ကခ်င္ျပည္နယ္ တြင္ ေဆးေၾကာင္ေနေသာ သားမွ လက္သီး နဲ႔ ထိုးသျဖင့္ မိခင္ျဖစ္သူ ေသဆုံးမႈ ျဖစ္ပြား

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဒုရဲအုပ္ေက်ာ္မင္းႏိုင္ မွ ရဲေဆးစာျဖင့္ ေသဆုံးသူ ေဒၚအဲလွေအာင္၏ အေလာင္းအား မိုးညႇင္းခ႐ိုင္ေဆး႐ုံသို႔ ပို႔ ေဆာင္ကာ မေအးႏုမွ တရားလို ျပဳလုပ္အမႈဖြင့္လွစ္ခဲ့သျဖင့္ ေဇာ္ေဇာ္ဦး (၃၁)ႏွစ္ (ဘ)ဦးတုံလု အိမ္အမွတ္(၄၇၀) အေရွ႕စုရပ္ကြက္ (၆) လမ္း မိုးညႇင္းၿမိဳ႕ ေနထိုင္သူအား မိုးညႇင္းၿမိဳ႕မရဲစခန္းမွ အမႈႀကီးအမွတ္စဥ္ ၄/၂၀၂၀ (ပ)၇၈/၂၀၂၀ပုဒ္မ ၃၀၂ျဖင့္ အမႈေရးဖြင့္ ဖမ္းဆီးစစ္ ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕ အေရွ႕စုရပ္ကြက္ ၌ ယမန္ေန႔က မူးယစ္ေဆးစြဲေနေသာ သားျဖစ္သူမွေဆးေၾကာင္ကာ မိခင္ျဖစ္သူအား လက္ သီးႏွင့္ထိုးႀကိတ္ခဲ့ရာမွ မိခင္ျဖစ္သူေသဆုံးခဲ့သည္။မိုးညႇင္းၿမိဳ႕၊ မိုးဒါးစုရပ္ကြက္ေန မေအးႏု သည္ အေရွ႕စု (၆)လမ္း အိမ္အမွတ္ (၄၇၀) တြင္ေနထိုင္သည့္မိခင္ထံသို႔ လာေရာက္စဥ္ ေနအိမ္တံခါးပြင့္ေနသျဖင့္ မိခင္၏အိပ္ခန္းအတြင္းဝင္ေရာက္ၾကည့္ရႈရာ မိခင္ျဖစ္သူ ေဒၚအဲလွ ေအာင္သည္ အိပ္ခန္းအဝင္ေျမျပင္၌ လဲက်ေသဆုံးေနသည္ ကိုေတြ႕ရသည္။

မေအးႏုမွာ ပတ္ဝန္းက်င္သို႔ ေအာ္ဟစ္ အကူအညီေတာင္းခံခဲ့ရာ ရာအိမ္မႉးဦးျမင့္သိန္းေရာက္ရွိလာၿပီး အေျခအေနကိုသိရွိကာ မိုးညႇင္းၿမိဳ႕ မရဲစခန္းသို႔ အေၾကာင္းၾကား ခဲ့သည္။ထို႔ေၾကာင့္ မိုးညႇင္းၿမိဳ႕မရဲစခန္းမွ နယ္ထိန္း အရာရွိ ဒုရဲအုပ္ေက်ာ္မင္းႏိုင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားေရာက္ ရွိ လာကာ ေသဆုံးသူ ေဒၚအဲလွေအာင္ ၏ ဒဏ္ရာအား စစ္ေဆးရာ ဝဲဘက္ မ်က္လုံးဖူးေယာင္ ညိဳမည္းဒဏ္ရာ ပါးစပ္ မွေသြးထြက္ညိဳမည္း ဒဏ္ရာ ဝဲဘက္နားထင္ဖူးေယာင္ ဒဏ္ရာ ယာဘက္တံေတာင္ဖူးေယာင္ ဒဏ္ရာမ်ား ေတြ႕ရွိရၿပီး ။

အနီးတြင္ FLOWER စာတန္းပါ ပန္းေရာင္ဓါတ္ဗူးအကြဲ ေတြ႕ရွိရၿပီးပန္ဝန္းက်င္တြင္စုံစမ္းမႈျပဳရာ သားျဖစ္သူ ေဇာ္ေဇာ္ဦး သည္ မူးယစ္ ေဆးဝါး အလြန္အကြၽံသုံးစြဲသူျဖစ္ၿပီး မၾကာခဏ မိခင္အားရန္ျပဳသျဖင့္ မိခင္ျဖစ္သူမွာ ထြက္ေျပးရေလ့ရွိေၾကာင္း ၊ အခင္းျဖစ္သည့္ေန႔ နံ နက္ ၁၀ နာရီခန႔္ကလည္း ေဇာ္ေဇာ္ဦး မွ မိခင္ျဖစ္သူအား ေအာ္ဟစ္ ရန္ျပဳေနသည့္အသံၾကားရေၾကာင္း စုံစမ္းသိရွိရသည္။

crd : blacker

UNICODE

ကချင်ပြည်နယ် တွင် ဆေးကြောင်နေသော သားမှ လက်သီး နဲ့ ထိုးသဖြင့် မိခင်ဖြစ်သူ သေဆုံးမှု ဖြစ်ပွား

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲအုပ်ကျော်မင်းနိုင် မှ ရဲဆေးစာဖြင့် သေဆုံးသူ ဒေါ်အဲလှအောင်၏ အလောင်းအား မိုးညှင်းခရိုင်ဆေးရုံသို့ ပို့ ဆောင်ကာ မအေးနုမှ တရားလို ပြုလုပ်အမှုဖွင့်လှစ်ခဲ့သဖြင့် ဇော်ဇော်ဦး (၃၁)နှစ် (ဘ)ဦးတုံလု အိမ်အမှတ်(၄၇၀) အရှေ့စုရပ်ကွက် (၆) လမ်း မိုးညှင်းမြို့ နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၄/၂၀၂၀ (ပ)၇၈/၂၀၂၀ပုဒ်မ ၃၀၂ဖြင့် အမှုရေးဖွင့် ဖမ်းဆီးစစ် ဆေးလျက်ရှိကြောင်း သိရှိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့စုရပ်ကွက် ၌ ယမန်နေ့က မူးယစ်ဆေးစွဲနေသော သားဖြစ်သူမှဆေးကြောင်ကာ မိခင်ဖြစ်သူအား လက် သီးနှင့်ထိုးကြိတ်ခဲ့ရာမှ မိခင်ဖြစ်သူသေဆုံးခဲ့သည်။မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်နေ မအေးနု သည် အရှေ့စု (၆)လမ်း အိမ်အမှတ် (၄၇၀) တွင်နေထိုင်သည့်မိခင်ထံသို့ လာရောက်စဉ် နေအိမ်တံခါးပွင့်နေသဖြင့် မိခင်၏အိပ်ခန်းအတွင်းဝင်ရောက်ကြည့်ရှုရာ မိခင်ဖြစ်သူ ဒေါ်အဲလှ အောင်သည် အိပ်ခန်းအဝင်မြေပြင်၌ လဲကျသေဆုံးနေသည် ကိုတွေ့ရသည်။

မအေးနုမှာ ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းခံခဲ့ရာ ရာအိမ်မှူးဦးမြင့်သိန်းရောက်ရှိလာပြီး အခြေအနေကိုသိရှိကာ မိုးညှင်းမြို့ မရဲစခန်းသို့ အကြောင်းကြား ခဲ့သည်။ထို့ကြောင့် မိုးညှင်းမြို့မရဲစခန်းမှ နယ်ထိန်း အရာရှိ ဒုရဲအုပ်ကျော်မင်းနိုင်နှင့် တပ်ဖွဲ့ဝင်များရောက် ရှိ လာကာ သေဆုံးသူ ဒေါ်အဲလှအောင် ၏ ဒဏ်ရာအား စစ်ဆေးရာ ဝဲဘက် မျက်လုံးဖူးယောင် ညိုမည်းဒဏ်ရာ ပါးစပ် မှသွေးထွက်ညိုမည်း ဒဏ်ရာ ဝဲဘက်နားထင်ဖူးယောင် ဒဏ်ရာ ယာဘက်တံတောင်ဖူးယောင် ဒဏ်ရာများ တွေ့ရှိရပြီး ။

အနီးတွင် FLOWER စာတန်းပါ ပန်းရောင်ဓါတ်ဗူးအကွဲ တွေ့ရှိရပြီးပန်ဝန်းကျင်တွင်စုံစမ်းမှုပြုရာ သားဖြစ်သူ ဇော်ဇော်ဦး သည် မူးယစ် ဆေးဝါး အလွန်အကျွံသုံးစွဲသူဖြစ်ပြီး မကြာခဏ မိခင်အားရန်ပြုသဖြင့် မိခင်ဖြစ်သူမှာ ထွက်ပြေးရလေ့ရှိကြောင်း ၊ အခင်းဖြစ်သည့်နေ့ နံ နက် ၁၀ နာရီခန့်ကလည်း ဇော်ဇော်ဦး မှ မိခင်ဖြစ်သူအား အော်ဟစ် ရန်ပြုနေသည့်အသံကြားရကြောင်း စုံစမ်းသိရှိရသည်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *