႐ုရွားႏိုင္ငံသို႔ သြားေရာက္ခဲ့ေသာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ျပန္လာပါက COVID-19 စည္းမ်ဥ္းအတိုင္း ေဆာင္႐ြက္မည္ဟု ဆို

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ ၏ တစ္ပတ္တာ သြားေရာက္မည့္ ခရီးစဥ္တြင္ ႏိုင္ငံေတာ္ ၁၀ႏိုင္ငံမွ သမၼတမ်ားႏွင့္ ကာကြယ္ေရးဦးစီး ခ်ဳပ္မ်ားအပါအဝင္ အျခား ၁၉ ႏိုင္ငံမွ တပ္ဖြဲ႕ဝင္အင္အား ၁,၉၀၀ ခန႔္ တက္ေရာက္ဖြယ္ရွိေၾကာင္း တပ္ မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆို သည္။ ႐ုရွားႏိုင္ငံခရီးစဥ္အတြင္း ျမန္မာႏိုင္ငံ တြင္ ပိတ္မိေနသည့္ ႐ုရွားႏိုင္ငံသား ၁၉ ဦးကိုလည္း တစ္ပါတည္းေခၚယူသြားခဲ့သည္ ဟု ၎ကျဖည့္စြက္ေျပာသည္။

ယင္းကဲ့သို႔ပင္ လူသားခ်င္း စာနာအကူအညီေပးေရးေဆာင္ ႐ြက္မႈမ်ားအျဖစ္ နီေပါႏိုင္ငံသား ၄၁ ဦးႏွင့္ အိႏၵိယႏိုင္ငံဗုဒၶဂယာ တြင္ပိတ္ မိေနေသာ သံဃာေတာ္ မ်ားအပါအဝင္ ျမန္မာႏိုင္ငံသား လူပုဂၢိဳလ္မ်ား ၈၀ဦးကိုလည္း အ လားတူ ကူညီေဆာင္႐ြက္ေပးခဲ့ဖူး ေၾကာင္းဗိုလ္ မႉးခ်ဳပ္ေဇာ္မင္းထြန္း က ဆက္လက္ေျပာၾကားသည္။ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္အေနျဖင့္ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ ၿပီးေနာက္ ယခုတစ္ႀကိမ္အပါအဝင္ ႐ုရွား ႏိုင္ငံသို႔ ေျခာက္ႀကိမ္သြားေရာက္ ထားသည္။

အေစာဆုံးခရီးစဥ္မွာ ၂၀၁၃ ဇြန္လအတြင္းကျဖစ္ၿပီး လက္ရွိျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံ၊ ႐ုရွားတပ္မေတာ္ႏွင့္ ျမန္မာတပ္မ ေတာ္ၾကား လည္း ဆက္ဆံေရး တိုးတက္ေကာင္းမြန္ေနသည္ဟု ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ျဖည့္ စြက္ေျပာၾကားသည္။တပ္မေတာ္ကာ ကြယ္ေရး ဦးစီးခ်ဳပ္ ႐ုရွားခရီးစဥ္မွ ျပန္လည္ ေရာက္ရွိလာပါက COVID-19 စည္းကမ္းခ်က္မ်ား ႏွင့္အညီသာ ဆက္လက္ေဆာင္ ႐ြက္သြားမည္ဟု ဗိုလ္မႉးခ်ဳပ္ ေဇာ္ မင္းထြန္းက ေျပာသည္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္သည္ ႐ုရွားကာကြယ္ ေရးဝန္ႀကီး ၏ ဖိတ္ၾကားခ်က္အရ Great Patriotic War ေအာင္ပြဲ (၇၅)ႏွစ္ ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္ရန္ ဇြန္လ ၂၂ ရက္က ေနျပည္ေတာ္မွ ထြက္ခြာခဲ့သည္။အဓိကကေတာ့ ႐ုရွားကာ ကြယ္ေရးဝန္ႀကီးက ဖိတ္ေခၚတာ ျဖစ္ပါတယ္။ ဖိတ္ၾကားထားတဲ့အ တြက္ သြားေရာက္ျခင္းျဖစ္ ပါ တယ္။ ဒီထဲမွာသိရသေလာက္က ေတာ့ အိႏၵိယ၊ တ႐ုတ္ကကာ ကြယ္ေရးဝန္ႀကီးေတြ တက္ ေရာက္ပါလိမ့္မယ္’’ဟု ေျပာသည္။

ကိုဗစ္ျဖစ္ပြား ေနစဥ္ကာလ အတြင္း ယင္းကဲ့သို႔ျပည္ပခရီး သြားေရာက္ျခင္းႏွင့္ပတ္သက္၍ ေဝဖန္မႈမ်ားရွိေနသည့္အေပၚ ဇြန္ လ ၂၃ရက္ က စစ္သမိုင္းျပတိုက္ တြင္ျပဳလုပ္ သည့္ တပ္မေတာ္ သတင္းစာ ရွင္းလင္းပြဲတြင္ မီဒီ ယာမ်ားအား ထည့္သြင္းေျပာ ၾကားခဲ့ျခင္းျဖစ္သည္။ ဒါနဲ႔ပတ္သက္ ၿပီး ရွင္းရွင္း လင္းလင္း ေျပာပါမယ္။ ဒီခရီးစဥ္ မွာပါတဲ့ လူပုဂၢိဳလ္ အားလုံးအေနနဲ႔ ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ ေဆး စစ္မႈခံ ယူၿပီးမွ သြားရတာျဖစ္ပါ တယ္။

ေထာက္ခံခ်က္ေတြယူသြား ရတာပါတယ္။ ျပန္လာလို႔ရွိရင္ လည္း COVID-19 စည္းမ်ဥ္း၊ စည္းကမ္းခ်က္ေတြနဲ႔အညီပဲ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္’’ ဟုဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ရွင္းလင္းေျပာၾကားသည္။

REF: 7DAY DAILY

UNICODE

ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြန်လာပါက COVID-19 စည်းမျဉ်းအတိုင်း ဆောင်ရွက်မည်ဟု ဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ၏ တစ်ပတ်တာ သွားရောက်မည့် ခရီးစဉ်တွင် နိုင်ငံတော် ၁၀နိုင်ငံမှ သမ္မတများနှင့် ကာကွယ်ရေးဦးစီး ချုပ်များအပါအဝင် အခြား ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင်အင်အား ၁,၉၀၀ ခန့် တက်ရောက်ဖွယ်ရှိကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆို သည်။ ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ တွင် ပိတ်မိနေသည့် ရုရှားနိုင်ငံသား ၁၉ ဦးကိုလည်း တစ်ပါတည်းခေါ်ယူသွားခဲ့သည် ဟု ၎င်းကဖြည့်စွက်ပြောသည်။

ယင်းကဲ့သို့ပင် လူသားချင်း စာနာအကူအညီပေးရေးဆောင် ရွက်မှုများအဖြစ် နီပေါနိုင်ငံသား ၄၁ ဦးနှင့် အိန္ဒိယနိုင်ငံဗုဒ္ဓဂယာ တွင်ပိတ် မိနေသော သံဃာတော် များအပါအဝင် မြန်မာနိုင်ငံသား လူပုဂ္ဂိုလ်များ ၈၀ဦးကိုလည်း အ လားတူ ကူညီဆောင်ရွက်ပေးခဲ့ဖူး ကြောင်းဗိုလ် မှူးချုပ်ဇော်မင်းထွန်း က ဆက်လက်ပြောကြားသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အနေဖြင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဖြစ် ပြီးနောက် ယခုတစ်ကြိမ်အပါအဝင် ရုရှား နိုင်ငံသို့ ခြောက်ကြိမ်သွားရောက် ထားသည်။

အစောဆုံးခရီးစဉ်မှာ ၂၀၁၃ ဇွန်လအတွင်းကဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ၊ ရုရှားတပ်မတော်နှင့် မြန်မာတပ်မ တော်ကြား လည်း ဆက်ဆံရေး တိုးတက်ကောင်းမွန်နေသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြည့် စွက်ပြောကြားသည်။တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ရုရှားခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပါက COVID-19 စည်းကမ်းချက်များ နှင့်အညီသာ ဆက်လက်ဆောင် ရွက်သွားမည်ဟု ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ရုရှားကာကွယ် ရေးဝန်ကြီး ၏ ဖိတ်ကြားချက်အရ Great Patriotic War အောင်ပွဲ (၇၅)နှစ် မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ဇွန်လ ၂၂ ရက်က နေပြည်တော်မှ ထွက်ခွာခဲ့သည်။အဓိကကတော့ ရုရှားကာ ကွယ်ရေးဝန်ကြီးက ဖိတ်ခေါ်တာ ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့အ တွက် သွားရောက်ခြင်းဖြစ် ပါ တယ်။ ဒီထဲမှာသိရသလောက်က တော့ အိန္ဒိယ၊ တရုတ်ကကာ ကွယ်ရေးဝန်ကြီးတွေ တက် ရောက်ပါလိမ့်မယ်’’ဟု ပြောသည်။

ကိုဗစ်ဖြစ်ပွား နေစဉ်ကာလ အတွင်း ယင်းကဲ့သို့ပြည်ပခရီး သွားရောက်ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသည့်အပေါ် ဇွန် လ ၂၃ရက် က စစ်သမိုင်းပြတိုက် တွင်ပြုလုပ် သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီ ယာများအား ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။ ဒါနဲ့ပတ်သက် ပြီး ရှင်းရှင်း လင်းလင်း ပြောပါမယ်။ ဒီခရီးစဉ် မှာပါတဲ့ လူပုဂ္ဂိုလ် အားလုံးအနေနဲ့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ဆေး စစ်မှုခံ ယူပြီးမှ သွားရတာဖြစ်ပါ တယ်။

ထောက်ခံချက်တွေယူသွား ရတာပါတယ်။ ပြန်လာလို့ရှိရင် လည်း COVID-19 စည်းမျဉ်း၊ စည်းကမ်းချက်တွေနဲ့အညီပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟုဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *