




crd: The standard Time

UNICODE

တင်းမာမှုများ ဖြစ်ပွား၍ တရုတ် ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် ဒေါ်လာ သန်း (၆၀၀) ကျော်တန် စာချုပ်များရပ်ဆိုင်းရန် အိန္ဒိယကအမိန့်ပေး

လက်ရှိအခြေ အနေဟာ မဟာ ရာရှထရာပြည်နယ် အတွင်း တရုတ် ကုမ္ပဏီ တွေနဲ့ ချုပ်ဆို ထားတဲ့ စီးပွားရေးလုပ် ငန်းတွေထဲ အကြီး ဆုံးဖြစ်တဲ့ တရုတ် ကားကုမ္ပဏီ ဂရိတ်ဝေါလ် မော်တာ အတွက် စိုးရိမ် စရာဖြစ်နေပါတယ်။

ဂရိတ်ဝေါလ်မော်တာ နဲ့ ချုပ် ဆို ထားတဲ့ ရင်းနှီးမြှပ်နှံ မှုဟာ ဒေါ်လာ သန်း (၅၀၀)နီးပါး ရှိကြောင်း CNN သတင်း မှာ ဖော်ပြပါ ရှိပါ တယ်။ မကြာ သေးခင် က အိန္ဒိယ တပ်သား အယောက် (၂၀)လောက် သေဆုံး ခဲ့ရတဲ့ တရုတ် – အိန္ဒိယ နယ်စပ် ဒေသ ပဋိပက္ခဖြစ် ပွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အိန္ဒိယ အာဏာပိုင် တွေ ဟာ တရုတ် ကုမ္ပဏီတွေနဲ့ တွဲလုပ်မယ့် အမေရိကန် ဒေါ်လာ သန်း (၆၀၀) ကျော်တ်န် ကြေး ရှိ စီးပွားရေး လုပ်ငန်းတွေ ကို ရပ်ဆိုင်း လိုက် ပါတယ်။

အိန္ဒိယ အနောက် ပိုင်း မဟာ ရာရှထရာပြည်နယ် က တာဝန် ရှိသူတွေ ဟာ တရုတ် ကုမ္ပဏီ (၃)ခုနဲ့ ချုပ်ဆို ထားတဲ့ ရင်းနှီးမြှပ်နှံမှု စာချုပ် (၃)ခု ကို ပြန်လည် သုံးသပ်နေ ပြီး အိန္ဒိယ အစိုးရရဲ့ တုံ့ပြန်မှု ကို စောင့်ဆိုင်းနေ ပါတယ်။

crd:  The standard Time

Add a Comment

Your email address will not be published. Required fields are marked *