(၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ ၎၏ပိုင္ဆိုင္မႈကိုခ်ျပရဲေၾကာင္း ေျပာဆိုလိုက္တဲ့ ျပည္ခိုင္ၿဖိဳးအမတ္ဦးေမာင္ျမင့္

၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳး ပါတီက အႏိုင္ရရွိၿပီးဦးေမာင္ျမင့္သည္ ဝန္ႀကီးတစ္ပါး ျဖစ္ခဲ့ၿပီး ၎၏ပိုင္ဆိုင္မႈမ်ားကိုခ်ိတ္ပိတ္ကာ သမၼတႀကီး ဦးသိန္းစိန္ထံေပးပို႔ ခဲ့ရသည္ဟု ဆိုသည္။သမၼတႀကီးကကြၽန္ေတာ္တို႔ တာဝန္ၿပီးေတာ့ အဲဒီစာအိတ္ျပန္ေပးတယ္။ ဖြင့္ေတာင္ မၾကည့္ပါဘူး။ဘာလို႔ဖြင့္မၾကည့္လဲဆိုေတာ့ ဒါကျပသနာျဖစ္ရင္ဖြင့္ၾကည့္မွာေလ ။

ဘာျပသနာမွမျဖစ္လို႔ဖြင့္မၾကည့္တာပါ”ဟုေျပာသည္။ျပည္ခိုင္ၿဖိဳးပါတီမင္းကင္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ျမင့္က ေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္းမ်ားပိုင္ဆိုင္မႈခ်ျပရန္လိုအပ္ပါက ပိုင္ဆိုင္မႈခ်ျပရဲသည္ဟု ေျပာ ၾကားခဲ့သည္။ ဇြန္ ၂၅ရက္က မင္း ကင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ျမင့္ကသတင္းစာရွင္းလင္းပြဲျပဳလုပ္စဥ္အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြပိုင္ဆိုင္မႈခ်ျပရမယ္လို႔ ဥပေဒေတာ့မရွိဘူး။သို႔ေသာ္ ဒီကာလမွာ ၫႊန္ၾကားခ်က္အမိန႔္ တစ္စုံတစ္ရာ ထုတ္ျပန္လာရင္ ပိုင္ဆိုင္မႈခ်ျပရဲပါတယ္။သို႔ေသာ္ ျပည္ခိုင္ၿဖိဳးတစ္ခုတည္းကိုပဲ ပိုင္ဆိုင္မႈခ်ျပရမယ္ဆိုရင္ ပုဂၢလိက ဆန္လြန္းတယ္ေလ။ အကုန္ခ်ျပ ရဲရမွာေပါ့”ဟု ၎ကေျပာဆိုသည္။

REF: THE FIFTH WAVE NEWS

UNICODE

(၂၀၂၀)ရွေးကောက်ပွဲတွင် ၎င်း၏ပိုင်ဆိုင်မှုကိုချပြရဲကြောင်း ပြောဆိုလိုက်တဲ့ ပြည်ခိုင်ဖြိုးအမတ်ဦးမောင်မြင့်

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီက အနိုင်ရရှိပြီးဦးမောင်မြင့်သည် ဝန်ကြီးတစ်ပါး ဖြစ်ခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှုများကိုချိတ်ပိတ်ကာ သမ္မတကြီး ဦးသိန်းစိန်ထံပေးပို့ ခဲ့ရသည်ဟု ဆိုသည်။သမ္မတကြီးကကျွန်တော်တို့ တာဝန်ပြီးတော့ အဲဒီစာအိတ်ပြန်ပေးတယ်။ ဖွင့်တောင် မကြည့်ပါဘူး။ဘာလို့ဖွင့်မကြည့်လဲဆိုတော့ ဒါကပြသနာဖြစ်ရင်ဖွင့်ကြည့်မှာလေ ။

ဘာပြသနာမှမဖြစ်လို့ဖွင့်မကြည့်တာပါ”ဟုပြောသည်။ပြည်ခိုင်ဖြိုးပါတီမင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်က ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများပိုင်ဆိုင်မှုချပြရန်လိုအပ်ပါက ပိုင်ဆိုင်မှုချပြရဲသည်ဟု ပြော ကြားခဲ့သည်။ ဇွန် ၂၅ရက်က မင်း ကင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပိုင်ဆိုင်မှုချပြရမယ်လို့ ဥပဒေတော့မရှိဘူး။သို့သော် ဒီကာလမှာ ညွှန်ကြားချက်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်လာရင် ပိုင်ဆိုင်မှုချပြရဲပါတယ်။သို့သော် ပြည်ခိုင်ဖြိုးတစ်ခုတည်းကိုပဲ ပိုင်ဆိုင်မှုချပြရမယ်ဆိုရင် ပုဂ္ဂလိက ဆန်လွန်းတယ်လေ။ အကုန်ချပြ ရဲရမှာပေါ့”ဟု ၎င်းကပြောဆိုသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *