UNICODE
ဖားကန့်မြို့တွင် ကြောက်စရာကောင်းလောက်အောင် ကမ်းပါးပြိုမှုဖြစ်ပွားရာ လူတွေ မျောပါ (ရုပ်/သံ)
တာဝန်ရှိသူများ အနေဖြင့်လည်း ဒီကိစ္စတွေ ဒီပြသနာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပေးစေလိုပါတယ်ဗျာ။ အားလုံးပဲ ဘေးအန္တရာယ်အပေါင်းက လွတ်ကင်းကြပါစေဗျာ။
ရတနာတွေပေါ ကြွယ်လှတဲ့ ဖားကန့်မြို့ မှာတော့ မကြာခဏဆိုသလို မြေပြိုတာတွေကို ကြားနေခဲ့ ရပေမယ့် ဒီတစ်ခါပဲ မြင်ဖူးတယ်ဗျာ။ ကြောက်စရာကောင်း လိုက်တာ။ ရေမဆေးကျောက်ရှာ ကြတဲ့ သူလေးတွေ အသက်ကို လည်း မငဲ့နိုင်ပဲ လုပ်နေကြတာ။
မြေပြိုတော့ မြေဖို့မိ ကျောက်မှန် နွံထဲနစ် သေကြရတာ။ စိတ်မကောင်း ပါဘူးဗျာ။ သူတို့လည်း သူတို့အကြောင်း နဲ့ သူတို့ပေါ့ မိသားစု မိမိ စားဝတ်နေရေး အတွက် အသက်နဲ့ရင်း ပီးလုပ်နေကြရတာပါ။
လူနှစ်ယောက် ကတော့ မြေပြိုပီး နွံရေထဲ မျောပါသွားတာ။ တစ်ယောက် ကိုတော့ ကယ်ထုတ်လိုက်နိုင် ကြပါတယ်။ လူတို့ရဲ့ မဆင်မခြင် လုပ်ဆောင်မှုတွေကြောင့် သဘာဝသံယံဇာတ တွေလည်း တစ်နေ့တစ်ခြား ပျက်စီးလာခဲ့ပီး အားလုံးဘေးတေ လည်းတွေ့နေကြ ရပါပီ။
REF:  [@ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ] #သာဂိ
Add a Comment
Your email address will not be published. Required fields are marked *