လားရႈိးတြင္လာဘ္စားသည့္ လဝကအရာရွိ(၆)ဦး ထြက္ေျပးလြတ္ေျမာက္ေနၿပီး ဖမ္းမိသည့္လ၀ကအရာရွိႏွင့္ ပြဲစားကို အလုပ္ႏွင့္ေထာင္(၃)ႏွစ္ခ်မွတ္

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕တြင္ ႏိုင္ငံသား စိစစ္ေရးကတ္ျပားျပဳလုပ္ရန္ ေန႔စဥ္ရက္ဆက္ ေစာင့္ဆိုင္း ေနသူမ်ားမွာ ရာခ်ီ ရွိၿပီး FRC (Foreigners Registration Certificate – ႏိုင္ငံျခားသားမွတ္ပုံတင္ကတ္ျပား) လက္မွတ္ရ တ႐ုတ္ႏိုင္ငံသားမ်ား အပါအဝင္ ေဒသ ခံမဟုတ္သူ ပိုမ်ားေၾကာင္း လားရႈိးေဒသခံ ဦးျမင့္ေမာင္က ေျပာသည္။

“ကြၽန္ေတာ္တို႔ တိုင္းရင္းသား ခပ္မ်ားမ်ားက မွတ္ပုံတင္ကို စိတ္မဝင္စားဘူး။ အဓိကလုပ္တာကေတာ့ FRC ေတြေပါ့ဗ်ာ။ တ႐ုတ္တို႔ ဘာ တို႔ေပါ့ဗ်ာ။ တစ္သိန္းဆိုလည္း ေပးလိုက္တာပဲ၊ သူတို႔က အလုပ္ရႈပ္မခံဘူးေလ။ သူတို႔က ပိုက္ဆံရွိတယ္။ ကြၽန္ေတာ္တို႔အတြက္ အဲဒီတစ္ သိန္းဆိုတာ တစ္လရွာလို႔လည္း ဝင္ခ်င္မွ ဝင္တာေလ” ဟု ၎က ေျပာသည္။

ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ အိမ္ေထာင္စုဇယားႏွင့္ ေမြးဖြားလူဦးေရတိုးစာရင္းျပဳလုပ္ရာတြင္ က်ပ္ ၉၅ သိန္းေက်ာ္ လာဘ္ေငြေတာင္း ခံမႈျဖင့္ လားရႈိးၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန (လဝက) ႐ုံးမွ အရာရွိတစ္ဦးႏွင့္ ပြဲစားအမ်ိဳးသမီးကို အလုပ္ ႏွင့္ေထာင္ဒဏ္ သုံးႏွစ္စီ က်ခံေစရန္ ရွမ္းျပည္နယ္တရားလႊတ္ေတာ္က ဇြန္ ၂၃ တြင္ အမိန႔္ခ်မွတ္ခဲ့သည္။

လားရႈိးၿမိဳ႕နယ္လဝကဦးစီးမႉးႏွင့္ ဒုဦးစီးမႉးအပါအဝင္ လဝကဝန္ထမ္းခုနစ္ဦးႏွင့္ အက်ိဳးေဆာင္ပြဲစားျဖစ္သူကို အဂတိလိုက္စားမႈျဖင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က လားရႈိးၿမိဳ႕မ ရဲစခန္းတြင္ ၂၀၁၉ ဇြန္ ၁၂ တြင္ အမႈဖြင့္အေရးယူခဲ့ျခင္းျဖစ္သည္။ ကနဦး အမႈဖြင့္ၿပီးခ်ိန္တြင္ ၿမိဳ႕နယ္လဝကဦးစီးမႉးႏွင့္အတူ က်န္လဝကအရာရွိငါးဦး ထြက္ေျပးလြတ္ေျမာက္သြားသျဖင့္။

ဖမ္းဆီးရမိထားသည့္ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမႉး ေဒၚခင္ေမထြန္းႏွင့္ ပြဲစားကိုသာ ယမန္ေန႔က အမိန႔္ခ်မွတ္ႏိုင္ခဲ့ျခင္း ျဖစ္ ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးေက်ာ္စိုးက ေျပာသည္။အဆိုပါ က်ပ္ ၉၅ သိန္းေက်ာ္ လာဘ္ စားမႈတြင္ ပါဝင္သူႏွစ္ဦးကို အမႈဖြင့္ၿပီး တစ္ႏွစ္ေက်ာ္ၾကာမွသာ ျပစ္ဒဏ္ခ်မွတ္ႏိုင္ခဲ့သည္။

က်န္လဝကအရာရွိ ေျခာက္ဦးမွာ ယေန႔အထိ ထြက္ေျပးလြတ္ေျမာက္ေနဆဲ ျဖစ္သည္။ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားမွာ ၿမိဳ႕နယ္လဝ ကဦးစီးအရာရွိ ဦးေက်ာ္ေက်ာ္လင္း၊ ဒုတိယလူဝင္မႈႀကီးၾကပ္ေရးမႉးမ်ားျဖစ္သည့္ ေဒၚၾကည္ၾကည္ၫြန႔္ႏွင့္ ဦးရန္ဝင္းေအာင္၊ လက္ ေထာက္လူဝင္မႈႀကီးၾကပ္ေရးမႉးမ်ားျဖစ္သည့္ ဦးထက္ဝင့္ေအာင္၊ ေဒၚအိအိမြန္ေအာင္ႏွင့္ ဦးေက်ာ္သူဟိန္းတို႔ျဖစ္သည္။

ေငြက်ပ္ ၉၅ သိန္း ၆ ေသာင္း လာဘ္ယူခဲ့သည့္ လဝကအရာရွိမ်ားကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပါ ပုဒ္မ-၅၆ ျဖင့္ အမႈဖြင့္အ ေရးယူခဲ့ျခင္းျဖစ္ၿပီး လာဘ္စားမႈျဖစ္ေျမာက္ေစရန္ အားေပးကူညီသည့္ အက်ိဳးေဆာင္ပြဲစား ေဒၚမာေရွာက္ဆန္းကို အဂတိတိုက္ဖ်က္ေရး ဥပေဒပါ ပုဒ္မ -၅၆/၆၃ တို႔ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

“သူက ၾကားကေန လာဘ္ေပးဖို႔ အားေပးကူဖို႔ လုပ္တယ္ဆိုၿပီးေတာ့မွ အားေပးကူညီမႈနဲ႔ ခ်လိုက္တာ။ က်န္တဲ့ေျပးေနတဲ့သူေတြကိုေတာ့ ဝရမ္းထုတ္မွာေပါ့ဗ်ာ။ တစ္ႏိုင္ငံလုံးေတာ့ မထုတ္ႏိုင္ဘူး ထင္ပါတယ္။ သူတို႔အရင္ေနခဲ့တဲ့ တာဝန္က်တဲ့ေနရာတို႔ မိသားစုရွိတဲ့ေနရာတို႔ ေလာက္ပဲ ဝရမ္းကပ္ႏိုင္မယ္ထင္ပါတယ္” ဟု ေဒၚမာေရွာက္ဆန္း၏ အက်ိဳးေဆာင္ေရွ႕ေနက ေျပာသည္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ အဂတိလိုက္စားမႈက်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရသူကို ၁၀ ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ၿပီး အဂတိမႈက်ဴးလြန္ရာတြင္ အားေပးကူညီကိုလည္း ပုဒ္မ ၆၃ အရ တူညီေသာ ျပစ္ဒဏ္ကို ခ်မွတ္ႏိုင္သည္။

ထြက္ေျပးလြတ္ေျမာက္ေနသည့္ လဝကအရာရွိေျခာက္ဦးကို တရားခံေျပးအျဖစ္ ေၾကညာထားေသာ္လည္း တစ္ႏွစ္ေက်ာ္ၾကာသည္အထိ ဖမ္းမိသည့္သတင္း မၾကားရေသးေၾကာင္းလည္း ေကာ္မရွင္ေျပာခြင့္ရ ဦးေက်ာ္စိုးက ေျပာသည္။သူတို႔က မရွိဘူးဆိုေတာ့ တရားခံေျပးအ ျဖစ္ေၾကညာၿပီး လုပ္ထားခဲ့ရတာ။ ဖမ္းမိရင္ သူတို႔အေၾကာင္းၾကားရင္ ကြၽန္ေတာ္တို႔က တရားစြဲဖို႔ ထပ္လုပ္ရမွာ” ဟု ၎က ေျပာသည္။

REF: KUMUDRA

UNICODE

လားရှိုးတွင်လာဘ်စားသည့် လဝကအရာရှိ(၆)ဦး ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းမိသည့်လ၀ကအရာရှိနှင့် ပွဲစားကို အလုပ်နှင့်ထောင်(၃)နှစ်ချမှတ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့တွင် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ရန် နေ့စဉ်ရက်ဆက် စောင့်ဆိုင်း နေသူများမှာ ရာချီ ရှိပြီး FRC (Foreigners Registration Certificate – နိုင်ငံခြားသားမှတ်ပုံတင်ကတ်ပြား) လက်မှတ်ရ တရုတ်နိုင်ငံသားများ အပါအဝင် ဒေသ ခံမဟုတ်သူ ပိုများကြောင်း လားရှိုးဒေသခံ ဦးမြင့်မောင်က ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသား ခပ်များများက မှတ်ပုံတင်ကို စိတ်မဝင်စားဘူး။ အဓိကလုပ်တာကတော့ FRC တွေပေါ့ဗျာ။ တရုတ်တို့ ဘာ တို့ပေါ့ဗျာ။ တစ်သိန်းဆိုလည်း ပေးလိုက်တာပဲ၊ သူတို့က အလုပ်ရှုပ်မခံဘူးလေ။ သူတို့က ပိုက်ဆံရှိတယ်။ ကျွန်တော်တို့အတွက် အဲဒီတစ် သိန်းဆိုတာ တစ်လရှာလို့လည်း ဝင်ချင်မှ ဝင်တာလေ” ဟု ၎င်းက ပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယားနှင့် မွေးဖွားလူဦးရေတိုးစာရင်းပြုလုပ်ရာတွင် ကျပ် ၉၅ သိန်းကျော် လာဘ်ငွေတောင်း ခံမှုဖြင့် လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးမှ အရာရှိတစ်ဦးနှင့် ပွဲစားအမျိုးသမီးကို အလုပ် နှင့်ထောင်ဒဏ် သုံးနှစ်စီ ကျခံစေရန် ရှမ်းပြည်နယ်တရားလွှတ်တော်က ဇွန် ၂၃ တွင် အမိန့်ချမှတ်ခဲ့သည်။

လားရှိုးမြို့နယ်လဝကဦးစီးမှူးနှင့် ဒုဦးစီးမှူးအပါအဝင် လဝကဝန်ထမ်းခုနစ်ဦးနှင့် အကျိုးဆောင်ပွဲစားဖြစ်သူကို အဂတိလိုက်စားမှုဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လားရှိုးမြို့မ ရဲစခန်းတွင် ၂၀၁၉ ဇွန် ၁၂ တွင် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။ ကနဦး အမှုဖွင့်ပြီးချိန်တွင် မြို့နယ်လဝကဦးစီးမှူးနှင့်အတူ ကျန်လဝကအရာရှိငါးဦး ထွက်ပြေးလွတ်မြောက်သွားသဖြင့်။

ဖမ်းဆီးရမိထားသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းနှင့် ပွဲစားကိုသာ ယမန်နေ့က အမိန့်ချမှတ်နိုင်ခဲ့ခြင်း ဖြစ် ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။အဆိုပါ ကျပ် ၉၅ သိန်းကျော် လာဘ် စားမှုတွင် ပါဝင်သူနှစ်ဦးကို အမှုဖွင့်ပြီး တစ်နှစ်ကျော်ကြာမှသာ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သည်။

ကျန်လဝကအရာရှိ ခြောက်ဦးမှာ ယနေ့အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ထွက်ပြေးလွတ်မြောက်နေသူများမှာ မြို့နယ်လဝ ကဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဒေါ်ကြည်ကြည်ညွန့်နှင့် ဦးရန်ဝင်းအောင်၊ လက် ထောက်လူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဦးထက်ဝင့်အောင်၊ ဒေါ်အိအိမွန်အောင်နှင့် ဦးကျော်သူဟိန်းတို့ဖြစ်သည်။

ငွေကျပ် ၉၅ သိန်း ၆ သောင်း လာဘ်ယူခဲ့သည့် လဝကအရာရှိများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မ-၅၆ ဖြင့် အမှုဖွင့်အ ရေးယူခဲ့ခြင်းဖြစ်ပြီး လာဘ်စားမှုဖြစ်မြောက်စေရန် အားပေးကူညီသည့် အကျိုးဆောင်ပွဲစား ဒေါ်မာရှောက်ဆန်းကို အဂတိတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မ -၅၆/၆၃ တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“သူက ကြားကနေ လာဘ်ပေးဖို့ အားပေးကူဖို့ လုပ်တယ်ဆိုပြီးတော့မှ အားပေးကူညီမှုနဲ့ ချလိုက်တာ။ ကျန်တဲ့ပြေးနေတဲ့သူတွေကိုတော့ ဝရမ်းထုတ်မှာပေါ့ဗျာ။ တစ်နိုင်ငံလုံးတော့ မထုတ်နိုင်ဘူး ထင်ပါတယ်။ သူတို့အရင်နေခဲ့တဲ့ တာဝန်ကျတဲ့နေရာတို့ မိသားစုရှိတဲ့နေရာတို့ လောက်ပဲ ဝရမ်းကပ်နိုင်မယ်ထင်ပါတယ်” ဟု ဒေါ်မာရှောက်ဆန်း၏ အကျိုးဆောင်ရှေ့နေက ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး အဂတိမှုကျူးလွန်ရာတွင် အားပေးကူညီကိုလည်း ပုဒ်မ ၆၃ အရ တူညီသော ပြစ်ဒဏ်ကို ချမှတ်နိုင်သည်။

ထွက်ပြေးလွတ်မြောက်နေသည့် လဝကအရာရှိခြောက်ဦးကို တရားခံပြေးအဖြစ် ကြေညာထားသော်လည်း တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းမိသည့်သတင်း မကြားရသေးကြောင်းလည်း ကော်မရှင်ပြောခွင့်ရ ဦးကျော်စိုးက ပြောသည်။သူတို့က မရှိဘူးဆိုတော့ တရားခံပြေးအ ဖြစ်ကြေညာပြီး လုပ်ထားခဲ့ရတာ။ ဖမ်းမိရင် သူတို့အကြောင်းကြားရင် ကျွန်တော်တို့က တရားစွဲဖို့ ထပ်လုပ်ရမှာ” ဟု ၎င်းက ပြောသည်။

REF:   KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *