သူမေသဆုံးတဲ့အခါ အသုံးျပဳရန္ သူမရဲ႕ ခႏၶာကိုယ္ကို ေဆးတကၠသိုလ္(၁)သို႔ လႉဒါန္းလိုက္တဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝက ခ်စ္သူမ်ားေန႔တုန္းက ေသဆုံးသြားတဲ့အခါ အသုံးမဝင္ေတာ့တဲ့ သူမရဲ႕ ခႏၶာကိုယ္ကို အသုံးဝင္တဲ့ေနရာမွာ အသုံးခ်ေစဖို႔ အတြက္ ေဆးတကၠသိုလ္မွာသြားေရာက္လႉဒါန္းခဲ့ပါတယ္။ ဒါ့အျပင္ ခ်စ္သူမ်ားေန႔ျဖစ္တဲ့အတြက္ ကေလးအေယာက္ ၁၉၈ ေယာက္ကို လည္း ေခ်ာကလက္ေလးေတြ ေကြၽးၿပီးအလႉလုပ္ခဲ့ေသးတဲ့အေၾကာင္း သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚကေန မွ်ေဝလာပါတယ္။

၁၄,၂,၂၀၂၀ မွာ ပထမဦးစြာ က်မရဲ႕ ခႏၶာကိုယ္ ကို လႉဒါန္းျခင္းျဖစ္ပါတယ္..ခႏၶာကိုယ္သြားလႉတဲ့အခါ မိမိေသၿပီးတဲ့အခါ အသုံးမဝင္ေတာ့ တဲ့ ဒီခႏၶာကိုယ္ႀကီးကို အမ်ားအက်ိဳးအတြက္ ေဆးပညာအေထာက္အကူျဖစ္ဖို႔..။ကိုယ့္ႏိုင္ငံေဆးပညာတိုးတက္ဖို႔အတြက္ ပညာဒါနလဲ ေျမာက္ေအာင္ ႏွင့္ မိမိ မွာ ေငြေၾကးမွမဟုတ္ဘူး ကိုယ့္ရဲ႕ ေသြး.ခႏၶာ. မ်က္ၾကည္လႊာ. ။

လႉလို႔ရတာ အကုန္လႉၿပီး ကုသိုလ္ယူခ်င္လို႔ လႉျခင္းျဖစ္ပါတယ္.။ဒုတိယ အလႉကေတာ့ မ်က္မျမင္ကေလးမ်ား ၁၉၈ ေယာက္ကို VD ေခ်ာ့ကလက္ေလးေတြေပးရင္း. ေရဗူးေလးမ်ားေဝခဲ့ပါတယ္..။မ်က္မျမင္ကေလးမ်ားအတြက္ အသံဒါန ကုသိုလ္ယူခဲ့ပါတယ္..ဒါကေတာ့ မ်က္မျမင္ကေလးမ်ား စာမဖတ္ႏိုင္ မျမင္ရတဲ့အတြက္ စာဖတ္ျပရင္း ကုသိုလ္ယူခဲ့ပါတယ္.။

ဒီ ေန႔ေလးကို ထူးထူးျခားျခား ကုသိုလ္ေလးေတြနဲ႔ ျဖတ္သန္းဖို႔ ေဘးကတိုက္တြန္းေပးေနတဲ့ သူ႔ ကိုလဲေက်းဇူးတင္ပါတယ္”။သ ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝက ေသဆုံးသြားတဲ့အခါ ဘယ္ေနရာမွာမွ အသုံးမဝင္ေတာ့တဲ့ ခႏၶာကိုယ္ကို အသုံးခ်လို႔ရတဲ့ေနရာမွာ လႉဒါန္းခဲ့ပါတယ္။ ခ်စ္သူ မ်ားေန႔ေလးမွာ တကယ္ကိုမြန္ျမတ္လွတဲ့အလႉအတန္းေလးျပဳလုပ္ခဲ့တာပါ။

ဒါေတြကိုလည္း သူမရဲ႕ ခ်စ္ရသူက တိုက္တြန္းေပးခဲ့တာလို႔ ဆိုပါတယ္။ ခိုင္ႏွင္းေဝဟာ လူမႈကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္တိုက္လုပ္ လာခဲ့ၿပီး ခ်ိဳ႕တဲ့ေနတဲ့ မိသားစုဘဝေလးေတြကိုလည္း တစ္ဖက္တစ္လွမ္းကေန အေထာက္အပံ့ေတြေပးေနတာျဖစ္ပါတယ္။ ယခုဆိုရင္ ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာကို တည္ေထာင္ထားၿပီး ။

စြန႔္ပစ္ကေလးငယ္ မိဘမဲ့ကေလးငယ္ေတြကို မိဘအရင္းသဖြယ္ ရင္ႏွင့္အမွ် ေမတၱာေတြအျပည့္အဝေပးေနတာျဖစ္ပါတယ္။ အႏုပညာရွင္ ေတြနဲ႔ ပရိသတ္ေတြကလည္း သူမရဲ႕ ေဂဟာႀကီး ဆက္လက္တည္ၿမဲေနေစဖို႔ အတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ၾကပါတယ္။

REF: Cele Star

UNICODE

သူမသေဆုံးတဲ့အခါ အသုံးပြုရန် သူမရဲ့ ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ်(၁)သို့ လှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေက ချစ်သူများနေ့တုန်းက သေဆုံးသွားတဲ့အခါ အသုံးမဝင်တော့တဲ့ သူမရဲ့ ခန္ဓာကိုယ်ကို အသုံးဝင်တဲ့နေရာမှာ အသုံးချစေဖို့ အတွက် ဆေးတက္ကသိုလ်မှာသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ချစ်သူများနေ့ဖြစ်တဲ့အတွက် ကလေးအယောက် ၁၉၈ ယောက်ကို လည်း ချောကလက်လေးတွေ ကျွေးပြီးအလှူလုပ်ခဲ့သေးတဲ့အကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ မျှဝေလာပါတယ်။

၁၄,၂,၂၀၂၀ မှာ ပထမဦးစွာ ကျမရဲ့ ခန္ဓာကိုယ် ကို လှူဒါန်းခြင်းဖြစ်ပါတယ်..ခန္ဓာကိုယ်သွားလှူတဲ့အခါ မိမိသေပြီးတဲ့အခါ အသုံးမဝင်တော့ တဲ့ ဒီခန္ဓာကိုယ်ကြီးကို အများအကျိုးအတွက် ဆေးပညာအထောက်အကူဖြစ်ဖို့..။ကိုယ့်နိုင်ငံဆေးပညာတိုးတက်ဖို့အတွက် ပညာဒါနလဲ မြောက်အောင် နှင့် မိမိ မှာ ငွေကြေးမှမဟုတ်ဘူး ကိုယ့်ရဲ့ သွေး.ခန္ဓာ. မျက်ကြည်လွှာ. ။

လှူလို့ရတာ အကုန်လှူပြီး ကုသိုလ်ယူချင်လို့ လှူခြင်းဖြစ်ပါတယ်.။ဒုတိယ အလှူကတော့ မျက်မမြင်ကလေးများ ၁၉၈ ယောက်ကို VD ချော့ကလက်လေးတွေပေးရင်း. ရေဗူးလေးများဝေခဲ့ပါတယ်..။မျက်မမြင်ကလေးများအတွက် အသံဒါန ကုသိုလ်ယူခဲ့ပါတယ်..ဒါကတော့ မျက်မမြင်ကလေးများ စာမဖတ်နိုင် မမြင်ရတဲ့အတွက် စာဖတ်ပြရင်း ကုသိုလ်ယူခဲ့ပါတယ်.။

ဒီ နေ့လေးကို ထူးထူးခြားခြား ကုသိုလ်လေးတွေနဲ့ ဖြတ်သန်းဖို့ ဘေးကတိုက်တွန်းပေးနေတဲ့ သူ့ ကိုလဲကျေးဇူးတင်ပါတယ်”။သ ရုပ်ဆောင် ခိုင်နှင်းဝေက သေဆုံးသွားတဲ့အခါ ဘယ်နေရာမှာမှ အသုံးမဝင်တော့တဲ့ ခန္ဓာကိုယ်ကို အသုံးချလို့ရတဲ့နေရာမှာ လှူဒါန်းခဲ့ပါတယ်။ ချစ်သူ များနေ့လေးမှာ တကယ်ကိုမွန်မြတ်လှတဲ့အလှူအတန်းလေးပြုလုပ်ခဲ့တာပါ။

ဒါတွေကိုလည်း သူမရဲ့ ချစ်ရသူက တိုက်တွန်းပေးခဲ့တာလို့ ဆိုပါတယ်။ ခိုင်နှင်းဝေဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ် လာခဲ့ပြီး ချို့တဲ့နေတဲ့ မိသားစုဘဝလေးတွေကိုလည်း တစ်ဖက်တစ်လှမ်းကနေ အထောက်အပံ့တွေပေးနေတာဖြစ်ပါတယ်။ ယခုဆိုရင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး ။

စွန့်ပစ်ကလေးငယ် မိဘမဲ့ကလေးငယ်တွေကို မိဘအရင်းသဖွယ် ရင်နှင့်အမျှ မေတ္တာတွေအပြည့်အဝပေးနေတာဖြစ်ပါတယ်။ အနုပညာရှင် တွေနဲ့ ပရိသတ်တွေကလည်း သူမရဲ့ ဂေဟာကြီး ဆက်လက်တည်မြဲနေစေဖို့ အတွက် လှူဒါန်းမှုတွေ ပြုလုပ်ကြပါတယ်။

REF:   Cele Star

Add a Comment

Your email address will not be published. Required fields are marked *