ထူးဆန္းဖြယ္ရာ ဆိုင္ကယ္ ႏွစ္စီးကို ကားအျဖစ္ ေျပာင္းလဲသူ သရက္ၿမိဳ႕သား

အခုထုတ္လုပ္တဲ့ အစီးက သူ႔ရဲ႕ တတိယေျမာက္ အစီးျဖစ္ၿပီး အရင္ကလည္း ႏွစ္စီးထုတ္လုပ္ ခဲ့ေပမယ့္ စိတ္တိုင္းမက်တဲ့ အတြက္ ျပန္ ဖ်က္ခဲ့တာပါ။ ေငြေၾကးျပည့္စုံေနရင္ ယခုလို ထုတ္လုပ္ဖို႔သူ႔အတြက္က ရက္ပိုင္းပဲ ၾကာျမင့္မွာျဖစ္ၿပီး ေငြေၾကးမျပည့္စုံလို႔ အခက္ခဲေတြ ေတာ့ ရွိခဲ့ပါတယ္။ တကာ့္ကို စိတ္ကူးအႀကံဉာဏ္ေကာင္းလြန္းတဲ့ သရက္ၿမိဳ႕သား ဆိုင္ကယ္ျပင္ဆရာေလး ကိုေအာင္ဝင္းတင္ ကို ေလး စားစြာ ေဖာ္ျပလိုက္ပါတယ္ေနာ္…။

ကိုေအာင္ဝင္းတင္ ကေတာ့ မေကြးတိုင္း၊သရက္ၿမိဳ႕သား တစ္ေယာက္ျဖစ္ပါတယ္။ သူကဆိုင္ကယ္ေတြကို အရမ္း ဝါသနာပါၿပီး ကိုယ္တိုင္ ပုံေဖာ္ထုတ္လုပ္ရတာ ကိုလည္း ႀကိဳက္ႏွစ္သက္သူ တစ္ေယာက္ျဖစ္ပါတယ္။ သူေနထိုက္ရာ သရက္ၿမိဳ႕ေလးမွာ “ေကာင္းမြန္” ဆိုတဲ့ ဆိုင္ ကယ္ျပင္ဆိုင္ေလး ကိုလည္း ဖြင့္လွစ္ ထားပါတယ္။

အခုလည္း ကိုယ္ပိုင္ စိတ္ကူးအယူအဆေတြ နဲ႔ ေပါင္းစပ္ၿပီး ဆိုင္ကယ္ႏွစ္စီးကို ကားအျဖစ္ ေျပာင္းလဲထုတ္လုပ္ခဲ့ပါတယ္။ ဘတ္ဆုတ္ လို႔လဲ ရသလို႔ အျမန္ႏႈန္းနဲ႔လည္း ေမာင္းႏွင္လို႔ရပါတယ္။ ဓာတ္ဆီ ၁ လီတာကို မိုင္(၃၀)အထိ ေမာင္ႏွင္ႏိုင္ၿပီး အရမ္းကို အဆင္ေျပပါ တယ္။

Writer : TH (Read More)

UNICODE

ထူးဆန်းဖွယ်ရာ ဆိုင်ကယ် နှစ်စီးကို ကားအဖြစ် ပြောင်းလဲသူ သရက်မြို့သား

အခုထုတ်လုပ်တဲ့ အစီးက သူ့ရဲ့ တတိယမြောက် အစီးဖြစ်ပြီး အရင်ကလည်း နှစ်စီးထုတ်လုပ် ခဲ့ပေမယ့် စိတ်တိုင်းမကျတဲ့ အတွက် ပြန် ဖျက်ခဲ့တာပါ။ ငွေကြေးပြည့်စုံနေရင် ယခုလို ထုတ်လုပ်ဖို့သူ့အတွက်က ရက်ပိုင်းပဲ ကြာမြင့်မှာဖြစ်ပြီး ငွေကြေးမပြည့်စုံလို့ အခက်ခဲတွေ တော့ ရှိခဲ့ပါတယ်။ တကာ့်ကို စိတ်ကူးအကြံဉာဏ်ကောင်းလွန်းတဲ့ သရက်မြို့သား ဆိုင်ကယ်ပြင်ဆရာလေး ကိုအောင်ဝင်းတင် ကို လေး စားစွာ ဖော်ပြလိုက်ပါတယ်နော်…။

ကိုအောင်ဝင်းတင် ကတော့ မကွေးတိုင်း၊သရက်မြို့သား တစ်ယောက်ဖြစ်ပါတယ်။ သူကဆိုင်ကယ်တွေကို အရမ်း ဝါသနာပါပြီး ကိုယ်တိုင် ပုံဖော်ထုတ်လုပ်ရတာ ကိုလည်း ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။ သူနေထိုက်ရာ သရက်မြို့လေးမှာ “ကောင်းမွန်” ဆိုတဲ့ ဆိုင် ကယ်ပြင်ဆိုင်လေး ကိုလည်း ဖွင့်လှစ် ထားပါတယ်။

အခုလည်း ကိုယ်ပိုင် စိတ်ကူးအယူအဆတွေ နဲ့ ပေါင်းစပ်ပြီး ဆိုင်ကယ်နှစ်စီးကို ကားအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ ဘတ်ဆုတ် လို့လဲ ရသလို့ အမြန်နှုန်းနဲ့လည်း မောင်းနှင်လို့ရပါတယ်။ ဓာတ်ဆီ ၁ လီတာကို မိုင်(၃၀)အထိ မောင်နှင်နိုင်ပြီး အရမ်းကို အဆင်ပြေပါ တယ်။

Writer :  TH (Read More)

Add a Comment

Your email address will not be published.