တ႐ုတ္ႏိုင္ငံမွ ေခ်းေငြမ်ားအတိုးႏႈန္းျမင့္မား၍ မယူေတာ့ေသာ္လည္း ယခင္ေခ်းေငြမ်ား ျပန္ဆပ္ေနရဟု စီမံ/ဘ႑ာဒုဝန္ႀကီး ေျပာဆို

ေခ်းေငြရယူရာ တြင္ သက္သာေသာ ႏႈန္းထားတစ္ခု ျဖစ္သည့္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (AGB)၏ ေခ်းေငြသက္တမ္းမွာ ၃၂ ႏွစ္ျဖစ္ၿပီး ဆိုင္းငံ့ ကာလ ရွစ္ႏွစ္၊ တစ္ႏွစ္လွ်င္ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္း၊ ျပန္ဆပ္ ကာလ ၂၄ ႏွစ္လွ်င္ အတိုးႏႈန္း ၁ ဒသမ ၅ ရာခိုင္ႏႈန္း ျဖစ္သည္။ တ႐ုတ္ေခ်း ေငြသည္ ကမာၻ႔ဘဏ္ႏွင့္ ႏိုင္ငံတကာေငြေၾကးရန္ ပုံေငြအဖြဲ႕ (IMF) တို႔ထက္ အတိုး ႏႈန္းႀကီးျမင့္သျဖင့္ အတိုးႏႈန္းျမင့္ သည့္ တ႐ုတ္ေခ်းေငြ မ်ားကို ဝန္ႀကီးဌာနမ်ားမွ သတိထားသုံးစြဲရန္ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္းက သတိေပး ေျပာဆို ထားသည္။

၂၀၁၉ စာရင္းမ်ားအရ ျပည္ပေႂကြးၿမီ စုစုေပါင္း ခန႔္မွန္းေျခ ကန္ေဒၚလာ ၁ဝ ဘီလီယံ ေက်ာ္အထိရွိၿပီး တ႐ုတ္ႏိုင္ငံကို ျပန္လည္ဆပ္ရမည့္ ေခ်းေငြ ေလးဘီလီယံထိ ပါဝင္သည္။အတိုးႏႈန္းျမင့္မားေသာ တ႐ုတ္ႏိုင္ငံ ထံမွ ေခ်းေငြ မ်ား ရယူေတာ့မည္ မဟုတ္ဘဲ အ တိုးႏႈန္းသက္သာ စြာျဖင့္ ရရွိမွ သာ ေခ်းေငြရယူေတာ့မည္ ျဖစ္ ေၾကာင္း စီမံကိန္းဘ႑ာေရး ႏွင့္ စက္မႈဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာသည္။ အတိုးႏႈန္းက မသက္သာရင္ ေနာက္ပိုင္းမေခ်းေတာ့ဘူး’’ ဟု အစိုးရ၏ သတင္းစာရွင္းလင္းပြဲတြင္ ျပန္လည္ေျဖၾကားသည္။

ယခင္ တပ္မေတာ္ အစိုးရ လက္ထက္က အျခားႏိုင္ငံမ်ားမွ ျပည္ပ ေခ်းေငြယူမႈ အေတာ္နည္းပါးခဲ့ၿပီး ေခ်းေငြ စဥ္ဆက္မျပတ္ ထုတ္ေပး ခဲ့သည့္ တ႐ုတ္ႏိုင္ငံထံ မွ အတိုးႏႈန္း ၄ ဒသမ ၅ ႏွင့္ ရယူခဲ့ရေၾကာင္း ဒုဝန္ႀကီးက ရွင္းျပ သည္။ဒီမိုကေရစီ အစိုးရမ်ား တာဝန္ယူရသည့္ ၂၀၁၁-၁၂ ဘ႑ာႏွစ္မွ သက္သာ သည့္ အတိုးႏႈန္းမ်ား ျဖင့္ ႏိုင္ငံတကာေခ်းေငြမ်ား ျပန္လည္ရရွိလာသျဖင့္ ေခ်းေငြမူဝါဒအရ အတိုးႏႈန္း သက္ သာသည့္ ေခ်းေငြမ်ားကို ေ႐ြးခ်ယ္ရယူခဲ့ေၾကာင္း ဒုဝန္ႀကီး ဦးေမာင္ ေမာင္ဝင္းက ေျပာသည္။

အတိုးႏႈန္းမ်ား၍ တ႐ုတ္ႏိုင္ငံမွ ေခ်းေငြမ်ားကို ရယူျခင္းမရွိေသာ္လည္း ယခင္ခ်ဳပ္ဆိုထား သည့္ စာခ်ဳပ္မ်ားအရ ေခ်းေငြမ်ားကို ႏွစ္အ လိုက္ ျပန္လည္ဆပ္ေန ရေၾကာင္း ၎က ေျပာသည္။ဒါေတြၿပီးသြားခဲ့ရင္ေတာ့ အတိုးႏႈန္း သက္သာတဲ့ဟာေတြပဲ က်န္ေတာ့မွာ ဆိုတဲ့ အေၾကာင္း တင္ျပလိုပါတယ္’’ဟု ဦးေမာင္ ေမာင္ဝင္းက ေျပာဆိုသည္။

REF: 7DAY DAILY

UNICODE

တရုတ်နိုင်ငံမှ ချေးငွေများအတိုးနှုန်းမြင့်မား၍ မယူတော့သော်လည်း ယခင်ချေးငွေများ ပြန်ဆပ်နေရဟု စီမံ/ဘဏ္ဍာဒုဝန်ကြီး ပြောဆို

ချေးငွေရယူရာ တွင် သက်သာသော နှုန်းထားတစ်ခု ဖြစ်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (AGB)၏ ချေးငွေသက်တမ်းမှာ ၃၂ နှစ်ဖြစ်ပြီး ဆိုင်းငံ့ ကာလ ရှစ်နှစ်၊ တစ်နှစ်လျှင် အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ပြန်ဆပ် ကာလ ၂၄ နှစ်လျှင် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ တရုတ်ချေး ငွေသည် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန် ပုံငွေအဖွဲ့ (IMF) တို့ထက် အတိုး နှုန်းကြီးမြင့်သဖြင့် အတိုးနှုန်းမြင့် သည့် တရုတ်ချေးငွေ များကို ဝန်ကြီးဌာနများမှ သတိထားသုံးစွဲရန် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက သတိပေး ပြောဆို ထားသည်။

၂၀၁၉ စာရင်းများအရ ပြည်ပကြွေးမြီ စုစုပေါင်း ခန့်မှန်းခြေ ကန်ဒေါ်လာ ၁ဝ ဘီလီယံ ကျော်အထိရှိပြီး တရုတ်နိုင်ငံကို ပြန်လည်ဆပ်ရမည့် ချေးငွေ လေးဘီလီယံထိ ပါဝင်သည်။အတိုးနှုန်းမြင့်မားသော တရုတ်နိုင်ငံ ထံမှ ချေးငွေ များ ရယူတော့မည် မဟုတ်ဘဲ အ တိုးနှုန်းသက်သာ စွာဖြင့် ရရှိမှ သာ ချေးငွေရယူတော့မည် ဖြစ် ကြောင်း စီမံကိန်းဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ အတိုးနှုန်းက မသက်သာရင် နောက်ပိုင်းမချေးတော့ဘူး’’ ဟု အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားသည်။

ယခင် တပ်မတော် အစိုးရ လက်ထက်က အခြားနိုင်ငံများမှ ပြည်ပ ချေးငွေယူမှု အတော်နည်းပါးခဲ့ပြီး ချေးငွေ စဉ်ဆက်မပြတ် ထုတ်ပေး ခဲ့သည့် တရုတ်နိုင်ငံထံ မှ အတိုးနှုန်း ၄ ဒသမ ၅ နှင့် ရယူခဲ့ရကြောင်း ဒုဝန်ကြီးက ရှင်းပြ သည်။ဒီမိုကရေစီ အစိုးရများ တာဝန်ယူရသည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ သက်သာ သည့် အတိုးနှုန်းများ ဖြင့် နိုင်ငံတကာချေးငွေများ ပြန်လည်ရရှိလာသဖြင့် ချေးငွေမူဝါဒအရ အတိုးနှုန်း သက် သာသည့် ချေးငွေများကို ရွေးချယ်ရယူခဲ့ကြောင်း ဒုဝန်ကြီး ဦးမောင် မောင်ဝင်းက ပြောသည်။

အတိုးနှုန်းများ၍ တရုတ်နိုင်ငံမှ ချေးငွေများကို ရယူခြင်းမရှိသော်လည်း ယခင်ချုပ်ဆိုထား သည့် စာချုပ်များအရ ချေးငွေများကို နှစ်အ လိုက် ပြန်လည်ဆပ်နေ ရကြောင်း ၎င်းက ပြောသည်။ဒါတွေပြီးသွားခဲ့ရင်တော့ အတိုးနှုန်း သက်သာတဲ့ဟာတွေပဲ ကျန်တော့မှာ ဆိုတဲ့ အကြောင်း တင်ပြလိုပါတယ်’’ဟု ဦးမောင် မောင်ဝင်းက ပြောဆိုသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *