ကိုဗစ္ကာကြယ္ေရး ျပင္ဆင္ ထားတဲ့ အေကာင္းဆုံးေက်ာင္း ကို ေ႐ြးခ်ယ္ အကဲျဖတ္၍ ဆုေငြ သိန္း (၅၀) ခ်ီးျမႇင့္မည္

၂၀၂၀-၂၁ ပညာသင္ႏွစ္မွာ အေျခခံပညာေက်ာင္းေတြ အားလုံး COVID-19 ေဘးအႏၲရာယ္ကို စနစ္တက်ႀကိဳတင္ကာကြယ္ၿပီး ေဘးကင္း လုံၿခဳံ က်န္းမာ ေပ်ာ္႐ႊင္စြာနဲ႔ ပညာ သင္ၾကားႏိုင္ဖို႔ပါ။ ဒီ စံျပေက်ာင္းေတြကို ၾကည့္ၿပီး ေနာက္ဖြင့္မ ယ့္ အလယ္တန္း၊ မူလတန္းေက်ာင္း ေတြလည္း လိုက္နာႏိုင္ေအာင္ လို႔ ရည္႐ြယ္ပါတယ္။ ဆရာဆရာမေတြ၊ ေက်ာင္းသား၊ ေက်ာင္းသားမိဘေတြ၊ ရပ္႐ြာျပည္သူေတြ အားလုံး ေရာဂါႀကိဳတင္ကာကြယ္ တားဆီးရမယ့္နည္းစနစ္ေတြကို ကိုယ္တိုင္လိုက္နာက်င့္သုံး ပူးေပါင္းေဆာင္႐ြက္တတ္ဖို႔လည္းျဖစ္ပါတယ္” လို႔ အေျခခံ ပညာဦးစီးဌာနမွ ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

ေနျပည္ေတာ္၊ တိုင္းေဒသ ႀကီးနဲ႔ ျပည္နယ္တစ္ခုခ်င္းစီအလိုက္ ကိုယ္စားျပဳ ယွဥ္ၿပိဳင္မယ့္ အေျခခံပညာ အထက္တန္း ေက်ာင္း (၁၈) ေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္း (၁၈) ေက်ာင္းတို႔ကို စည္းကမ္း လိုက္နာမႈ စံႏႈန္းေတြနဲ႔ အညီ သက္ဆိုင္ရာ တိုင္း၊ျပည္နယ္ ပညာ ေရးမႉးေတြက ေ႐ြးခ်ယ္ေပးရမွာပါ။လာမယ့္ ဇူလိုင္ ၁၇ ရက္မွာ ေ႐ြးခ်ယ္ခ်ီး ျမႇင့္မွာပါ။ဇူလိုင္ ၂၁ ရက္မွာ ဖြင့္လွစ္မယ့္ အေျခခံပညာ အ ထက္တန္းေက်ာင္းေတြမွာ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးအတြက္ အေကာင္းဆုံးျပင္ဆင္ထားတဲ့ ေက်ာင္းေတြကို ေ႐ြးခ်ယ္ၿပီး အျမင့္ဆုံး ဆုေၾကးေငြ သိန္း ၅၀ အထိ ခ်ီးျမႇင့္သြားဖို႔ စီစဥ္ေနတယ္ လို႔ အေျခခံ ပညာဦးစီးဌာနကေန သိရပါတယ္။

ပါဝင္ယွဥ္ၿပိဳင္ရမယ့္ ေက်ာင္းေတြကို အမ်ိဳးအစား (၃) မ်ိဳးခြဲျခားထားၿပီး အေျခခံပညာအထက္တန္းေက်ာင္း၊ ကိုယ္ပိုင္ အထက္တန္း ေက်ာင္းေတြ နဲ႔ အထက္တန္း အဆင့္သင္ၾကားတဲ့ ဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္း တို႔ ျဖစ္တယ္လို႔ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။ အဆိုပါ ေ႐ြးခ်ယ္ထား တဲ့ အထက္တန္းေက်ာင္းေတြ ထဲကေန အေကာင္းဆုံး ပထမ၊ ဒုတိယ၊ တတိယ ၊ ကိုယ္ပိုင္အထက္ တန္းေက်ာင္းေတြ ထဲကေန အေကာင္းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုေတြ ခ်ီးျမႇင့္မွာပါ။ ပထမဆုကို က်ပ္သိန္း ၅၀၊ ဒုတိယဆုကို သိန္း ၃၀ နဲ႔ တတိယဆုကို သိန္း ၂၀ စီရရွိမွာပါ။

အေျခခံပညာ အထက္တန္းအဆင့္သင္ၾကားတဲ့ ဘုန္းေတာ္ႀကီးသင္ေက်ာင္းေတြျဖစ္တဲ့ မႏၲေလးေဖာင္ေတာ္ဦးနဲ႔ စစ္ကိုင္းအျပည္ျပည္ဆိုင္ ရာ ဗုဒၶပညာေရးစင္တာ ကိုေတာ့ တက္ႂကြလႈပ္ရွားမႈ အထူးဆုအျဖစ္ က်ပ္ ၂၅ သိန္း စီေ႐ြးခ်ယ္ေပးမွာပါ။ကိုယ္စားျပဳ ဝင္ေရာက္ ယွဥ္ ၿပိဳင္မယ့္ အေျခခံပညာအထက္တန္းေက်ာင္း ၁၈ ေက်ာင္း နဲ႔ အထက္တန္းအဆင့္ ဘုန္းေတာ္ႀကီးသင္ ေက်ာင္း ၂ ေက်ာင္း တို႔ အတြက္ ႀကိဳတင္ျပင္ဆင္မႈ ကုန္က်စရိတ္ အျဖစ္ တစ္ေက်ာင္းကို သုံးသိန္းစီ ပံ့ပိုးေပးမွာျဖစ္ပါတယ္။ ဇူလိုင္ ၂၁ ရက္မွာ ျပန္လည္ ဖြင့္လွစ္မယ့္ အ ေျခခံပညာအထက္တန္းေက်ာင္းေတြကို တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေက်ာင္းေပါင္း ၆၀၀၀ ေက်ာ္ ဖြင့္လွစ္ သြားမယ္လို႔ သိရပါတယ္။

Credit: DUWUN

UNICODE

ကိုဗစ်ကာကွယ်ရေး ပြင်ဆင် ထားတဲ့ အကောင်းဆုံးကျောင်း ကို ရွေးချယ် အကဲဖြတ်၍ ဆုငွေ သိန်း (၅၀) ချီးမြှင့်မည်

၂၀၂၀-၂၁ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေ အားလုံး COVID-19 ဘေးအန္တရာယ်ကို စနစ်တကျကြိုတင်ကာကွယ်ပြီး ဘေးကင်း လုံခြုံ ကျန်းမာ ပျော်ရွှင်စွာနဲ့ ပညာ သင်ကြားနိုင်ဖို့ပါ။ ဒီ စံပြကျောင်းတွေကို ကြည့်ပြီး နောက်ဖွင့်မ ယ့် အလယ်တန်း၊ မူလတန်းကျောင်း တွေလည်း လိုက်နာနိုင်အောင် လို့ ရည်ရွယ်ပါတယ်။ ဆရာဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသားမိဘတွေ၊ ရပ်ရွာပြည်သူတွေ အားလုံး ရောဂါကြိုတင်ကာကွယ် တားဆီးရမယ့်နည်းစနစ်တွေကို ကိုယ်တိုင်လိုက်နာကျင့်သုံး ပူးပေါင်းဆောင်ရွက်တတ်ဖို့လည်းဖြစ်ပါတယ်” လို့ အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

နေပြည်တော်၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တစ်ခုချင်းစီအလိုက် ကိုယ်စားပြု ယှဉ်ပြိုင်မယ့် အခြေခံပညာ အထက်တန်း ကျောင်း (၁၈) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁၈) ကျောင်းတို့ကို စည်းကမ်း လိုက်နာမှု စံနှုန်းတွေနဲ့ အညီ သက်ဆိုင်ရာ တိုင်း၊ပြည်နယ် ပညာ ရေးမှူးတွေက ရွေးချယ်ပေးရမှာပါ။လာမယ့် ဇူလိုင် ၁၇ ရက်မှာ ရွေးချယ်ချီး မြှင့်မှာပါ။ဇူလိုင် ၂၁ ရက်မှာ ဖွင့်လှစ်မယ့် အခြေခံပညာ အ ထက်တန်းကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အကောင်းဆုံးပြင်ဆင်ထားတဲ့ ကျောင်းတွေကို ရွေးချယ်ပြီး အမြင့်ဆုံး ဆုကြေးငွေ သိန်း ၅၀ အထိ ချီးမြှင့်သွားဖို့ စီစဉ်နေတယ် လို့ အခြေခံ ပညာဦးစီးဌာနကနေ သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်ရမယ့် ကျောင်းတွေကို အမျိုးအစား (၃) မျိုးခွဲခြားထားပြီး အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်း ကျောင်းတွေ နဲ့ အထက်တန်း အဆင့်သင်ကြားတဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း တို့ ဖြစ်တယ်လို့  ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ အဆိုပါ ရွေးချယ်ထား တဲ့ အထက်တန်းကျောင်းတွေ ထဲကနေ အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ၊ ကိုယ်ပိုင်အထက် တန်းကျောင်းတွေ ထဲကနေ အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုတွေ ချီးမြှင့်မှာပါ။ ပထမဆုကို ကျပ်သိန်း ၅၀၊ ဒုတိယဆုကို သိန်း ၃၀ နဲ့ တတိယဆုကို သိန်း ၂၀ စီရရှိမှာပါ။

အခြေခံပညာ အထက်တန်းအဆင့်သင်ကြားတဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေဖြစ်တဲ့ မန္တလေးဖောင်တော်ဦးနဲ့ စစ်ကိုင်းအပြည်ပြည်ဆိုင် ရာ ဗုဒ္ဓပညာရေးစင်တာ ကိုတော့ တက်ကြွလှုပ်ရှားမှု အထူးဆုအဖြစ် ကျပ် ၂၅ သိန်း စီရွေးချယ်ပေးမှာပါ။ကိုယ်စားပြု ဝင်ရောက် ယှဉ် ပြိုင်မယ့် အခြေခံပညာအထက်တန်းကျောင်း ၁၈ ကျောင်း နဲ့ အထက်တန်းအဆင့် ဘုန်းတော်ကြီးသင် ကျောင်း ၂ ကျောင်း တို့ အတွက် ကြိုတင်ပြင်ဆင်မှု ကုန်ကျစရိတ် အဖြစ် တစ်ကျောင်းကို သုံးသိန်းစီ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဇူလိုင် ၂၁ ရက်မှာ ပြန်လည် ဖွင့်လှစ်မယ့် အ ခြေခံပညာအထက်တန်းကျောင်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းပေါင်း ၆၀၀၀ ကျော် ဖွင့်လှစ် သွားမယ်လို့ သိရပါတယ်။

Credit:   DUWUN

Add a Comment

Your email address will not be published. Required fields are marked *