ရေသ့ေတာင္ၿမိဳ႕နယ္ အနီးနယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္ရန္ ေဘးလြတ္ရာကို ေခတၱတိမ္းေရွာင္ၾကဖို႔ နယ္/လုံဝန္ႀကီးသတိေပး

ရေသ့ေတာင္ၿမိဳ႕နယ္မွာ တိုက္ပြဲေတြေၾကာင့္ ၿပီးခဲ့တဲ့ဇြန္လ ၈ ရက္ေန႔အထိ စစ္ေဘးဒုကၡသည္စခန္း ၂၅ ခုမွာ ခိုလႈံေနတဲ့ စစ္ေဘးဒုကၡသည္ ရွစ္ေထာင္ေက်ာ္ရွိတယ္လို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC က ထုတ္ျပန္ထားပါတယ္။ေက်ာက္တန္းနဲ႔အနီးဝန္းက်င္ ေက်း႐ြာေတြမွာ AA အဖြဲ႕ေတြ ျဖန႔္ခြဲလႈပ္ရွားေနတဲ့သတင္းေတြရထားၿပီး သူတို႔နဲ႔ပတ္သက္ဆက္ႏြယ္သူေတြကို လက္ခံမထားၾကဖို႔ အ ေၾကာင္းၾကားထားပါတယ္။

အဲဒီ႐ြာေတြ မွာ တပ္မေတာ္ လႈပ္ရွားစစ္ေၾကာင္းေတြ နယ္ေျမရွင္း လင္းေဆာင္႐ြက္မွာျဖစ္လို႔ တိုက္ပြဲ ျဖစ္ခဲ့ရင္ ႐ြာသူ႐ြာသားေတြ ထိခိုက္ ဒဏ္ရာရမႈမရွိေအာင္ ႐ြာေတြကေန ေခတၱတိမ္းေရွာင္ေနထိုင္ၾကဖို႔ အေၾကာင္းၾကားလာတာလို႔ သိရပါတယ္။ဒီကိစၥနဲ႔ပတ္သက္လို႔ ေက်ာက္ တန္းနဲ႔ အနီးတဝိုက္က ေက်း႐ြာေပါင္း ၁၇ ႐ြာက ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြထံကို ထပ္ဆင့္အသိေပးထားၿပီး ၿမိဳ႕ေပၚကိုတိမ္းေရွာင္ လာ ၾကတဲ့ ဒုကၡသည္ေတြကိုလည္း လိုအပ္တဲ့အကူအညီေတြေပးဖို႔ စီစဥ္ေနတယ္လို႔ ဦးေမာင္ျမင့္သိန္းက ေျပာပါတယ္။

လက္ရွိမွာ အဲဒီ႐ြာေတြကေန တိမ္းေရွာင္လာတဲ့ လူ ၅၀ ေက်ာ္ကို ေနထိုင္ေရးနဲ႔ စားနပ္ရိကၡာေတြအတြက္ ကူညီေပးထားတယ္လို႔ ေျပာပါ တယ္။ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းနဲ႔ အနီးတဝိုက္ေက်း႐ြာမွာ AA အဖြဲ႕နဲ႔ပတ္သက္လို႔ နယ္ေျမရွင္းလင္းေရး ေဆာင္ ႐ြက္သြားဖို႔ရွိတဲ့အတြက္ ေဘးလြတ္ရာကို ေခတၱတိမ္းေရွာင္ေနၾကဖို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနက မေန႔က အေၾကာင္းၾကားလာတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျမင့္သိန္း က ေျပာပါတယ္။

REF: RFA BURMESE

UNICODE

ရသေ့တောင်မြို့နယ် အနီးနယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန် ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်ကြဖို့ နယ်/လုံဝန်ကြီးသတိပေး

ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်စခန်း ၂၅ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။ကျောက်တန်းနဲ့အနီးဝန်းကျင် ကျေးရွာတွေမှာ AA အဖွဲ့တွေ ဖြန့်ခွဲလှုပ်ရှားနေတဲ့သတင်းတွေရထားပြီး သူတို့နဲ့ပတ်သက်ဆက်နွယ်သူတွေကို လက်ခံမထားကြဖို့ အ ကြောင်းကြားထားပါတယ်။

အဲဒီရွာတွေ မှာ တပ်မတော် လှုပ်ရှားစစ်ကြောင်းတွေ နယ်မြေရှင်း လင်းဆောင်ရွက်မှာဖြစ်လို့ တိုက်ပွဲ ဖြစ်ခဲ့ရင် ရွာသူရွာသားတွေ ထိခိုက် ဒဏ်ရာရမှုမရှိအောင် ရွာတွေကနေ ခေတ္တတိမ်းရှောင်နေထိုင်ကြဖို့ အကြောင်းကြားလာတာလို့ သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက် တန်းနဲ့ အနီးတဝိုက်က ကျေးရွာပေါင်း ၁၇ ရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထံကို ထပ်ဆင့်အသိပေးထားပြီး မြို့ပေါ်ကိုတိမ်းရှောင် လာ ကြတဲ့ ဒုက္ခသည်တွေကိုလည်း လိုအပ်တဲ့အကူအညီတွေပေးဖို့ စီစဉ်နေတယ်လို့ ဦးမောင်မြင့်သိန်းက ပြောပါတယ်။

လက်ရှိမှာ အဲဒီရွာတွေကနေ တိမ်းရှောင်လာတဲ့ လူ ၅၀ ကျော်ကို နေထိုင်ရေးနဲ့ စားနပ်ရိက္ခာတွေအတွက် ကူညီပေးထားတယ်လို့ ပြောပါ တယ်။ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အနီးတဝိုက်ကျေးရွာမှာ AA အဖွဲ့နဲ့ပတ်သက်လို့ နယ်မြေရှင်းလင်းရေး ဆောင် ရွက်သွားဖို့ရှိတဲ့အတွက် ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက မနေ့က အကြောင်းကြားလာတယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်း က ပြောပါတယ်။

REF:   RFA BURMESE

Add a Comment

Your email address will not be published. Required fields are marked *