



Credit Mckzone Daily

Source: worldofbuzz

UNICODE

မိဘများ သတိ နေအိမ်သို့ဧည့်သည်လာရောက် ခွင့်ပြုထား လို့ မွေး ကင်းစကလေး ငယ် Covidကူးပြီး သေ ဆုံး

ကလေးငယ်ရဲ့မိဘနှစ်ပါးမှာတော့ ရောဂါကူးစက်ခံထားရတဲ့အဖြေလက္ခဏာများလုံးဝမတွေ့ရှိခဲ့ရတဲ့အတွက် ၊ ကလေးငယ်ဟာ အိမ်နီးချင်း အပြင်လူတွေဆီကနေ ရောဂါကူးစက်ခံခဲ့ရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။ ထို့အပြင် ရောဂါကူးစက်ခံထားရတဲ့ကလေးငယ်တွေဟာ ရောဂါကိုခုခံနိုင်ဖို့အတွက် အတော်ငယ်ရွယ်သေးတဲ့အပြင် ၊ အသက်ရှုလမ်းကြောင်းမှာလည်း အတော်လေးကို သေးငယ်နေသေးတဲ့ အတွက် အသက်ရှုဖို့ပိုမိုခက်ခဲခဲ့ရပြီး 40 ရက်သားအရွယ်မှာတင် ကလေးငယ်ဟာ Covid-19 ကူးစက်ရောဂါကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရပါတယ် ။

Covid – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိအောင် အဓိကလုပ်ဆောင်ရမဲ့နည်းလမ်းကတော့ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုမရှိဘဲ ခပ်ခွာခွာလေးနေဖို့ နဲ့ လူစုလူဝေးများတဲ့နေရာတွေကို ရှောင်ရှားဖို့ပါပဲ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ လင်မယားကတော့ အဆိုပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးခဲ့ခြင်းမရှိတဲ့အတွက် ၎င်းတို့ရဲ့မွေးကင်းစကလေးငယ်ကို ဆုံးရှုံးခဲ့ရပါတယ် ။ အင်ဒိုနီးရှားနိုင်ငံ ၊ Pamekasan မြို့မှာ မွေး ဖွားခဲ့ပြီး ရက် 40သာကြာမြင့်သေးတဲ့ ရက်သားအရွယ်ကလေးငယ်ဟာ မွေးဖွားခါစမှာကျန်းမာတဲ့ကလေးငယ်ဖြစ်ခဲ့ပေမဲ့ မိဘတွေရဲ့ပေါ့ ဆမှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားကာ Covid-19 ရောဂါပါ ကူးစက်ခံခဲ့ရပြီးနောက် သေဆုံးခဲ့ရပါတယ် ။

ကလေးငယ်ရဲ့မိဘတွေဟာ ကလေးငယ်မွေးဖွားပြီးလို့ ဆေးရုံကနေဆင်းပြီးပြီးချင်မှာတင်ပဲ နေအိမ်သို့အိမ်နီးနားချင်းတွေကို လာရောက် လည်ပတ်ခွင့်ပြုခဲ့တဲ့အပြင် ၊ ကလေးကို ပွေ့ဖက်ပြီး ချီခွင့်ပါပေးခဲ့ပါတယ် ။ ရက်အနည်းငယ်ကြာလာခဲ့ချိန်မှာတော့ ကလေးငယ်ဟာ ကိုယ် ပူလာခဲ့ပြီး ၊ ချောင်းဆိုးကာ အသက်ရှုရခက်ခဲလာပါတော့တယ် ။ ကလေးငယ် 28ရက်သားအရွယ်တွင်မှာပဲ Covid-19 ရောဂါကူးစက်ခံခဲ့ ရကြောင်း ကျန်းမာရေးဝန်ထမ်းများက အတည်ပြုပေးခဲ့ပါတယ် ။

Credit Mckzone Daily

Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *