(၂၄-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီထုတ္ျပန္ခ်က္၊ ဘဂၤလားေဒ့ရွ္ ခရီးသြားရာဇဝင္ရွိသူ COVID-19အတည္ျပဳလူနာသစ္(၁)ဦး ေတြ႕ရွိ

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၄) ဦး (Case- 148, 169, 253 ႏွင့္ 258) ရွိသျဖင့္ COVID-19 ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၂၀၈) ဦးရွိပါသည္။

၎တို႔အနက္ (၁၉၃) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ ၾကည့္ရႈလ်က္ရွိပါသည္။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။(၂၃-၆-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၂၄-၆-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၃၁) ဦး ရွိပါသည္။

(၂၄-၆-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL ) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၄၆၄)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၂၆၀) ခု၊ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈ ဆိုင္ရာဌာန (မႏၲေလး) (PHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၂၉၅) ခုႏွင့္

ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၉၁) ခု၊ စုစုေပါင္း (၁,၁၁၀)ခု အား ယေန႔၊ ညေနတြင္ စစ္ ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၁) ဦးေတြ႕ရွိရပါသည္။ (၂၄-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံ တြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳ လူနာ (၂၉၃) ဦး ရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

(၂၄-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီထုတ်ပြန်ချက်၊ ဘင်္ဂလားဒေ့ရှ် ခရီးသွားရာဇဝင်ရှိသူ COVID-19အတည်ပြုလူနာသစ်(၁)ဦး တွေ့ရှိ

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case- 148, 169, 253 နှင့် 258) ရှိသဖြင့် COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၀၈) ဦးရှိပါသည်။

၎င်းတို့အနက် (၁၉၃) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။(၂၃-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၄-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၁) ဦး ရှိပါသည်။

(၂၄-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၆၄)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၆၀) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၉၅) ခုနှင့်

ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၁) ခု၊ စုစုပေါင်း (၁,၁၁၀)ခု အား ယနေ့၊ ညနေတွင် စစ် ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိရပါသည်။ (၂၄-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၂၉၃) ဦး ရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *