ေနၾကတ္ျခင္း ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ျမန္မာႏိုင္ငံ၏ကံၾကမၼာအေပၚ ပညာရွင္တစ္ဦး၏ သုံးသပ္ခ်က္
|ျမန္မာႏိုင္ငံရဲ႕လြတ္လပ္ေရး ဇာတာအရ ၂၀၂၀ခုႏွစ္စက္တင္ဘာလ၂၄ရက္ကေနစၿပီးေတာ့ ေရာဂါ ေတြေပ်ာက္ကင္းတာ၊ ေခတ္မီေဆးဝါး ေတြေထာက္ပံ့ကူညီမယ့္သူေတြေပၚေပါက္တာေတြ ႀကဳံေတြ႕ရမွာျဖစ္ၿပီး စီးပြားေရးေတြလည္းျပန္ပြင့္လမ္းလာလိမ့္မယ္လို႔ ဆရာမႀကီး ေဒၚ ၾကည္ၾကည္စိန္က ေဟာကိန္းထုတ္ထားပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ေနၾကတ္ခဲ့တဲ့ အတြက္ နကၡတ္ေဗဒပညာအရ အနာဂတ္မွာ ျမန္မာႏိုင္ငံရဲ႕ကံၾကမၼာပိုမိုေကာင္းမြန္ လာမယ္လို႔ ျမန္မာ ႏိုင္ငံနကၡတ္ပညာသင္တန္းေက်ာင္း၊ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚၾကည္ၾကည္စိန္ ကေျပာပါတယ္။ ဇြန္လ၂၁ရက္၁၃နာရီ ၄၅မိနစ္မွာေန ၾကတ္ ခဲ့တာျဖစ္ၿပီး ေနၾကတ္ခ်ိန္ကိုနကၡတ္ေဗဒပညာနဲ႔ တြက္ခ်က္ၾကည့္ရာ မွာ အခုလိုေျပာပါတယ္။
အနာဂတ္မွာျမန္မာျပည္ရဲ႕ေရေၾကာင္းေလေၾကာင္းလိုင္းေတြပိုမိုေကာင္းမြန္လာမွာ ျဖစ္တယ္လို႔ေျပာပါတယ္။‘ေနၾကတ္လိုက္တဲ့အခ်ိန္က ကန္လဂ္။ ကန္လဂ္ဆို ေတာ့ ေလေၾကာင္း၊ေရေၾကာင္းနဲ႔ဆိုင္တဲ့ ၿဂိဳဟ္ႀကီးက ျမင့္ျမတ္တဲ့ အေနနဲ႔ ႀကီးသြားတယ္။ ႀကီးသြားတဲ့ အတြက္ ေၾကာင့္မို႔ ႏိုင္ငံတကာလို ကိုယ္ပိုင္ေလေၾကာင္းေတြ၊ ေလယာဥ္ႀကီးေတြဝယ္ၿပီးေတာ့ ကိုယ္ပိုင္ေတြျဖစ္လာလိမ့္မယ္။
ကန္လဂ္မွာေနၾကတ္သြားေတာ့ ရွိတဲ့ ၿဂိဳဟ္ေတြအေနအထားအရ အကုန္ေကာင္းတယ္။ ဆရာမတို႔ ဆိုးေနတဲ့ အခု စစ္ပြဲေတြျဖစ္ တယ္။ အခက္အခဲအၾကပ္အတည္းေတြျဖစ္တယ္။ေနာက္လုပ္ေဖာ္ကိုင္ဘက္အခ်င္းခ်င္း အတိုက္အခံေတြမ်ားတယ္။ အဲဒီ့ကိစၥေတြ ကလည္း ၿဂိဳဟ္ အျမင္ျပန္ျမင္ၿပီးေတာ့ ေကာင္းတဲ့ၿဂိဳဟ္ေတြမွာ ျပန္ျမင္တာျဖစ္တဲ့အတြက္ တိုင္းျပည္မွာျပန္ေကာင္း မွာျဖစ္ပါတယ္”လို႔ ဆိုပါတယ္။
ေလးစားမႈျဖင့္ ခရစ္ဒက္ One News Myanmar
UNICODE
နေကြတ်ခြင်း ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ကံကြမ္မာအပေါ် ပညာရှင်တစ်ဦး၏ သုံးသပ်ချက်
မြန်မာနိုင်ငံရဲ့လွတ်လပ်ရေး ဇာတာအရ ၂၀၂၀ခုနှစ်စက်တင်ဘာလ၂၄ရက်ကနေစပြီးတော့ ရောဂါ တွေပျောက်ကင်းတာ၊ ခေတ်မီဆေးဝါး တွေထောက်ပံ့ကူညီမယ့်သူတွေပေါ်ပေါက်တာတွေ ကြုံတွေ့ရမှာဖြစ်ပြီး စီးပွားရေးတွေလည်းပြန်ပွင့်လမ်းလာလိမ့်မယ်လို့ ဆရာမကြီး ဒေါ် ကြည်ကြည်စိန်က ဟောကိန်းထုတ်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နေကြတ်ခဲ့တဲ့ အတွက် နက္ခတ်ဗေဒပညာအရ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ကံကြမ္မာပိုမိုကောင်းမွန် လာမယ်လို့ မြန်မာ နိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန် ကပြောပါတယ်။ ဇွန်လ၂၁ရက်၁၃နာရီ ၄၅မိနစ်မှာနေ ကြတ် ခဲ့တာဖြစ်ပြီး နေကြတ်ချိန်ကိုနက္ခတ်ဗေဒပညာနဲ့ တွက်ချက်ကြည့်ရာ မှာ အခုလိုပြောပါတယ်။
အနာဂတ်မှာမြန်မာပြည်ရဲ့ရေကြောင်းလေကြောင်းလိုင်းတွေပိုမိုကောင်းမွန်လာမှာ ဖြစ်တယ်လို့ပြောပါတယ်။‘နေကြတ်လိုက်တဲ့အချိန်က ကန်လဂ်။ ကန်လဂ်ဆို တော့ လေကြောင်း၊ရေကြောင်းနဲ့ဆိုင်တဲ့ ဂြိုဟ်ကြီးက မြင့်မြတ်တဲ့ အနေနဲ့ ကြီးသွားတယ်။ ကြီးသွားတဲ့ အတွက် ကြောင့်မို့ နိုင်ငံတကာလို ကိုယ်ပိုင်လေကြောင်းတွေ၊ လေယာဉ်ကြီးတွေဝယ်ပြီးတော့ ကိုယ်ပိုင်တွေဖြစ်လာလိမ့်မယ်။
ကန်လဂ်မှာနေကြတ်သွားတော့ ရှိတဲ့ ဂြိုဟ်တွေအနေအထားအရ အကုန်ကောင်းတယ်။ ဆရာမတို့ ဆိုးနေတဲ့ အခု စစ်ပွဲတွေဖြစ် တယ်။ အခက်အခဲအကြပ်အတည်းတွေဖြစ်တယ်။နောက်လုပ်ဖော်ကိုင်ဘက်အချင်းချင်း အတိုက်အခံတွေများတယ်။ အဲဒီ့ကိစ္စတွေ ကလည်း ဂြိုဟ် အမြင်ပြန်မြင်ပြီးတော့ ကောင်းတဲ့ဂြိုဟ်တွေမှာ ပြန်မြင်တာဖြစ်တဲ့အတွက် တိုင်းပြည်မှာပြန်ကောင်း မှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
လေးစားမှုဖြင့် ခရစ်ဒက် One News Myanmar