ပါခ်ဳပ္ဆရာေတာ္ႀကီး မိန႔္ၾကားသည့္ အိပ္မက္မက္ ရျခင္း ႏွင့္ အိပ္မက္ မွန္မမွန္ စစ္ေဆးျခင္း

အိပ္မက္တစ္ခု မက္ရင္ အိပ္မက္ရဲ႕အခ်ိန္ ကာလနဲ႔ ပတ္သက္ၿပီး ေျပာရမယ္ ဆိုရင္ ပထမ ညဥ့္ဦးယံ မွာ မက္တဲ့ အိပ္မက္၊ မဇၩိမယံဆိုတဲ့ သန္းေခါင္ယံအခ်ိန္မွာ မက္တဲ့အိပ္မက္၊ ပစၦိမယံ လို႔ဆိုတဲ့ မိုးေသာက္ယံ မွာ မက္တဲ့ အိပ္မက္ရယ္လို႔ရွိတယ္။ ညဥ့္ဦးယံ မွာ မက္တဲ့အိပ္မက္ ဟာ မမွန္ဘူးတဲ့။ သန္းေခါင္ ယံမွာ မက္တဲ့ အိပ္မက္ဟာ လည္း မွန္ကန္မႈမရွိပါ ဘူးတဲ့။ မွန္ကန္တဲ့ အိပ္မက္တစ္ခုဟာ နံနက္မိုး ေသာက္ အလင္းေရာက္ခါ နီးေလး မိုးေသာက္ယံ အခ်ိန္ေလး မွာ မက္တဲ့ အိပ္မက္မ်ိဳး ကေတာ့ မွန္တယ္လို႔ စာေပက်မ္းဂန္မွာ ဆိုထားတယ္။

ညဥ့္ဦးယံမွာဆိုရင္ ညကအစာစားထားတာေတြ ဟာ မေက်တတ္ေသးဘူး။ သန္းေခါင္ယံ မွာဆို လည္း အဆီၾသဇာေတြက ခႏၶာကိုယ္ မျပန႔္ ႏွံ႔ ေသးဘူး။ နံနက္မိုးေသာက္ အလင္းေရာက္ၿပီဆို လို႔ရွိရင္ စားထားတဲ့ အစာေတြက အဆီၾသဇာအျဖစ္ေရာက္ၿပီး ခႏၶာကိုယ္ကို အက်ိဳး ျပဳၿပီးေနတဲ့အခ်ိန္ ျဖစ္လို႔ မိုးေသာက္ယံမွာ မက္တဲ့ အိပ္မက္ဟာ မွန္ကန္တယ္ လို႔ဆိုတယ္။

မယ္ေတာ္မာယာရဲ႕အိပ္မက္၊ ဘုရား ေလာင္းရဲ႕ အိပ္မက္နဲ႔ ေကာသလမင္း ရဲ႕ အိပ္မက္တို႔ဟာ ပုဗၺနိမိတ္ အေနနဲ႔ မိုးေသာက္ယံအခ်ိန္မွာ မက္တဲ့ အိပ္ မက္ေတြျဖစ္တယ္လို႔ ဆိုလိုပါတယ္။ဒီေနရာမွာ မွတ္သားစရာတစ္ခု ကေတာ့ ပုဗၺနိမိတ္ အေနနဲ႔ မက္တဲ့ အိပ္မက္ဟာ အဆီ ၾသဇာဓါတ္ အက်ိဳးျပဳၿပီးျဖစ္တဲ့ မိုးေသာက္ယံ အခ်ိန္မွာပဲ မက္တယ္လို႔ စာေပက်မ္းဂန္မွာ ဆိုထားပါတယ္။

အိပ္မက္မက္ရျခင္းအေၾကာင္း တရား

အိပ္မက္မက္တယ္ဆိုတာ အေၾကာင္းမဲ့ ျဖစ္တာလား ဆိုေတာ့ ေလာကမွာ အေၾကာင္းမ ရွိပဲနဲ႔ ဘာတစ္ခုမွ မျဖစ္ဘူး။ အိပ္မက္မက္တာ လည္း အေၾကာင္းရွိတယ္။ အိပ္မက္မက္ျခင္းရဲ႕ အေၾကာင္း တရား ေလးမ်ိဳးရွိတယ္လို႔ ပါဠိစာေပ က်မ္းဂန္မွာ ေဖာ္ျပထားတယ္။

၁။ ဓါတုေကၡဘ = ဓါတ္ႀကီးေလးပါး မညီမမွ် ျဖစ္ၿပီး မၿငိမ္မသက္ ျဖစ္ေနတဲ့ အခ်ိန္ခါမ်ိဳးမွာ အိပ္ေပ်ာ္ေနရင္း စိတ္ခံ စားမႈေတြ ျဖစ္ေပၚလာၿပီး အိပ္မက္မက္ တတ္တယ္။ ခႏၶာကိုယ္ႀကီးဟာ မလႈပ္ ႏိုင္၊ မယွက္ႏိုင္နဲ႔ ေတာင့္တင္းေနတဲ့ အခါ မ်ိဳးေတြ၊ ထလို႔မရတဲ့အခါမ်ိဳးေတြ ရွိတယ္။

အဲဒါ ပထဝီဓါတ္ လြန္ကဲေနတာ။ ခႏၡာကိုယ္ဟာ ပူေလာင္ေန တဲ့ အခါ၊ ေအးစိမ့္ေနတဲ့အခါ အိပ္မက္ထဲ မွာ မီးေတြ ေလာင္ေနတယ္လို႔ ျမင္မက္ တတ္ပါတယ္။ အဲဒါ ေတေဇာဓါတ္ လြန္ကဲေနတာ။ အာေပါဓါတ္ေတြ လြန္ကဲ ေနၿပီဆိုရင္ ေရကူးေနရတဲ့ အိပ္မက္မ်ိဳးေတြ မက္တတ္တယ္ေပါ့။

ဝါေယာဓါတ္ေတြ လြန္ကဲ လာၿပီဆိုရင္ လည္း ခႏၶာကိုယ္ဟာ ေကာင္းကင္ ပ်ံ တက္သြားရသလို အိပ္မက္မ်ိဳးေတြ မက္တတ္ တယ္ေပါ့။ အဲဒီလို ဓါတ္ေလး ပါးေခ်ာက္ခ်ားၿပီး မညီၫြတ္ရင္လည္း အိပ္မက္မက္တတ္တယ္။

၂။ အႏူဘူတပုဗၺ = လြန္ခဲ့ေသာ အတိတ္က ေတြ႕ႀကဳံ ခံစားဖူးတဲ့ အေတြ႕အႀကဳံေတြကို စြဲၿပီးေတာ့ ညက်လို႔ရွိရင္ အိပ္ မက္မက္ေလ့ရွိၾက တယ္။

၃။ ေဒဝေတာပသံဟာရ = နတ္ေတြ အိပ္မက္ ေပးလို႔ မက္တဲ့ အိပ္မက္မ်ိဳး လည္း ရွိတတ္တယ္။ သူတို႔က အိပ္မက္ မက္ေအာင္ျပတဲ့အခါမ်ိဳးေတြ မွာ လူေတြဟာ အိပ္မက္ မက္ေလ့မက္ထ ရွိတယ္။

၄။ ပုဗၺနိမိတၱ = ပုဗၺနိမိတ္ဆိုတာ မျဖစ္ ခင္က ႀကိဳတင္ၿပီး ျဖစ္မဲ့ အရာေတြကို ေဖာ္ၫႊန္းတဲ့ အေနနဲ႔ နိမိတ္ျပတဲ့အေနနဲ႔ အိပ္မက္မက္တာ မ်ိဳး ေတြ ျဖစ္တတ္တယ္။ အဲဒါက်ေတာ့ ေလာက လူသားေတြနဲ႔ ဆက္စပ္ေနတဲ့ ကုသိုလ္၊ အကု သိုလ္ ေၾကာင့္လည္း ပုဂၢိဳလ္တစ္ဦး တစ္ ေယာက္ မွာ အေၾကာင္းထင္ဟပ္လာၿပီးေတာ့ မက္တာမ်ိဳး လည္းရွိတယ္။

ဗုဒၶဘုရားရွင္ရဲ႕မယ္ေတာ္ မာယာေဒဝီဟာ ဘုရားေလာင္းေလး သေႏၶခေတာ့ နတ္မင္းႀကီးေလးပါးက မိမိအိပ္ေနတဲ့ သလြန္ကို ထမ္းယူၿပီး ဟိမဝႏၲာေတာင္က ေငြေတာင္ဘက္ ကို သယ္ေဆာင္သြားတယ္။ လိုဏ္ဂူအတြင္းမွာ သလြန္ကို ထားၿပီးေတာ့ ေရမိုးခ်ိဳး သန႔္စင္ၿပီး အိပ္ ေနရတယ္။

အနီးမွာက်က္စားေနတဲ့ ဆြတ္ဆြတ္ ျဖဴတဲ့ ဆင္ျဖဴေတာ္ႀကီးဟာ ေ႐ႊေတာင္ႀကီး ေပၚကဆင္းလာၿပီး မယ္ေတာ္ မာယာေလ်ာင္းစက္ေနတဲ့ အခန္းထဲကို ဝင္လာ ၿပီး လက္ယာရစ္ လွည့္ကာ လက္ယာ နံပါးကို ေဖာက္ထြင္းၿပီး ဝမ္းထဲဝင္ သြားတယ္လို႔ ျမင္မက္ တယ္။ အဲဒါဘုရား ေလာင္းေလး သေႏၶခတုန္းက မိုးေသာက္ယံအခ်ိန္မွာ မက္တဲ့အိပ္မက္။

ေနာက္တစ္ခုက ဘုရားေလာင္းဟာ ဘုရားျဖစ္ ခါနီး ကဆုန္လျပည့္ အဖိတ္ေန႔ည မွာ တရားဓမၼ က်င့္ႀကံ ႀကိဳးကုတ္ အားထုတ္ရင္း နံနက္ မိုး ေသာက္အခ်ိန္ ေမွးခနဲအိပ္ေပ်ာ္သြားေတာ့ အိပ္မက္ မက္ခဲ့ဖူးတယ္။ အဲဒါ “အိပ္မက္ႀကီး ငါးမ်ိဳး” လို႔ေခၚတယ္။

အိပ္မက္မွန္/မမွန္စစ္ေဆးျခင္း

အိပ္မက္မွန္/မမွန္ စစ္ေဆးၾကည့္မယ္ ဆိုရင္ ဓါတုေကၡာ လို႔ေခၚတဲ့ ဓါတ္ေတြ ေခ်ာက္ခ်ား လို႔ မက္တဲ့အိပ္မက္ရဲ႕ အက်ိဳးဟာ မွန္ကန္မႈ မရွိဘူး။ ေနာက္ အႏူဘူတပုဗၺ လို႔ေခၚတဲ့ စြဲၿပီးမက္တဲ့ အိပ္မက္ဟာလည္း မွန္ကန္မႈမရွိဘူးတဲ့။ ေဒဝေတာ ပသံဟာရ လို႔ေခၚတဲ့ နတ္ေတြက ဖန္ဆင္းျပတဲ့ အိပ္မက္က်ေတာ့ မွန္တာလည္း ရွိတယ္၊ မမွန္တာလည္း ရွိတယ္။

ဘာေၾကာင့္လဲ ဆိုေတာ့ တခ်ိဳ႕ နတ္ေတြက အက်ိဳးလိုလားလို႔ ေပးတဲ့ အိပ္မက္ က်ေတာ့ မွန္တယ္တဲ့။ တခ်ိဳ႕ နတ္ေတြက ေခ်ာက္တြန္းၿပီး ေသြးေဆာင္မႈေတြ ျပတတ္တယ္။ အဲဒါက်ေတာ့ မမွန္ဘူးလို႔ဆို တယ္။ ပုဗၺနိမိတ္ အေနနဲ႔ မက္တဲ့ အိပ္မက္က် ေတာ့ မွန္ကန္တယ္လို႔ ဆို လိုပါတယ္။

ပါ/ခ်ဳပ္ဆရာေတာ္

ေဒါက္တာနႏၵမာလာဘိဝံသ

UNICODE

ပါချုပ်ဆရာတော်ကြီး မိန့်ကြားသည့် အိပ်မက်မက် ရခြင်း နှင့် အိပ်မက် မှန်မမှန် စစ်ဆေးခြင်း

အိပ်မက်တစ်ခု မက်ရင် အိပ်မက်ရဲ့အချိန် ကာလနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ပထမ ညဥ့်ဦးယံ မှာ မက်တဲ့ အိပ်မက်၊ မဇ္ဈိမယံဆိုတဲ့ သန်းခေါင်ယံအချိန်မှာ မက်တဲ့အိပ်မက်၊ ပစ္ဆိမယံ လို့ဆိုတဲ့ မိုးသောက်ယံ မှာ မက်တဲ့ အိပ်မက်ရယ်လို့ရှိတယ်။ ညဥ့်ဦးယံ မှာ မက်တဲ့အိပ်မက် ဟာ မမှန်ဘူးတဲ့။ သန်းခေါင် ယံမှာ မက်တဲ့ အိပ်မက်ဟာ လည်း မှန်ကန်မှုမရှိပါ ဘူးတဲ့။ မှန်ကန်တဲ့ အိပ်မက်တစ်ခုဟာ နံနက်မိုး သောက် အလင်းရောက်ခါ နီးလေး မိုးသောက်ယံ အချိန်လေး မှာ မက်တဲ့ အိပ်မက်မျိုး ကတော့ မှန်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။

ညဥ့်ဦးယံမှာဆိုရင် ညကအစာစားထားတာတွေ ဟာ မကျေတတ်သေးဘူး။ သန်းခေါင်ယံ မှာဆို လည်း အဆီသြဇာတွေက ခန္ဓာကိုယ် မပြန့် နှံ့ သေးဘူး။ နံနက်မိုးသောက် အလင်းရောက်ပြီဆို လို့ရှိရင် စားထားတဲ့ အစာတွေက အဆီသြဇာအဖြစ်ရောက်ပြီး ခန္ဓာကိုယ်ကို အကျိုး ပြုပြီးနေတဲ့အချိန် ဖြစ်လို့ မိုးသောက်ယံမှာ မက်တဲ့ အိပ်မက်ဟာ မှန်ကန်တယ် လို့ဆိုတယ်။

မယ်တော်မာယာရဲ့အိပ်မက်၊ ဘုရား လောင်းရဲ့ အိပ်မက်နဲ့ ကောသလမင်း ရဲ့ အိပ်မက်တို့ဟာ ပုဗ္ဗနိမိတ် အနေနဲ့ မိုးသောက်ယံအချိန်မှာ မက်တဲ့ အိပ် မက်တွေဖြစ်တယ်လို့ ဆိုလိုပါတယ်။ဒီနေရာမှာ မှတ်သားစရာတစ်ခု ကတော့ ပုဗ္ဗနိမိတ် အနေနဲ့ မက်တဲ့ အိပ်မက်ဟာ အဆီ သြဇာဓါတ် အကျိုးပြုပြီးဖြစ်တဲ့ မိုးသောက်ယံ အချိန်မှာပဲ မက်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားပါတယ်။

အိပ်မက်မက်ရခြင်းအကြောင်း တရား

အိပ်မက်မက်တယ်ဆိုတာ အကြောင်းမဲ့ ဖြစ်တာလား ဆိုတော့ လောကမှာ အကြောင်းမ ရှိပဲနဲ့ ဘာတစ်ခုမှ မဖြစ်ဘူး။ အိပ်မက်မက်တာ လည်း အကြောင်းရှိတယ်။ အိပ်မက်မက်ခြင်းရဲ့ အကြောင်း တရား လေးမျိုးရှိတယ်လို့ ပါဠိစာပေ ကျမ်းဂန်မှာ ဖော်ပြထားတယ်။

၁။ ဓါတုက္ခေဘ = ဓါတ်ကြီးလေးပါး မညီမမျှ ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ အချိန်ခါမျိုးမှာ အိပ်ပျော်နေရင်း စိတ်ခံ စားမှုတွေ ဖြစ်ပေါ်လာပြီး အိပ်မက်မက် တတ်တယ်။ ခန္ဓာကိုယ်ကြီးဟာ မလှုပ် နိုင်၊ မယှက်နိုင်နဲ့ တောင့်တင်းနေတဲ့ အခါ မျိုးတွေ၊ ထလို့မရတဲ့အခါမျိုးတွေ ရှိတယ်။

အဲဒါ ပထဝီဓါတ် လွန်ကဲနေတာ။ ခန္ခာကိုယ်ဟာ ပူလောင်နေ တဲ့ အခါ၊ အေးစိမ့်နေတဲ့အခါ အိပ်မက်ထဲ မှာ မီးတွေ လောင်နေတယ်လို့ မြင်မက် တတ်ပါတယ်။ အဲဒါ တေဇောဓါတ် လွန်ကဲနေတာ။ အာပေါဓါတ်တွေ လွန်ကဲ နေပြီဆိုရင် ရေကူးနေရတဲ့ အိပ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။

ဝါယောဓါတ်တွေ လွန်ကဲ လာပြီဆိုရင် လည်း ခန္ဓာကိုယ်ဟာ ကောင်းကင် ပျံ တက်သွားရသလို အိပ်မက်မျိုးတွေ မက်တတ် တယ်ပေါ့။ အဲဒီလို ဓါတ်လေး ပါးချောက်ချားပြီး မညီညွတ်ရင်လည်း အိပ်မက်မက်တတ်တယ်။

၂။ အနူဘူတပုဗ္ဗ = လွန်ခဲ့သော အတိတ်က တွေ့ကြုံ ခံစားဖူးတဲ့ အတွေ့အကြုံတွေကို စွဲပြီးတော့ ညကျလို့ရှိရင် အိပ် မက်မက်လေ့ရှိကြ တယ်။

၃။ ဒေဝတောပသံဟာရ = နတ်တွေ အိပ်မက် ပေးလို့ မက်တဲ့ အိပ်မက်မျိုး လည်း ရှိတတ်တယ်။ သူတို့က အိပ်မက် မက်အောင်ပြတဲ့အခါမျိုးတွေ မှာ လူတွေဟာ အိပ်မက် မက်လေ့မက်ထ ရှိတယ်။

၄။ ပုဗ္ဗနိမိတ္တ = ပုဗ္ဗနိမိတ်ဆိုတာ မဖြစ် ခင်က ကြိုတင်ပြီး ဖြစ်မဲ့ အရာတွေကို ဖော်ညွှန်းတဲ့ အနေနဲ့ နိမိတ်ပြတဲ့အနေနဲ့ အိပ်မက်မက်တာ မျိုး တွေ ဖြစ်တတ်တယ်။ အဲဒါကျတော့ လောက လူသားတွေနဲ့ ဆက်စပ်နေတဲ့ ကုသိုလ်၊ အကု သိုလ် ကြောင့်လည်း ပုဂ္ဂိုလ်တစ်ဦး တစ် ယောက် မှာ အကြောင်းထင်ဟပ်လာပြီးတော့ မက်တာမျိုး လည်းရှိတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့မယ်တော် မာယာဒေဝီဟာ ဘုရားလောင်းလေး သန္ဓေခတော့ နတ်မင်းကြီးလေးပါးက မိမိအိပ်နေတဲ့ သလွန်ကို ထမ်းယူပြီး ဟိမဝန္တာတောင်က ငွေတောင်ဘက် ကို သယ်ဆောင်သွားတယ်။ လိုဏ်ဂူအတွင်းမှာ သလွန်ကို ထားပြီးတော့ ရေမိုးချိုး သန့်စင်ပြီး အိပ် နေရတယ်။

အနီးမှာကျက်စားနေတဲ့ ဆွတ်ဆွတ် ဖြူတဲ့ ဆင်ဖြူတော်ကြီးဟာ ရွှေတောင်ကြီး ပေါ်ကဆင်းလာပြီး မယ်တော် မာယာလျောင်းစက်နေတဲ့ အခန်းထဲကို ဝင်လာ ပြီး လက်ယာရစ် လှည့်ကာ လက်ယာ နံပါးကို ဖောက်ထွင်းပြီး ဝမ်းထဲဝင် သွားတယ်လို့ မြင်မက် တယ်။ အဲဒါဘုရား လောင်းလေး သန္ဓေခတုန်းက မိုးသောက်ယံအချိန်မှာ မက်တဲ့အိပ်မက်။

နောက်တစ်ခုက ဘုရားလောင်းဟာ ဘုရားဖြစ် ခါနီး ကဆုန်လပြည့် အဖိတ်နေ့ည မှာ တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရင်း နံနက် မိုး သောက်အချိန် မှေးခနဲအိပ်ပျော်သွားတော့ အိပ်မက် မက်ခဲ့ဖူးတယ်။ အဲဒါ “အိပ်မက်ကြီး ငါးမျိုး” လို့ခေါ်တယ်။

အိပ်မက်မှန်/မမှန်စစ်ဆေးခြင်း

အိပ်မက်မှန်/မမှန် စစ်ဆေးကြည့်မယ် ဆိုရင် ဓါတုက္ခော လို့ခေါ်တဲ့ ဓါတ်တွေ ချောက်ချား လို့ မက်တဲ့အိပ်မက်ရဲ့ အကျိုးဟာ မှန်ကန်မှု မရှိဘူး။ နောက် အနူဘူတပုဗ္ဗ လို့ခေါ်တဲ့ စွဲပြီးမက်တဲ့ အိပ်မက်ဟာလည်း မှန်ကန်မှုမရှိဘူးတဲ့။ ဒေဝတော ပသံဟာရ လို့ခေါ်တဲ့ နတ်တွေက ဖန်ဆင်းပြတဲ့ အိပ်မက်ကျတော့ မှန်တာလည်း ရှိတယ်၊ မမှန်တာလည်း ရှိတယ်။

ဘာကြောင့်လဲ ဆိုတော့ တချို့ နတ်တွေက အကျိုးလိုလားလို့ ပေးတဲ့ အိပ်မက် ကျတော့ မှန်တယ်တဲ့။ တချို့ နတ်တွေက ချောက်တွန်းပြီး သွေးဆောင်မှုတွေ ပြတတ်တယ်။ အဲဒါကျတော့ မမှန်ဘူးလို့ဆို တယ်။ ပုဗ္ဗနိမိတ် အနေနဲ့ မက်တဲ့ အိပ်မက်ကျ တော့ မှန်ကန်တယ်လို့ ဆို လိုပါတယ်။

ပါ/ချုပ်ဆရာတော်

ဒေါက်တာနန္ဒမာလာဘိဝံသ

Add a Comment

Your email address will not be published. Required fields are marked *