အေမရိကန္ GPSစနစ္ကို ယွဥ္ၿပိဳင္မည့္ ၿဂိဳဟ္တု တ႐ုတ္လႊတ္တင္မႈ ျပဳလုပ္

၂၀၁၅ ခုႏွစ္ တြင္ တ႐ုတ္သည္ တတိယမ်ိဳးဆက္ ေပတိုး-၃ ၿဂိဳဟ္တုမ်ားကို စတင္လႊတ္တင္ ခဲ့ၿပီး တစ္ကမာၻလုံးအသုံးျပဳႏိုင္ရန္ ရည္႐ြယ္ခဲ့ သည္။ေပတိုး- ၁ ၿဂိဳဟ္တုမ်ားကို ၂၀ဝ၀ ျပည့္ႏွစ္ တြင္ လႊတ္တင္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံတြင္းသာ အသုံးဝင္ ခဲ့သည္။ ဒုတိယမ်ိဳးဆက္ ေပတိုး-၂ ၿဂိဳဟ္တုမ်ားသည္ ၂၀၁၂ ခုႏွစ္တြင္ စတင္လည္ပတ္ခဲ့ၿပီး အာရွ-ပစိဖိတ္ေဒသ အတြက္ အသုံးဝင္ခဲ့သည္။

အေမရိကန္ ပိုင္ဆိုင္ေသာ ဂ်ီပီအက္စ္စနစ္ကို တန္ျပန္ရန္ အတြက္ တ႐ုတ္က ႀကိဳးပမ္းသည့္ ေဒၚလာ ၁၀ ဘီလ်ံတန္ဖိုးရွိ စီမံကိန္းလည္း ျဖစ္သည္။ တ႐ုတ္စစ္တပ္သ ည္ အေမရိကန္ေလတပ္က ႀကီးၾကပ္သည့္ ဂ်ီပီအက္ စ္စနစ္အေပၚ မွီခိုမႈေလွ်ာ့ခ်ေရးအတြက္ ၁၉၉၀ ျပည့္ႏွစ္ ေက်ာ္ကာလမ်ားကတည္းက ေပတိုးစနစ္ကို ေဖာ္ေဆာင္ရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုပိုင္ ကမာၻလုံးဆိုင္ရာေနရာျပစနစ္( ဂ်ီပီအက္စ္) ကို ယွဥ္ၿပိဳင္မည့္ ေပတိုးေနရာျပကြန္ရက္စနစ္အတြက္ ေနာက္ ဆုံးၿဂိဳဟ္တု ကို တ႐ုတ္သည္ ဇြန္ ၂၃ ရက္တြင္ ကမာၻပတ္လမ္း သို႔ လႊတ္တင္လိုက္ၿပီ ျဖစ္သည္။ ေနာက္ဆုံး ၿဂိဳဟ္တုကို ဇြန္ ၁၆ ရက္တြင္ လႊတ္တင္ရန္ ကနဦး စီစဥ္ခဲ့ေသာ္လည္း နည္းပညာဆိုင္ရာျပႆနာမ်ားေၾကာင့္ အခ်ိန္ကပ္မွ ေ႐ႊ႕ဆို္ုင္းခဲ့သည္။

ေပတိုး-၃ ၿဂိဳဟ္တုသည္ တ႐ုတ္ေနရာျပ ကြန္ရက္စနစ္ အတြက္ ၃၅ ခုေျမာက္ျဖစ္သလို ေနာက္ဆုံး ၿဂိဳဟ္တုလည္းျဖစ္သည္။

REF: ျမန္မာတိုင္းစ္

UNICODE

အမေရိကန် GPSစနစ်ကို ယှဉ်ပြိုင်မည့် ဂြိုဟ်တု တရုတ်လွှတ်တင်မှု ပြုလုပ်

၂၀၁၅ ခုနှစ် တွင် တရုတ်သည် တတိယမျိုးဆက် ပေတိုး-၃ ဂြိုဟ်တုများကို စတင်လွှတ်တင် ခဲ့ပြီး တစ်ကမ္ဘာလုံးအသုံးပြုနိုင်ရန် ရည်ရွယ်ခဲ့ သည်။ပေတိုး- ၁ ဂြိုဟ်တုများကို ၂၀ဝ၀ ပြည့်နှစ် တွင် လွှတ်တင်ခဲ့ပြီး တရုတ်နိုင်ငံတွင်းသာ အသုံးဝင် ခဲ့သည်။ ဒုတိယမျိုးဆက် ပေတိုး-၂ ဂြိုဟ်တုများသည် ၂၀၁၂ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသ အတွက် အသုံးဝင်ခဲ့သည်။

အမေရိကန် ပိုင်ဆိုင်သော ဂျီပီအက်စ်စနစ်ကို တန်ပြန်ရန် အတွက် တရုတ်က ကြိုးပမ်းသည့် ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ စီမံကိန်းလည်း ဖြစ်သည်။ တရုတ်စစ်တပ်သ ည် အမေရိကန်လေတပ်က ကြီးကြပ်သည့် ဂျီပီအက် စ်စနစ်အပေါ် မှီခိုမှုလျှော့ချရေးအတွက် ၁၉၉၀ ပြည့်နှစ် ကျော်ကာလများကတည်းက ပေတိုးစနစ်ကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုပိုင် ကမ္ဘာလုံးဆိုင်ရာနေရာပြစနစ်( ဂျီပီအက်စ်) ကို ယှဉ်ပြိုင်မည့် ပေတိုးနေရာပြကွန်ရက်စနစ်အတွက် နောက် ဆုံးဂြိုဟ်တု ကို တရုတ်သည် ဇွန် ၂၃ ရက်တွင် ကမ္ဘာပတ်လမ်း သို့ လွှတ်တင်လိုက်ပြီ ဖြစ်သည်။ နောက်ဆုံး ဂြိုဟ်တုကို ဇွန် ၁၆ ရက်တွင် လွှတ်တင်ရန် ကနဦး စီစဉ်ခဲ့သော်လည်း နည်းပညာဆိုင်ရာပြဿနာများကြောင့် အချိန်ကပ်မှ ရွှေ့ဆို်ုင်းခဲ့သည်။

ပေတိုး-၃ ဂြိုဟ်တုသည် တရုတ်နေရာပြ ကွန်ရက်စနစ် အတွက် ၃၅ ခုမြောက်ဖြစ်သလို နောက်ဆုံး ဂြိုဟ်တုလည်းဖြစ်သည်။

REF:   မြန်မာတိုင်းစ်

Add a Comment

Your email address will not be published. Required fields are marked *