မုဒိတာအိမ္ရာဝင္း အတြင္း ေရွာင္တခင္စစ္ေဆးရာ တရားမဝင္ အေထာက္ အထားမဲ့ ႏိုင္ငံျခားသား(၃၀)ေက်ာ္ ဖမ္းဆီးရမိ

အခုဖမ္းဆီးခဲ့ရသူအမ်ားစုဟာ ႏိုင္ဂ်ီးရီးယား နဲ႔ ဂါနာႏိုင္ငံသားေတြ ျဖစ္ၿပီး ျမန္မာအမ်ိဳး သမီးကေတာ့ ႏိုင္ငံျခားသား အမ်ိဳးသားေတြနဲ႔အ တူ ေတြ႕ရွိတာျဖစ္တယ္လို႔ ဦးထြန္းခ်စ္ က ေျပာပါတယ္။ ဖမ္းဆီးခံရတဲ့ ႏိုင္ငံျခား သားေတြဟာ လြန္ ခဲ့တဲ့ ငါးႏွစ္၊ ေျခာက္ႏွစ္ ေလာက္က တည္းက ေနထိုင္သူေတြ ျဖစ္ၿပီး ျပည္တြင္းေဘာလုံးပြဲေတြ မွာ အငွား နဲ႔ လာေရာက္ကစားေနသူေတြ၊ ဆက္သြယ္ေရးလုပ္ငန္း လုပ္ကိုင္ ေနသူေတြ နဲ႔ စီးပြားေရး လုပ္ငန္းလုပ္ကိုင္သူေတြလည္း ပါဝင္တယ္လို႔ ဦးထြန္းခ်စ္က ေျပာ ပါတယ္။

ဖမ္းဆီးထားသူေတြကို မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္နယ္ေျမ ရဲစခန္းမွာ လဝက အက္ဥပေဒနဲ႔ အမႈဖြင့္ အေရးယူသြားမယ္လို႔ ဦးထြန္းခ်စ္ က ဆိုပါတယ္ ။ ၿပီးခဲ့တဲ့ ဇြန္(၄)ရက္ကလည္း မုဒိတာအိမ္ရာဝင္း အတြင္း တရားမဝင္ ေနထိုင္တဲ့ ႏိုင္ငံျခားသား (၇)ေယာက္ကို အေရးယူမႈ ျပဳလုပ္ထားခဲ့တာပါ။ၿပီးခဲ့သည့္ ဇြန္လ ၄ရက္ေန႔က မုဒိတာ အိမ္ရာဝန္း အတြင္းရွိ ႏိုင္ငံျခားသားမ်ားေနထိုင္သည့္ တိုက္ခန္းမ်ားကို သက္ ဆိုင္ရာတာဝန္ရွိသူမ်ားက ဝင္ေရာက္စစ္ေဆးခဲ့ပါတယ္။

A ေဆာင္တြင္ေနထိုင္ သည့္ ႏိုင္ဂ်ီးရီးယားႏိုင္ငံသား တစ္ဦးႏွင့္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီး တစ္ဦး တို႔ကို မူးယစ္ေဆးဝါးမ်ားႏွ င့္အတူ ဖမ္းဆီးရမိ ခဲ့ေၾကာင္း သိ ရသည္။မုဒိတာ အိမ္ရာဝင္း အတြင္း တရားမဝင္ ေနထိုင္ေန တဲ့ ႏိုင္ငံျခားသား အေယာက္ (၃၀)နဲ႔ အတူ ျမန္မာ အမ်ိဳးသမီး တစ္ေယာက္ ကို ဇြန္လ ၂၄ ရက္ ညေနပိုင္းက ဝင္ေရာက္ စစ္ေဆး ကာ ဖမ္းဆီး ထိန္းသိမ္းထားတ ယ္လို႔ မရမ္းကုန္း ၿမိဳ႕နယ္ အုပ္ခ်ဴပ္ေရးမႉး ဦးထြန္းခ်စ္ ကေျပာ ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၂) ရပ္ကြက္၊ အထက္ဗဟို လမ္းရွိ မုဒိတာအိမ္ရာဝင္း အတြင္း မုဒိတာအိမ္ရာ (၁)၊ A ေဆာင္၊ B ေဆာင္ႏွင့္ C ေဆာင္ စသည့္ အေဆာင္သုံးေဆာ င္ရွိ ႏိုင္ငံျခားသားမ်ားေနထိုင္ သည့္ စုစုေပါင္း အခန္း (၄၃)ခန္း ကို ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၊ လ.ဝ.က မွ တာဝန္ရွိသူမ်ား၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန မွ တာဝန္ရွိသူမ်ားက ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးခဲ့ျခင္း ျဖစ္ သည္။ ထိုသို႔စစ္ေဆးရာ အေထာက္အထား တစ္စုံတစ္ ရာမရွိသည့္ ႏိုင္ငံျခားသားမ်ား A ေဆာင္တြင္ ရဦး၊

Bေဆာင္တြင္ ၁၀ ဦးႏွင့္ C ေဆာင္တြင္ (၁ဝ) ဦး အပါအဝင္ ၃၀ ဦးခန႔္ကို ဖမ္းဆီးခဲ့ၿပီး မရမ္းကုန္းၿမိဳ႕မရဲစခန္းႏွင့္ ဘုရင့္ေနာင္ၿမိဳ႕မ ရဲစခန္း မ်ားသို႔ ေခၚေဆာင္ သြားေၾကာင္း ကနဦးသိ ရသည္။ဖမ္းဆီးခဲ့သူေတြဟာ ဗီဇာသက္တမ္းလြန္ ေနထိုင္ သူေတြ ၊ ဥပေဒနဲ႔ အညီ Form C တိုင္ၾကား တာ မရွိဘဲ ေနထိုင္သူေတြ ျဖစ္တယ္ လို႔ ဦးထြန္းခ်စ္က ေျပာပါတယ္။ “ အားလုံး လူေပါင္း (၁၀၀) နဲ႔ မုဒိတာအိမ္ရာ ကို ဝင္စစ္ တာေပါ့ ။ အဓိကေတာ့ Form C တိုင္ျခင္း ရွိမရွိ ဗီဇာသက္တမ္း ရွိမရွိကို ဝင္ေရာက္ စစ္ေဆးတာေပါ့။

စစ္ေဆးတဲ့ အခါမွာ ႏိုင္ငံျခားသား က (၃၀) ဦး နဲ႔ အမ်ိဳးသမီး တစ္ေယာက္ က ျမန္မာႏိုင္ငံ သားေပါ့ ။ တရားဝင္ မေနထို င္တဲ့ Form C တိုင္ဖို႔ ပ်က္ကြက္တဲ့ လူေတြ ေတြ႕ရတယ္။ ဗီဇာသက္တမ္းလြန္ တဲ့သူေတြလည္း ေတြ႕ ရတယ္။ အားလုံးက မခိုင္မာတဲ့ အတြက္ ဘုရင့္ေနာင္ ရဲစခန္း မွာ ေခၚၿပီး စစ္ေဆးေနပါတယ္ ” လို႔ ဦးထြန္းခ်စ္က ဆိုပါတယ္။တိုက္ခန္းမ်ား ကို ဝင္ေရာက္ စစ္ေဆးရာ တြင္ အခ်ိဳ႕ မွာ တိုက္ခန္း တံခါးမ်ား ကို အျပင္မွေသာ့ခတ္ကာ ကုတင္ေအာက္မ်ား၊ အိမ္သာမ်ား ထဲတြင္ ပုန္းေအာင္း ေနေၾကာင္း၊သိရသည္။

ပတ္စ္ပို႔မရွိဘဲ ေနထိုင္သူအမ်ားစု ျဖစ္ၿပီး ႏိုင္ဂ်ီးရီးယားႏိုင္ငံသား အမ်ားဆုံး ပါဝင္ေၾကာင္း သိရသည္။အခုလိုစစ္ေဆးမယ္ ဆိုတဲ့ အစီအစဥ္ ကို အန္တီ တို႔လည္း မသိလိုက္ဘူး ။ အျပင္ကတစ္ေယာက္က အိမ္ရာထိပ္မွာ ေထြအုပ္ေတြေရာက္ေနတယ္ ဆိုၿပီး ဖုန္းဆက္မွ သိတာ။ ၿမိဳ႕ နယ္ေပါင္းစုံက ေထြအုပ္ေတြ ပါတယ္။ အေဆာင္ေတြကို လိုက္စစ္တယ္။ A ေဆာင္ကိုစစ္ေတာ့ အန္တီ တို႔ Aေဆာင္မွာ ႏိုင္ဂ်ီးရီးယား ႏိုင္ငံ သားေတြ ေနတဲ့တိုက္ခန္း ၈ ခန္းရွိတယ္။ ၂ ခန္းကို အျပင္ကေန ေသာ့ခတ္ခဲ့တယ္။

