ဇွန်လ ၂၃ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ တွင် သတင်း မီဒီယာများ၏ မေးမြန်းမှု အပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *