အစည္းအေဝးထိုင္ၿပီး ေတာင္ကိုရီးယားနဲ႔ပတ္သက္တဲ့ ဆန႔္က်င္စစ္ေရးလႈပ္ရွားမႈေတြ ကင္ဂ်ဳံအြန္ ရပ္ဆိုင္းခိုင္း

ၿပီးခဲ့တဲ့တစ္ပတ္ကမွ ျပန္ဆင္ခဲ့တဲ့အသံခ်ဲ႕စက္ေတြကို ျပန္သိမ္းထားမယ္လို႔လည္း ေျမာက္ကိုရီးယားက ဆုံးျဖတ္ခဲ့တယ္ ဆိုၿပီး ေတာင္ ကိုရီးယားအေျခစိုက္ယြန္ဟတ္သတင္းေအဂ်င္စီကေျပာပါတယ္။ အဲဒီအသံခ်ဲ႕စက္ေတြဟာ ပုံမွန္ အားျဖင့္ နယ္စပ္မွာ ေတာင္ကိုရီးယား ဆန႔္က်င္သတင္း စကားေတြဝါဒျဖန႔္ရာမွာ အသုံးျပဳပါတယ္။

အခုအစည္းအေဝးမွာပဲ ေျမာက္ ကိုရီးယားရဲ႕ စစ္ပြဲအဟန႔္အတားေတြကို ထပ္တိုးျမႇင့္ ဖို႔အစီအမံေတြ ပါဝင္တဲ့ စာ႐ြက္ စာတမ္းေတြ အ ေၾကာင္းလည္း ေဆြးေႏြးခဲ့တယ္လို႔ KCNA ကေဖာ္ ျပပါတယ္။ေတာင္ကိုရီးယားႏိုင္ငံကို ဆန႔္က်င္တဲ့စစ္ေရးလႈပ္ရွားမႈေတြကို ေျမာက္ကို ရီးယားဘက္က ရပ္ဆိုင္း လိုက္တယ္လို႔ ေျမာက္ ကိုရီးယားအစိုးရပိုင္ KCNA သတင္းေအဂ်င္စီကေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ေျမာက္ကိုရီးယားကထြက္ေျပးသြားတဲ့တက္ႂကြလႈပ္ရွားသူေတြက နယ္စပ္ ကေန ေျမာက္ကိုရီး ယားကိုဆန႔္က်င္တဲ့ဝါဒျဖန႔္လက္ကမ္းစာေစာင္ေတြျဖန႔္ခ်ိတဲ့အစီအစဥ္ေတြေၾကာင့္ ေျမာက္ကိုရီးယားဘက္က ေဒါသသံပါတဲ့ အေျပာေတြ ျမင့္တက္ေနတာပါ။

ၿပီးခဲ့တဲ့တစ္ပတ္မွာ ေျမာက္ကိုရီးယား နယ္စပ္မွာရွိတဲ့ေတာင္-ေျမာက္ဆက္ဆံညႇိႏႈိင္းေရး႐ုံးကို ေျမာက္ကိုရီးယားဘက္က ေဖာက္ခြဲ ခဲ့ၿပီး နယ္စပ္ကိုတပ္ဖြဲ႕ေတြေစလႊတ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။ ဒါေပမဲ့ ေခါင္းေဆာင္ကင္ဂ်ဳံအြန္ သဘာပတိလုပ္တဲ့အစည္းအေဝးတစ္ခုမွာ စစ္ေရးလႈပ္ရွားမႈေတြ ရပ္ဆိုင္းဖို႔ ဆုံးျဖတ္ခဲ့တယ္ ဆိုၿပီး KCNA ကေဖာ္ျပတာပါ။

လက္ရွိေရပန္းစားေနတဲ့အေျခအေနလို႔ေျပာတဲ့ကိစၥကို ထည့္သြင္းစဥ္းစားခဲ့ၿပီး ဗဟိုစစ္ေကာ္မရွင္က အခုလို ဆုံးျဖတ္ခဲ့ပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္…….People Media

UNICODE

အစည်းအဝေးထိုင်ပြီး တောင်ကိုရီးယားနဲ့ပတ်သက်တဲ့ ဆန့်ကျင်စစ်ရေးလှုပ်ရှားမှုတွေ ကင်ဂျုံအွန် ရပ်ဆိုင်းခိုင်း

ပြီးခဲ့တဲ့တစ်ပတ်ကမှ ပြန်ဆင်ခဲ့တဲ့အသံချဲ့စက်တွေကို ပြန်သိမ်းထားမယ်လို့လည်း မြောက်ကိုရီးယားက ဆုံးဖြတ်ခဲ့တယ် ဆိုပြီး တောင် ကိုရီးယားအခြေစိုက်ယွန်ဟတ်သတင်းအေဂျင်စီကပြောပါတယ်။ အဲဒီအသံချဲ့စက်တွေဟာ ပုံမှန် အားဖြင့် နယ်စပ်မှာ တောင်ကိုရီးယား ဆန့်ကျင်သတင်း စကားတွေဝါဒဖြန့်ရာမှာ အသုံးပြုပါတယ်။

အခုအစည်းအဝေးမှာပဲ မြောက် ကိုရီးယားရဲ့ စစ်ပွဲအဟန့်အတားတွေကို ထပ်တိုးမြှင့် ဖို့အစီအမံတွေ ပါဝင်တဲ့ စာရွက် စာတမ်းတွေ အ ကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ KCNA ကဖော် ပြပါတယ်။တောင်ကိုရီးယားနိုင်ငံကို ဆန့်ကျင်တဲ့စစ်ရေးလှုပ်ရှားမှုတွေကို မြောက်ကို ရီးယားဘက်က ရပ်ဆိုင်း လိုက်တယ်လို့ မြောက် ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီကဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားကထွက်ပြေးသွားတဲ့တက်ကြွလှုပ်ရှားသူတွေက နယ်စပ် ကနေ မြောက်ကိုရီး ယားကိုဆန့်ကျင်တဲ့ဝါဒဖြန့်လက်ကမ်းစာစောင်တွေဖြန့်ချိတဲ့အစီအစဉ်တွေကြောင့် မြောက်ကိုရီးယားဘက်က ဒေါသသံပါတဲ့ အပြောတွေ မြင့်တက်နေတာပါ။

ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယား နယ်စပ်မှာရှိတဲ့တောင်-မြောက်ဆက်ဆံညှိနှိုင်းရေးရုံးကို မြောက်ကိုရီးယားဘက်က ဖောက်ခွဲ ခဲ့ပြီး နယ်စပ်ကိုတပ်ဖွဲ့တွေစေလွှတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ကင်ဂျုံအွန် သဘာပတိလုပ်တဲ့အစည်းအဝေးတစ်ခုမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုပြီး KCNA ကဖော်ပြတာပါ။

လက်ရှိရေပန်းစားနေတဲ့အခြေအနေလို့ပြောတဲ့ကိစ္စကို ထည့်သွင်းစဉ်းစားခဲ့ပြီး ဗဟိုစစ်ကော်မရှင်က အခုလို ဆုံးဖြတ်ခဲ့ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက်…….People Media

Add a Comment

Your email address will not be published. Required fields are marked *