UNICODE
ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများကို လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်သည့် ရဲမှူးချုပ်ကို စစ်ဆေးနေကြောင်း ဒု-ရဲချုပ်ပြောပြီ (ရုပ်/သံ)
ဒီကိစ္မက ဘယ်လိုဖြစ်ကြလဲဆိုရင် ဒုရဲအုပ် ကနေ ရဲအုပ်ဖြစ်ချင်ရင် သိန်း ၂၀၊ ရဲအုပ် ကနေ ဒုရဲမှူးသိန်း ၃၀၊ ဒုရဲမှူးကနေ ရဲမှူးကတော့ သိန်း ၅၀ ပေးရတယ်ပေါ့ တပ်ရင်းတို့ နယ်ခြားစောင့်တို့ကိုမရောက်စေ။ရဘူးပေါ့ မပေးလို့ကတော့ ဒုရဲအုပ်လောင်းအပတ်စဉ် ဘယ်လောက် ပဲ စီနီယာစောစော ရာထူးမပေးဘူး အခုအဂတိကော်မရှင်တိုင် တဲ့ ကောင်မလေးက ခြေတော်တင်ခံရပြီး ။
ရာထူး တိုးမပေးဘဲပြောင်းေရွ့လိုက်လို့ သူကတိုင်တာပေါ့” ဟုအမည်မဖော် လို့တဲ့ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကဆိုပါတယ်။ ယခု ရဲတရားရုံးက ရဲရာထူး ခန့်ချုပ်ရဲမှူးချုပ် – ကိုစစ်ဆေးနေပြီး ၎င်းခြေတော်တင် ခံခဲ့ရတဲ့ အမျိုးသမီး ( ၁၈) ဦးကလည်းလက်မှတ်ရေးထိုးပြီး ဒုတိယ ဗစ်တိုးရီးယား မဖြစ်စေရန်တောင်းဆို ထားကြကြောင်း သိရပါတယ် …။
တပ်ဖွဲ့ဝင် အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အတိုင်ခံထားရတဲ့ ရဲမှူးချုပ်ကို စစ် ဆေး နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ၁ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောပါတယ်။ဒုတိယ ဗစ်တိုးရီးယားမဖြစ်စေလို ကြောင်း အမျိုး သမီးရဲတပ်ဖွဲ့ဝင်များပြောကြား၊ ရဲမှူးချုပ် တစ်ဦး ခြေတော်တင်ခဲ့သည့်ရဲတပ်ဖွဲ့ဝင် ( ၁၈ ) ဦးထိရှိကြောင်း သိရပါတယ်။
ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်တစ်ဦး ကို ရဲတပ်ဖွဲ့ဝင်အမျိုးသမီးများအားရာထူးတိုးပေမည် ၎င်းနဲ့အတူနေရမည် သို့မဟုတ်ပါက ငွေပေးမှရာ ထူးပေးကြောင်းနှင့်ပတ်သက်ပြီးရဲတပ်ဖွဲ့ဝင်အမျိုးသမီးများက တိုင်တန်းထားတာကြောင့် ရဲတရားရုံးဖြင့် စစ်ဆေးနေပါတယ်။
ရိုက်ကူး/တည်းဖြတ်- သန်းထိုက်အောင်
Crd Mizzima News in Burmese