က်န္တဲ့ အခန္းေတြကို ႐ိုက္ဖြင့္ရတယ္။ သူတို႔က ကုတင္ေအာက္ ေတြ အိမ္သာေတြ မွာ ပုန္းေနၾကတယ္” ဟု မုဒိတာအိမ္ရာ A ေဆာင္သာ ယာေရးဥကၠဌ ေဒၚဥမၼာၾကည္ကေျပာၾကား သည္ ။

REF: LET PAN

UNICODE

မုဒိတာအိမ်ရာဝင်း အတွင်း ရှောင်တခင်စစ်ဆေးရာ တရားမဝင် အထောက် အထားမဲ့ နိုင်ငံခြားသား(၃၀)ကျော် ဖမ်းဆီးရမိ

အခုဖမ်းဆီးခဲ့ရသူအများစုဟာ နိုင်ဂျီးရီးယား နဲ့ ဂါနာနိုင်ငံသားတွေ ဖြစ်ပြီး မြန်မာအမျိုး သမီးကတော့ နိုင်ငံခြားသား အမျိုးသားတွေနဲ့အ တူ တွေ့ရှိတာဖြစ်တယ်လို့ ဦးထွန်းချစ် က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံခြား သားတွေဟာ လွန် ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ် လောက်က တည်းက နေထိုင်သူတွေ ဖြစ်ပြီး ပြည်တွင်းဘောလုံးပွဲတွေ မှာ အငှား နဲ့ လာရောက်ကစားနေသူတွေ၊ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင် နေသူတွေ နဲ့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေလည်း ပါဝင်တယ်လို့ ဦးထွန်းချစ်က ပြော ပါတယ်။

ဖမ်းဆီးထားသူတွေကို မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်းမှာ လဝက အက်ဥပဒေနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ ဦးထွန်းချစ် က ဆိုပါတယ် ။ ပြီးခဲ့တဲ့ ဇွန်(၄)ရက်ကလည်း မုဒိတာအိမ်ရာဝင်း အတွင်း တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသား (၇)ယောက်ကို အရေးယူမှု ပြုလုပ်ထားခဲ့တာပါ။ပြီးခဲ့သည့် ဇွန်လ ၄ရက်နေ့က မုဒိတာ အိမ်ရာဝန်း အတွင်းရှိ နိုင်ငံခြားသားများနေထိုင်သည့် တိုက်ခန်းများကို သက် ဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

A ဆောင်တွင်နေထိုင် သည့် နိုင်ဂျီးရီးယားနိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦး တို့ကို မူးယစ်ဆေးဝါးများနှ င့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိ ရသည်။မုဒိတာ အိမ်ရာဝင်း အတွင်း တရားမဝင် နေထိုင်နေ တဲ့ နိုင်ငံခြားသား အယောက် (၃၀)နဲ့ အတူ မြန်မာ အမျိုးသမီး တစ်ယောက် ကို ဇွန်လ ၂၄ ရက် ညနေပိုင်းက ဝင်ရောက် စစ်ဆေး ကာ ဖမ်းဆီး ထိန်းသိမ်းထားတ ယ်လို့ မရမ်းကုန်း မြို့နယ် အုပ်ချူပ်ရေးမှူး ဦးထွန်းချစ် ကပြော ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ အထက်ဗဟို လမ်းရှိ မုဒိတာအိမ်ရာဝင်း အတွင်း မုဒိတာအိမ်ရာ (၁)၊ A ဆောင်၊ B ဆောင်နှင့် C ဆောင် စသည့် အဆောင်သုံးဆော င်ရှိ နိုင်ငံခြားသားများနေထိုင် သည့် စုစုပေါင်း အခန်း (၄၃)ခန်း ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လ.ဝ.က မှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ် သည်။ ထိုသို့စစ်ဆေးရာ အထောက်အထား တစ်စုံတစ် ရာမရှိသည့် နိုင်ငံခြားသားများ A ဆောင်တွင် ရဦး၊

Bဆောင်တွင် ၁၀ ဦးနှင့် C ဆောင်တွင် (၁ဝ) ဦး အပါအဝင် ၃၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းမြို့မရဲစခန်းနှင့် ဘုရင့်နောင်မြို့မ ရဲစခန်း များသို့ ခေါ်ဆောင် သွားကြောင်း ကနဦးသိ ရသည်။ဖမ်းဆီးခဲ့သူတွေဟာ ဗီဇာသက်တမ်းလွန် နေထိုင် သူတွေ ၊ ဥပဒေနဲ့ အညီ Form C တိုင်ကြား တာ မရှိဘဲ နေထိုင်သူတွေ ဖြစ်တယ် လို့ ဦးထွန်းချစ်က ပြောပါတယ်။ “ အားလုံး လူပေါင်း (၁၀၀) နဲ့ မုဒိတာအိမ်ရာ ကို ဝင်စစ် တာပေါ့ ။ အဓိကတော့ Form C တိုင်ခြင်း ရှိမရှိ ဗီဇာသက်တမ်း ရှိမရှိကို ဝင်ရောက် စစ်ဆေးတာပေါ့။

စစ်ဆေးတဲ့ အခါမှာ နိုင်ငံခြားသား က (၃၀) ဦး နဲ့ အမျိုးသမီး တစ်ယောက် က မြန်မာနိုင်ငံ သားပေါ့ ။ တရားဝင် မနေထို င်တဲ့ Form C တိုင်ဖို့ ပျက်ကွက်တဲ့ လူတွေ တွေ့ရတယ်။ ဗီဇာသက်တမ်းလွန် တဲ့သူတွေလည်း တွေ့ ရတယ်။ အားလုံးက မခိုင်မာတဲ့ အတွက် ဘုရင့်နောင် ရဲစခန်း မှာ ခေါ်ပြီး စစ်ဆေးနေပါတယ် ” လို့ ဦးထွန်းချစ်က ဆိုပါတယ်။တိုက်ခန်းများ ကို ဝင်ရောက် စစ်ဆေးရာ တွင် အချို့ မှာ တိုက်ခန်း တံခါးများ ကို အပြင်မှသော့ခတ်ကာ ကုတင်အောက်များ၊ အိမ်သာများ ထဲတွင် ပုန်းအောင်း နေကြောင်း၊သိရသည်။

ပတ်စ်ပို့မရှိဘဲ နေထိုင်သူအများစု ဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံသား အများဆုံး ပါဝင်ကြောင်း သိရသည်။အခုလိုစစ်ဆေးမယ် ဆိုတဲ့ အစီအစဉ် ကို အန်တီ တို့လည်း မသိလိုက်ဘူး ။ အပြင်ကတစ်ယောက်က အိမ်ရာထိပ်မှာ ထွေအုပ်တွေရောက်နေတယ် ဆိုပြီး ဖုန်းဆက်မှ သိတာ။ မြို့ နယ်ပေါင်းစုံက ထွေအုပ်တွေ ပါတယ်။ အဆောင်တွေကို လိုက်စစ်တယ်။ A ဆောင်ကိုစစ်တော့ အန်တီ တို့ Aဆောင်မှာ နိုင်ဂျီးရီးယား နိုင်ငံ သားတွေ နေတဲ့တိုက်ခန်း ၈ ခန်းရှိတယ်။ ၂ ခန်းကို အပြင်ကနေ သော့ခတ်ခဲ့တယ်။

ကျန်တဲ့ အခန်းတွေကို ရိုက်ဖွင့်ရတယ်။ သူတို့က ကုတင်အောက် တွေ အိမ်သာတွေ မှာ ပုန်းနေကြတယ်” ဟု မုဒိတာအိမ်ရာ A ဆောင်သာ ယာရေးဥက္ကဌ ဒေါ်ဥမ္မာကြည်ကပြောကြား သည် ။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *