ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ႐ုရွဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးမွ ဆုတံဆိပ္ ေပးအပ္ခ်ီးျမႇင့္

ဆုခ်ီးျမႇင့္ျခင္း ကို ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၏ စည္းမ်ဥ္းမ်ား၊ လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ကာကြယ္ေရးဝန္ႀကီး ၏ အမိန႔္အတိုင္းေဆာက္႐ြက္လ်က္ရွိၿပီး ဆုတံဆိပ္ကို ကာကြယ္ေရးဝန္ႀကီးကိုယ္တိုင္ေသာ္လည္းေကာင္း၊ ရံဖန္ရံခါတြင္ ကာကြယ္ေရးဝန္ ႀကီးကိုယ္တိုင္မဟုတ္ေသာ္လည္း အဆင့္တူညီေသာ လူပုဂၢိဳလ္တစ္ဦးမွ ၎ဆုတံဆိပ္ကိုခ်ီးျမႇင့္ေပးအပ္ႏိုင္ေၾကာင္း သိရွိရသည္။

၎ဆုတံဆိပ္ ကို စစ္မႈထမ္းမ်ားအျပင္ အရပ္ဘက္ တာဝန္ထမ္းေဆာင္ သူမ်ား(သို႔မဟုတ္)ႏိုင္ငံျခားသား မ်ားကိုပါ ေပးအပ္ ခ်ီးျမႇင့္ႏိုင္ ေၾကာင္းႏွင့္ ဆုတံဆိပ္ေပးအပ္ႏိုင္သည့္ လူပုဂၢိဳလ္မ်ား ေ႐ြးခ်ယ္ရာတြင္ ႐ုရွားႏိုင္ငံႏွင့္ႏိုင္ငံေရး/စစ္ေရးအရ အက်ိဳးျပဳလုပ္ငန္းမ်ားကို အျပန္အလွန္ စြမ္းစြမ္းတမံ ေဆာင္႐ြက္သည့္သူမ်ားကိုသာ ေ႐ြးခ်ယ္ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံကိုေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၊ဒုတိယကာကြယ္ေရးဝန္ႀကီးမွ Medal of the Ministry of Defense of Russia “For Strengthening the Military Commonwealth” ဆုံတံဆိပ္ကို ေပးအပ္ခ်ီးျမႇင့္ျခင္းခံရေၾကာင္းသိရသည္။

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံက ၎တို႔ တပ္မေတာ္ေန႔အခမ္းအနားအတြက္ ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံမွ ႏိုင္ငံေခါင္းေဆာင္မ်ား အားဖိတ္ၾကား ခဲ့ျခင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွ သမၼတ ရွီက်င္းဖ်င္၊ အိႏၵိယသမၼတတို႔အျပင္ ျမန္မာႏိုင္ငံမွ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္လည္း ၎သမၼတမ်ားႏွင့္တူ ဖိတ္ၾကားခံရျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ Medal of the Ministry of Defense of Russia “For Strengthening the Military Commonwealth” ဆုတံဆိပ္သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၏ အမိန႔္အမွတ္ ၁၂၃ ျဖင့္ ၂၇.၃.၁၉၉၅ ခုႏွစ္တြင္ စတင္ထုတ္ျပန္ခဲ့ေပးအပ္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

REF: The Fifth Wave News

UNICODE

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးမှ ဆုတံဆိပ် ပေးအပ်ချီးမြှင့်

ဆုချီးမြှင့်ခြင်း ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ကာကွယ်ရေးဝန်ကြီး ၏ အမိန့်အတိုင်းဆောက်ရွက်လျက်ရှိပြီး ဆုတံဆိပ်ကို ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်သော်လည်းကောင်း၊ ရံဖန်ရံခါတွင် ကာကွယ်ရေးဝန် ကြီးကိုယ်တိုင်မဟုတ်သော်လည်း အဆင့်တူညီသော လူပုဂ္ဂိုလ်တစ်ဦးမှ ၎င်းဆုတံဆိပ်ကိုချီးမြှင့်ပေးအပ်နိုင်ကြောင်း သိရှိရသည်။

၎င်းဆုတံဆိပ် ကို စစ်မှုထမ်းများအပြင် အရပ်ဘက် တာဝန်ထမ်းဆောင် သူများ(သို့မဟုတ်)နိုင်ငံခြားသား များကိုပါ ပေးအပ် ချီးမြှင့်နိုင် ကြောင်းနှင့် ဆုတံဆိပ်ပေးအပ်နိုင်သည့် လူပုဂ္ဂိုလ်များ ရွေးချယ်ရာတွင် ရုရှားနိုင်ငံနှင့်နိုင်ငံရေး/စစ်ရေးအရ အကျိုးပြုလုပ်ငန်းများကို အပြန်အလှန် စွမ်းစွမ်းတမံ ဆောင်ရွက်သည့်သူများကိုသာ ရွေးချယ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယကာကွယ်ရေးဝန်ကြီးမှ Medal of the Ministry of Defense of Russia “For Strengthening the Military Commonwealth” ဆုံတံဆိပ်ကို ပေးအပ်ချီးမြှင့်ခြင်းခံရကြောင်းသိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံက ၎င်းတို့ တပ်မတော်နေ့အခမ်းအနားအတွက် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံခေါင်းဆောင်များ အားဖိတ်ကြား ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ သမ္မတ ရှီကျင်းဖျင်၊ အိန္ဒိယသမ္မတတို့အပြင် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ၎င်းသမ္မတများနှင့်တူ ဖိတ်ကြားခံရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ Medal of the Ministry of Defense of Russia “For Strengthening the Military Commonwealth” ဆုတံဆိပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၂၃ ဖြင့် ၂၇.၃.၁၉၉၅ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

REF:   The Fifth Wave News

Add a Comment

Your email address will not be published. Required fields are marked *