အဂၤလိပ္-ျမန္မာတိုက္ပြဲျဖစ္ပြားစဥ္ နစ္ျမဳပ္ခဲ့ေသာ သေျပတန္း ခံတပ္က အေျမာက္ႀကီး (၃) လက္ နဲ႔ ပတ္သက္ၿပီး ဦးေဇသီဟ ဒဲ့ရွင္းၿပီ…

သမိုင္းဝင္ အေျမာက္ႀကီးမ်ားကို ေရတိုက္စားမႈမွ မေပ်ာက္ပ်က္ရန္ ေဇကမာၻ ေရွးေဟာင္းျပတိုက္ႀကီးတြင္ ဂုဏ္ယူစြာ အၿမဲထိမ္းသိမ္းထား ပါမည္။ ဒီေလာက္ဆိုသံသယကင္းသြားၿပီလို႔ ယုံၾကည္ပါတယ္။ မင္းလွ သေျပတန္းနားက ျမစ္အတြင္း သေဘၤာျမဳတ္ေဖၚေနသူမ်ားအား ကိုယ္တိုင္သြားေရာက္ စုံစမ္းႏိုင္ပါတယ္။အဲ့ဒီမွာ အေျမာက္ေတြ အမ်ားႀကီး ျမစ္ထဲမွာ ရွိေနပါ ေသးတယ္။ ပုံတပုံကေတာ့ ကြၽန္ေတာ္တို႔ ျမစ္အတြင္းက သယ္ယူစဥ္မွာ အေျမာက္အတြင္းအေျမာက္ဆံတလုံး ညႇပ္ေနသျဖင့္ ဒီအတိုင္းထားခဲ့ရတာကို ၾကည့္ရင္ ။

ဘယ္ေလာက္ခက္ ခဲလဲဆိုတာသိမွာပါ။သေျပတန္း ခံတပ္က အေျမာက္ႀကီး (၃) လက္ နဲ႔ ပတ္သက္ၿပီး ဦးေဇသီဟ ဒဲ့ရွင္းၿပီ…။ ဘယ္က ရလဲ။ ဘာေၾကာင့္ အစိုးရဆီ မေရာက္လဲ၊ ဘာေၾကာင့္ ထိမ္းသိမ္း ထားသလဲ။ ဘယ္လို ပိုင္ဆိုင္တာလဲ။အဂၤလိပ္ေရတပ္ နဲ႔ မင္းလွ သေျပ တန္း ခံတပ္အၾကား ျဖစ္ေပၚခဲ့တဲ့ တိုက္ပြဲမွ လက္နက္ႂကြင္းက်န္ တစ္ခုျဖစ္ပါတယ္။ တိုက္ပြဲေၾကာင့္ ျမစ္အတြင္းနစ္ျမဳတ္သြားတဲ့ သေဘၤာ ပ်က္ေတြကို အစိုးရက ျပန္လည္ တူးေဖာ္ခြင့္ လိုင္စင္ခ်ေပးတာ ဟိုး လြန္ခဲ့တဲ့ ႏွစ္ေပါင္း မ်ားစြာထဲကပါ။

သေဘၤာ သံကိုယ္ထည္၊ ေက်ာက္ဆူး၊ ဘြိဳင္လာ စတာေတြအျပင္ ေရွးေဟာင္းပစၥည္း ႏွင့္ စစ္လက္နက္အပ်က္မ်ားကို ရယူေရာင္းခ်ႏိုင္ရန္ အက်ိဳးအျမတ္အတြက္ တရားဝင္ ေဖၚထုတ္ခြင့္လိုင္စင္ေလွ်ာက္ၾကပါတယ္။ အဲ့ဒီ လိုင္စင္ရ သေဘၤာ ျမဳတ္ေဖၚယူသူထံမွ ဝယ္ယူခဲ့ပါတယ္။ ကြၽန္ေတာ္က သေဘၤာျမဳတ္ေဖၚထုတ္တဲ့ လုပ္ငန္း ရဲ႕ သေဘာသဘာဝကို လူေတြသိေအာင္ ေျပာျပခ်င္ပါတယ္။သေဘၤာ ျမဳတ္ေဖၚထုတ္သူ မ်ားက ေ႐ႊႏွင့္ ရတနာ ေရွးေဟာင္းပစၥည္းမ်ားကို ဦးစားေပး ရွာေဖြၾကပါတယ္။

အဲ့ဒီေနာက္ အေျမာက္ကဲ့သို႔ စစ္လက္နက္မ်ား အရမ္းေလးသည့္ က်ည္ဆန္မ်ားကို ေတြ႕ရင္ေတာ့ မယူၾကပဲ ျမစ္အတြင္းမွာပဲ ပစ္ခ်ထား ေလ့ရွိပါတယ္။ အေၾကာင္းရင္းကေတာ့ ဒီပစၥည္းေတြကို တျခားေရွးေဟာင္းပစၥည္းကဲ့သို႔ တဖက္ႏိုင္ငံသို႔ သယ္သြားဖို႔ မျဖစ္ႏိုင္တာက တ ေၾကာင္း၊ ကုန္းေပၚေရာက္ေအာင္ သယ္ယူဖို႔ေလာက္ထိ အခ်ိန္( ေရတက္ေရက်ေပၚမွာအလုပ္လုပ္ရ) မေပးႏိုင္တာက တေၾကာင္း ေပါက္ ကြဲမႈ ျဖစ္ပါက လုပ္ငန္းဆုံးရႈံးမွာ လူအေသအေပ်ာက္ျဖစ္မွာေၾကာက္တာက တေၾကာင္းေၾကာင့္ ။

ျမစ္အတြင္းသို႔သာ ပစ္ခ်ထားခဲ့ေလ့ရွိပါတယ္။ တခါတေလ သေဘၤာ ဆိုဒ္ကေသးၿပီး ေရွးေဟာင္း ပစၥည္း မပါလာပဲ ဒီလိုအေျမာက္ေတြ႕ ရင္ေတာ့ ကုန္းေပၚသို႔ အေလးခံသယ္ကာ အရည္ က်ိဳလိုက္ၾကပါတယ္။ ျမစ္အတြင္းမွာရွိတဲ့ အေျမာက္မ်ားကို ႏိုင္ငံေတာ္ အပ္မယ္ဆိုရင္ ေရွးေဟာင္း ဌာန နဲ႔ စစ္တပ္ မွ လာေရာက္စစ္ေဆး ၿပီးသည္အထိ လုပ္ငန္းကို ရပ္ထားၿပီး သယ္ထုတ္ေပးၿပီးမွ လုပ္ငန္းျပန္စရတာ ျဖစ္လို႔ အေျမာက္ေတြ႕ရင္ ဘယ္သူမွ မအပ္ၾကပါ။ အဲ့ဒီလို ျမစ္အတြင္း ေရတိုက္စားၿပီး ပ်က္ဆီးသြားမဲ့ေဘးကေန။

ေဇကမာၻက သေဘၤာျမဳတ္ေဖၚသူမ်ားကို အက်ိဳးအျမတ္ေပးၿပီး သယ္ယူခဲ့ရပါ တယ္။ေဇကမာၻ ေရွးေဟာင္းျပတိုက္ မွာရွိတဲ့ ေရွးေဟာင္း ပစၥည္းအားလုံးဟာ ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီဌာန ၏ စစ္ေဆးမႈအရ ေရွးေဟာင္းျဖစ္ေၾကာင္း ေထာက္ခံစာႏွင့္အ တူ ေဇကမာၻ ေရွးေဟာင္း ျပတိုက္တြင္ ထိမ္းသိမ္းေစာင့္ေရွာက္ခြင့္ လက္မွတ္ကို ပစၥည္းတစ္ခုခ်င္းတိုင္းအတြက္ ထုတ္ေပးပါတယ္။

ေဇကမာၻမွ ထိုေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသား ျပတိုက္ ဦးစီဌာန ၏ သတ္မွတ္ထားေသာ ေနရာမွာသာ ထားရပါတယ္။ တျခားျပည္ တြင္းျပည္ပ မည္သည့္ေနရာမွ ေျပာင္းေ႐ႊ႕ခြင့္ မရသလို လႊဲေျပာင္းေရာင္းခ်ခြင့္လဲမရပါ။ႏိုင္ငံေတာ္မွ အခ်ိန္မေ႐ြးလာေရာက္စစ္ေဆးၿပီး ေပ်ာက္ဆုံးေလ်ာ့နည္းေနပါက အေရးယူျခင္းကို ခံရပါမယ္။

(Zay Thiha)

UNICODE

အင်္ဂလိပ်-မြန်မာတိုက်ပွဲဖြစ်ပွားစဉ် နစ်မြုပ်ခဲ့သော သပြေတန်း ခံတပ်က အမြောက်ကြီး (၃) လက် နဲ့ ပတ်သက်ပြီး ဦးဇေသီဟ ဒဲ့ရှင်းပြီ…

သမိုင်းဝင် အမြောက်ကြီးများကို ရေတိုက်စားမှုမှ မပျောက်ပျက်ရန် ဇေကမ္ဘာ ရှေးဟောင်းပြတိုက်ကြီးတွင် ဂုဏ်ယူစွာ အမြဲထိမ်းသိမ်းထား ပါမည်။ ဒီလောက်ဆိုသံသယကင်းသွားပြီလို့ ယုံကြည်ပါတယ်။ မင်းလှ သပြေတန်းနားက မြစ်အတွင်း သင်္ဘောမြုတ်ဖေါ်နေသူများအား ကိုယ်တိုင်သွားရောက် စုံစမ်းနိုင်ပါတယ်။အဲ့ဒီမှာ အမြောက်တွေ အများကြီး မြစ်ထဲမှာ ရှိနေပါ သေးတယ်။ ပုံတပုံကတော့ ကျွန်တော်တို့ မြစ်အတွင်းက သယ်ယူစဉ်မှာ အမြောက်အတွင်းအမြောက်ဆံတလုံး ညှပ်နေသဖြင့် ဒီအတိုင်းထားခဲ့ရတာကို ကြည့်ရင် ။

ဘယ်လောက်ခက် ခဲလဲဆိုတာသိမှာပါ။သပြေတန်း ခံတပ်က အမြောက်ကြီး (၃) လက် နဲ့ ပတ်သက်ပြီး ဦးဇေသီဟ ဒဲ့ရှင်းပြီ…။ ဘယ်က ရလဲ။ ဘာကြောင့် အစိုးရဆီ မရောက်လဲ၊ ဘာကြောင့် ထိမ်းသိမ်း ထားသလဲ။ ဘယ်လို ပိုင်ဆိုင်တာလဲ။အင်္ဂလိပ်ရေတပ် နဲ့ မင်းလှ သပြေ တန်း ခံတပ်အကြား ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲမှ လက်နက်ကြွင်းကျန် တစ်ခုဖြစ်ပါတယ်။ တိုက်ပွဲကြောင့် မြစ်အတွင်းနစ်မြုတ်သွားတဲ့ သင်္ဘော ပျက်တွေကို အစိုးရက ပြန်လည် တူးဖော်ခွင့် လိုင်စင်ချပေးတာ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာထဲကပါ။

သင်္ဘော သံကိုယ်ထည်၊ ကျောက်ဆူး၊ ဘွိုင်လာ စတာတွေအပြင် ရှေးဟောင်းပစ္စည်း နှင့် စစ်လက်နက်အပျက်များကို ရယူရောင်းချနိုင်ရန် အကျိုးအမြတ်အတွက် တရားဝင် ဖေါ်ထုတ်ခွင့်လိုင်စင်လျှောက်ကြပါတယ်။ အဲ့ဒီ လိုင်စင်ရ သင်္ဘော မြုတ်ဖေါ်ယူသူထံမှ ဝယ်ယူခဲ့ပါတယ်။ ကျွန်တော်က သင်္ဘောမြုတ်ဖေါ်ထုတ်တဲ့ လုပ်ငန်း ရဲ့ သဘောသဘာဝကို လူတွေသိအောင် ပြောပြချင်ပါတယ်။သင်္ဘော မြုတ်ဖေါ်ထုတ်သူ များက ရွှေနှင့် ရတနာ ရှေးဟောင်းပစ္စည်းများကို ဦးစားပေး ရှာဖွေကြပါတယ်။

အဲ့ဒီနောက် အမြောက်ကဲ့သို့ စစ်လက်နက်များ အရမ်းလေးသည့် ကျည်ဆန်များကို တွေ့ရင်တော့ မယူကြပဲ မြစ်အတွင်းမှာပဲ ပစ်ချထား လေ့ရှိပါတယ်။ အကြောင်းရင်းကတော့ ဒီပစ္စည်းတွေကို တခြားရှေးဟောင်းပစ္စည်းကဲ့သို့ တဖက်နိုင်ငံသို့ သယ်သွားဖို့ မဖြစ်နိုင်တာက တ ကြောင်း၊ ကုန်းပေါ်ရောက်အောင် သယ်ယူဖို့လောက်ထိ အချိန်( ရေတက်ရေကျပေါ်မှာအလုပ်လုပ်ရ) မပေးနိုင်တာက တကြောင်း ပေါက် ကွဲမှု ဖြစ်ပါက လုပ်ငန်းဆုံးရှုံးမှာ လူအသေအပျောက်ဖြစ်မှာကြောက်တာက တကြောင်းကြောင့် ။

မြစ်အတွင်းသို့သာ ပစ်ချထားခဲ့လေ့ရှိပါတယ်။ တခါတလေ သင်္ဘော ဆိုဒ်ကသေးပြီး ရှေးဟောင်း ပစ္စည်း မပါလာပဲ ဒီလိုအမြောက်တွေ့ ရင်တော့ ကုန်းပေါ်သို့ အလေးခံသယ်ကာ အရည် ကျိုလိုက်ကြပါတယ်။ မြစ်အတွင်းမှာရှိတဲ့ အမြောက်များကို နိုင်ငံတော် အပ်မယ်ဆိုရင် ရှေးဟောင်း ဌာန နဲ့ စစ်တပ် မှ လာရောက်စစ်ဆေး ပြီးသည်အထိ လုပ်ငန်းကို ရပ်ထားပြီး သယ်ထုတ်ပေးပြီးမှ လုပ်ငန်းပြန်စရတာ ဖြစ်လို့ အမြောက်တွေ့ရင် ဘယ်သူမှ မအပ်ကြပါ။ အဲ့ဒီလို မြစ်အတွင်း ရေတိုက်စားပြီး ပျက်ဆီးသွားမဲ့ဘေးကနေ။

ဇေကမ္ဘာက သင်္ဘောမြုတ်ဖေါ်သူများကို အကျိုးအမြတ်ပေးပြီး သယ်ယူခဲ့ရပါ တယ်။ဇေကမ္ဘာ ရှေးဟောင်းပြတိုက် မှာရှိတဲ့ ရှေးဟောင်း ပစ္စည်းအားလုံးဟာ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီဌာန ၏ စစ်ဆေးမှုအရ ရှေးဟောင်းဖြစ်ကြောင်း ထောက်ခံစာနှင့်အ တူ ဇေကမ္ဘာ ရှေးဟောင်း ပြတိုက်တွင် ထိမ်းသိမ်းစောင့်ရှောက်ခွင့် လက်မှတ်ကို ပစ္စည်းတစ်ခုချင်းတိုင်းအတွက် ထုတ်ပေးပါတယ်။

ဇေကမ္ဘာမှ ထိုရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီဌာန ၏ သတ်မှတ်ထားသော နေရာမှာသာ ထားရပါတယ်။ တခြားပြည် တွင်းပြည်ပ မည်သည့်နေရာမှ ပြောင်းရွှေ့ခွင့် မရသလို လွှဲပြောင်းရောင်းချခွင့်လဲမရပါ။နိုင်ငံတော်မှ အချိန်မရွေးလာရောက်စစ်ဆေးပြီး ပျောက်ဆုံးလျော့နည်းနေပါက အရေးယူခြင်းကို ခံရပါမယ်။

(Zay Thiha)

Add a Comment

Your email address will not be published. Required fields are marked *