





Source: San Win Shein

REF: LET PAN

UNICODE

ရဲရာထူးခန့်ချုပ် ခြေတော်တင်ခဲ့သည့် ရဲမေ(၁၈) ဦးထိ ရှိပြီး ၎င်းတို့သည်ရာထူးတိုးရန်အတွက် ကျူးလွန်ခံရဟု ဆို

ရဲရာထူးခန့်ချုပ်ရဲမှူးချုပ် ဇော်မိုးသန်းရဲ့အမျိုးသမီးဟာငွေကြေးချမ်းသာပြီးကမ်းလွန် ရေနံလုပ်ကွက်တွေမှာ ရဟတ်ယာဉ်တွေ ငှါးရမ်း ထားသလို ဟိုတယ်နှင့်နေပြည်တော်မှာရှိတဲ့ စားသောက်ဆိုင်ကိုလည်းပိုင်ဆိုင်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ရထားရဲတပ်ဖွဲ့ ရဲမှူးချုပ်မိုး သန်းအောင်အပါအဝင် ရဲတပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကိုရာထူးက ထုပ်ပယ်ပြီးအရေးယူခဲ့ပါ သေးတယ်။

ယခုလိုအဂတိမူ လိင်ပြုဆက်ဆံခံရမူတွေနဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံတိုင်တန်းခံရသူအများဆုံးမှာ တပ်ဘက်က ပြောင်းရွေ့တာ ဝန်ထမ်းဆောင်သူတွေ အများဆုံးဖြစ်ပြီး ဌာန ၁၇ ခု အတွင်း ၃၃၈ ဦးထိ တာဝန်ထမ်းဆောင်နေကြောင်းသိရှိရသည်။ ရဲရာ ထူးခန့်ချုပ် ရဲ မှူးချုပ်ဇော်မိုးသန်းက ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများအားရာထူးတိုးပေမည် ၎င်းနဲ့ အတူနေရမည်။

သို့မဟုတ်ပါက ငွေပေးမှရာထူးပေးကြောင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်အမျိုးသမီးများက တိုင်တန်းထားတာကြောင့် ရဲတရားရုံးဖြင့် စစ် ဆေးနေပါတယ်။“ဒီကိစ္မက ဘယ်လိုဖြစ်ကြလဲဆိုရင်ဒုရဲအုပ်ကနေရဲအုပ်ဖြစ်ချင်ရင်ရဲမှူးကျော်ဇင်ကနေတစ်ဆင့်သိန်း၂၀၊ ရဲအုပ်ကနေ ဒုရဲ မှူးသိန်း၃၀၊ ဒုရဲမှူးကနေရဲမှူးကတော့သိန်း ၅၀ ပေးရတယ်ပေါ့ တပ်ရင်းတို့နယ်ခြားစောင့်တို့ကိုမရောက်စေရဘူးပေါ့။

မပေးလို့ကတော့ဒုရဲအုပ်လောင်းအပတ်စဉ် ဘယ်လောက်ပဲ စီနီယာစောစောရာထူးမပေးဘူး အခု အဂတိကော်မရှင်တိုင်တဲ့ ကောင်မလေး က ခြေတော်တင် ခံရပြီးရာထူးမပေးဘဲ ပြောင်းရွေ့လိုက်လို့သူက တိုင်တာပေါ့”ဟုအမည်မဖော်လို့တဲ့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦး ကဆို ပါတယ်။ ယခုရဲတရားရုံးက ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို စစ်ဆေးနေပြီလို့ သိရပါတယ်။

၎င်းခြေတော်တင်ခံခဲ့ရတဲ့အမျိုးသမီး၁၈ဦးကလည်းလက်မှတ်ရေးထိုးပြီး ဒုတိယဗစ်တိုးရီးယား မဖြစ်စေရန် တောင်းဆိုထားကြကြောင်း သိရပါတယ်။ဇော်မိုးသန်းဟာတပ်မတော်မှဖြစ်ပြီး စစ်တက္ထသိုလ်အမှတ်စဉ်(၂၇)ဆင်းဖြစ်ကာ ယခုအမူကို ကိုင်တွယ်နေတဲ့ ရဲချုပ်အောင် ဝင်းဦး ဟာလည်း စစ်တက္ထသိုလ်အမှတ်စဉ်(၂၆)ဖြစ်ပြီး ၎င်းတို့နှစ်ဦးဟာ ခင်မင်ရင်းနှီးကြတာ ကြောင့် စိုးရိမ်နေကြတာပါ။

Source: San Win Shein

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *