ေက်ာက္ျဖဴၿမိဳ႕နယ္က ေစတီတစ္ဆူ ေရာင္ၾကည္ေတာ္ ကြန႔္ျမဴးေနတဲ့ ဗီဒီယိုဖိုင္

လကၡဏာေရာင္ျခည္ေတာ္ကား ဖြားေတာ္မူစဥ္ ေ႐ႊအဆင္း ႏွင့္တူေသာ ကိုယ္ေတာ္ ျဖစ္၍ ထက္ဝန္းက်င္ တစ္လံမွ်ေလာက္ ေတာက္ပ လ်က္တည္ေသာ ေရာင္ျခည္ေတာ္တည္း။အသီတိနိစၥလ႒ိတိ ေရာင္ျခည္ေတာ္ကား တန္ခိုးေတာ္ျဖင့္ မဖန္ဆင္းမူ၍ ပကတိ ေန႔ညဥ့္မျပတ္ အေတာင္ ၈ဝ မွ်ေသာ အရပ္၌ တည္ေသာ ေရာင္ျခည္ ေတာ္တည္း။အနႏၲ ဒိသာဖရဏ ေရာင္ျခည္ေတာ္မွာ အလိုေတာ္ရွိက အဆုံးမရွိေသာ အရပ္သို႔ပင္ ႏွံ႔၍ အထက္ဆိုခဲ့သည့္နည္း အတိုင္း ေအာက္ အဇဋာကာသ၊ အထက္ အဇဋာကာသ၊ အနႏၲ စၾကဝဠာ ဖီလာထုတ္ခ်င္း အ ႂကြင္းမရွိ ထြန္းလင္းႏိုင္ေသာ ေရာင္ျခည္ေတာ္တည္း။

ျမတ္စြာဘုရားသခင္သည္ ဘုရားျဖစ္ေတာ္မူၿပီး ေနာက္ ရတနာဃရသို႔ ေရာက္ ေတာ္မူၿပီး၍ အဘိဓမၼာ ခုနစ္က်မ္းတြင္ အနႏၲနယျဖစ္ေသာ သမႏၲပ႒ာန္းက်မ္းကို သုံးသပ္ေတာ္မူသည့္ အခါ နီလ၊ ပီတ၊ ေလာဟိတ၊ ဩဒါတ၊ ပ ၪၨိ႒၊ ပဘႆရဟု ဆိုအပ္ေသာ အညိဳ၊ အေ႐ႊ၊ အနီ၊ အ ျဖဴ၊ အေမာင္း၊ ၿပိဳးၿပိဳး ျပက္ တခဲနက္ေသာ ေရာင္ျခည္ေတာ္ ေျခာက္သြယ္တို႔သည္ ထြက္ကုန္၏။ ညိဳေသာေရာင္ျခည္ေတာ္တို႔သည္ ဆံ ေတာ္ ေမြးည|င္းေတာ္ မုတ္ဆိတ္ ေတာ္ မ်က္ေတာင္ေတာ္ ဟုဆိုအပ္ေသာ ညိဳမႈိင္းရာ စိမ္းျပာေမွာင္သင့္ေသာ အရပ္တို႔မွ ထြက္ကုန္၏။ ေ႐ႊ ေသာ ေရာင္ျခည္ေတာ္တို႔သည္ကား နဖူးေတာ္ဖ်ားမွ သည္ ဖဝါးေတာ္ အဆုံးေတာ္ တိုင္ေအာင္။

အလုံးစုံ ဟုဆိုအပ္ ေသာ ကိုယ္ေတာ္၏အေရေတာ္၊ မ်က္လုံးမ်က္လႊာ မ်က္ႏွာ ေတာ္မွစ၍ ေ႐ႊသင့္ဝါသင့္ ေတာက္ထြန္းေသာ အရပ္တို႔မွ ထြက္ကုန္၏။ နီေသာ ေရာင္ျခည္ေတာ္တို႔သည္ကား အေသြးအသား လက္ဖဝါး ေျခဖဝါး၊ ေျခသည္း လက္သည္းေတာ္၊ မ်က္စိမ်က္ လႊာ လွ်ာေတာ္၊ ခံတြင္းႏႈတ္ဖ်ား သြားဖုံး အာစပ္ နီအပ္သမွ်ေသာ အရပ္တို႔မွ ထြက္ကုန္၏။ ျဖဴေသာ ေရာင္ျခည္ေတာ္တို႔သည္ကား အ႐ိုး ေတာ္ သြား ေတာ္ စြယ္ေတာ္ မ်က္လုံးေတာ္စြန္း တို႔မွစ၍ ျဖဴသင့္ေသာအရပ္ တို႔မွ ထြက္ကုန္၏။ေမာင္းေသာ ၿပိဳးၿပိဳးျပက္ေသာ ေရာင္ျခည္ ေတာ္ တို႔သည္ ကား တစ္ရာ့ရွစ္ကြက္ စက္ျမတ္ ရတနာတည္ရာ ဖဝါးေတာ္ အျပင္မွစ၍ ဆံဖ်ားတိုင္ေအာင္ ကိုယ္ေတာ္အလုံးမွ ထြက္ကုန္၏။

ဤသို႔ ထြက္ေပၚေသာ ေရာင္ျခည္ေတာ္ ေျခာက္သြယ္တို႔ သည္ ႏွစ္သိန္းေလးေသာင္း အထုရွိေသာ ပထဝီေျမႀကီးႏွင့္တကြ ေျမကို ခံေသာ ယူဇနာေလးသိန္းရွစ္ေသာင္းအထုရွိေသာ ေရကို ၎၊ ထိုေရကိုခံေသာ ယူဇနာကိုးသိန္းေျခာက္ေသာင္း အထုရွိ ေသာ ေလကို၎ ေဖာက္ ထြင္း၍ ေအာက္အဇဋာကာသ ေကာင္းကင္ျပင္သို႔ ေျပး၏။အထက္သို႔လည္း နတ္ျပည္ေျခာက္ ထပ္၊ ျဗဟၼာ ၂ဝ ကို လြန္၍ အဇဋာကာသ ေကာင္းကင္ တိုင္ ေျပးေလ၏။ေရွ႕ေနာက္ လက္ဝဲ လက္ယာ ဖီလာအားျဖင့္ အဆုံးမရွိေသာ အနႏၲေလာကဓာတ္စၾကဝဠာ အရပ္သို႔လည္း ေျပးေလကုန္၏။ေနေရာင္လေရာင္ နတ္ျဗဟၼာတို႔၏ကိုယ္ေရာင္ စေသာ အေရာင္တကာတို႔ကို ဖုံးလႊမ္း ေပ်ာက္ေပ၏။

လကၡဏာေရာင္ျခည္ေတာ္၊ အသီတိနိစၥလ႒ိတိ ေရာင္ျခည္ ေတာ္၊ အနႏၲ ဒိသာဖရဏေရာ္ျခည္ေတာ္ဟူ၍ သုံးပါးျပားသည္ တြင္ ထိုဆိုအပ္ ခဲ့ၿပီးေသာ ေရာင္ျခည္ေတာ္တို႔သည္ အနႏၲ ဒိသာဖရဏ ေရာင္ျခည္ေတာ္ မည္ကုန္၏။ေစတီေတာ္ ေရာင္ၾကည္ေတာ္ ကြန႔္ျမဴးေနတဲ့ ဗီဒီယို ဖိုင္ ပါ။ အမ်ား ဖူးေျမာ္ႏိုင္ေအာင္ မွ်ေဝေပး လိုက္ပါတယ္ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်ာက္ေျပာက္ အုပ္စု ဝေမွ်ာင္ဘုန္းေတာ္ႀကီး ေက်ာင္းအ တြင္း တည္ထားေသာ ေစတီေတာ္၌ ေရာင္ျခည္ေတာ္ ( ဓာတ္ေတာ္ )ကြန႔္ျမဴးေနပုံ ျဖစ္ပါတယ္။

Credit: LET PAN

UNICODE

ကျောက်ဖြူမြို့နယ် က စေတီတစ်ဆူ ရောင်ကြည် တော် ကွန့်မြူးနေတဲ့ ဗီဒီယိုဖိုင်

လက္ခဏာရောင်ခြည်တော်ကား ဖွားတော်မူစဉ် ရွှေအဆင်း နှင့်တူသော ကိုယ်တော် ဖြစ်၍ ထက်ဝန်းကျင် တစ်လံမျှလောက် တောက်ပ လျက်တည်သော ရောင်ခြည်တော်တည်း။အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည်တော်ကား တန်ခိုးတော်ဖြင့် မဖန်ဆင်းမူ၍ ပကတိ နေ့ညဥ့်မပြတ် အတောင် ၈ဝ မျှသော အရပ်၌ တည်သော ရောင်ခြည် တော်တည်း။အနန္တ ဒိသာဖရဏ ရောင်ခြည်တော်မှာ အလိုတော်ရှိက အဆုံးမရှိသော အရပ်သို့ပင် နှံ့၍ အထက်ဆိုခဲ့သည့်နည်း အတိုင်း အောက် အဇဋာကာသ၊ အထက် အဇဋာကာသ၊ အနန္တ စကြဝဠာ ဖီလာထုတ်ချင်း အ ကြွင်းမရှိ ထွန်းလင်းနိုင်သော ရောင်ခြည်တော်တည်း။

မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီး နောက် ရတနာဃရသို့ ရောက် တော်မူပြီး၍ အဘိဓမ္မာ ခုနစ်ကျမ်းတွင် အနန္တနယဖြစ်သော သမန္တပဋ္ဌာန်းကျမ်းကို သုံးသပ်တော်မူသည့် အခါ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ၊ ပ ဉ္ဇိဋ္ဌ၊ ပဘဿရဟု ဆိုအပ်သော အညို၊ အရွှေ၊ အနီ၊ အ ဖြူ၊ အမောင်း၊ ပြိုးပြိုး ပြက် တခဲနက်သော ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ကုန်၏။ ညိုသောရောင်ခြည်တော်တို့သည် ဆံ တော် မွေးည|င်းတော် မုတ်ဆိတ် တော် မျက်တောင်တော် ဟုဆိုအပ်သော ညိုမှိုင်းရာ စိမ်းပြာမှောင်သင့်သော အရပ်တို့မှ ထွက်ကုန်၏။ ရွှေ သော ရောင်ခြည်တော်တို့သည်ကား နဖူးတော်ဖျားမှ သည် ဖဝါးတော် အဆုံးတော် တိုင်အောင်။

အလုံးစုံ ဟုဆိုအပ် သော ကိုယ်တော်၏အရေတော်၊ မျက်လုံးမျက်လွှာ မျက်နှာ တော်မှစ၍ ရွှေသင့်ဝါသင့် တောက်ထွန်းသော အရပ်တို့မှ ထွက်ကုန်၏။ နီသော ရောင်ခြည်တော်တို့သည်ကား အသွေးအသား လက်ဖဝါး ခြေဖဝါး၊ ခြေသည်း လက်သည်းတော်၊ မျက်စိမျက် လွှာ လျှာတော်၊ ခံတွင်းနှုတ်ဖျား သွားဖုံး အာစပ် နီအပ်သမျှသော အရပ်တို့မှ ထွက်ကုန်၏။ ဖြူသော ရောင်ခြည်တော်တို့သည်ကား အရိုး တော် သွား တော် စွယ်တော် မျက်လုံးတော်စွန်း တို့မှစ၍ ဖြူသင့်သောအရပ် တို့မှ ထွက်ကုန်၏။မောင်းသော ပြိုးပြိုးပြက်သော ရောင်ခြည် တော် တို့သည် ကား တစ်ရာ့ရှစ်ကွက် စက်မြတ် ရတနာတည်ရာ ဖဝါးတော် အပြင်မှစ၍ ဆံဖျားတိုင်အောင် ကိုယ်တော်အလုံးမှ ထွက်ကုန်၏။

ဤသို့ ထွက်ပေါ်သော ရောင်ခြည်တော် ခြောက်သွယ်တို့ သည် နှစ်သိန်းလေးသောင်း အထုရှိသော ပထဝီမြေကြီးနှင့်တကွ မြေကို ခံသော ယူဇနာလေးသိန်းရှစ်သောင်းအထုရှိသော ရေကို ၎င်း၊ ထိုရေကိုခံသော ယူဇနာကိုးသိန်းခြောက်သောင်း အထုရှိ သော လေကို၎င်း ဖောက် ထွင်း၍ အောက်အဇဋာကာသ ကောင်းကင်ပြင်သို့ ပြေး၏။အထက်သို့လည်း နတ်ပြည်ခြောက် ထပ်၊ ဗြဟ္မာ ၂ဝ ကို လွန်၍ အဇဋာကာသ ကောင်းကင် တိုင် ပြေးလေ၏။ရှေ့နောက် လက်ဝဲ လက်ယာ ဖီလာအားဖြင့် အဆုံးမရှိသော အနန္တလောကဓာတ်စကြဝဠာ အရပ်သို့လည်း ပြေးလေကုန်၏။နေရောင်လရောင် နတ်ဗြဟ္မာတို့၏ကိုယ်ရောင် စသော အရောင်တကာတို့ကို ဖုံးလွှမ်း ပျောက်ပေ၏။

လက္ခဏာရောင်ခြည်တော်၊ အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည် တော်၊ အနန္တ ဒိသာဖရဏရော်ခြည်တော်ဟူ၍ သုံးပါးပြားသည် တွင် ထိုဆိုအပ် ခဲ့ပြီးသော ရောင်ခြည်တော်တို့သည် အနန္တ ဒိသာဖရဏ ရောင်ခြည်တော် မည်ကုန်၏။စေတီတော် ရောင်ကြည်တော် ကွန့်မြူးနေတဲ့ ဗီဒီယို ဖိုင် ပါ။ အများ ဖူးမြော်နိုင်အောင် မျှဝေပေး လိုက်ပါတယ်ကျောက်ဖြူမြို့နယ် ကျောက်ပြောက် အုပ်စု ဝမျှောင်ဘုန်းတော်ကြီး ကျောင်းအ တွင်း တည်ထားသော စေတီတော်၌ ရောင်ခြည်တော် ( ဓာတ်တော် )ကွန့်မြူးနေပုံ ဖြစ်ပါတယ်။

Credit:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *