(၂၅-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီCOVID-19ႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

ဓာတ္ခြဲအတည္ျပဳလူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆး မႈတြင္ (၂) ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၃) ဦး (Case- 216, 235 ႏွင့္ 242) ရွိသျဖင့္ COVID-19 ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၂၁၁) ဦးရွိပါသည္။

၎တို႔အနက္ (၁၉၅) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။(၂၄-၆-၂၀၂၀) ရက္ေန႔၊ ေန႔လယ္(၁၂:၀၀) နာရီမွ(၂၅-၆-၂၀၂၀)ရက္ေန႔၊ ေန႔လယ္(၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၂၄) ဦး ရွိပါသည္။

(၂၅-၆-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL ) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၄၆၆)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၂၁၉) ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈ ဆိုင္ရာဌာန (မႏၲေလး) (PHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၁၀၅) ခုႏွင့္

ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၉၅) ခု၊ စုစုေပါင္း (၈၈၅)ခု အား ယေန႔၊ ညေနတြင္ စစ္ ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ မေတြ႕ရွိပါ။ (၂၅-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံ တြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၂၉၃) ဦးရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

(၂၅-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီCOVID-19နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေး မှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case- 216, 235 နှင့် 242) ရှိသဖြင့် COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၁၁) ဦးရှိပါသည်။

၎င်းတို့အနက် (၁၉၅) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့် ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။(၂၄-၆-၂၀၂၀) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီမှ(၂၅-၆-၂၀၂၀)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၄) ဦး ရှိပါသည်။

(၂၅-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၆၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၁၉) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၀၅) ခုနှင့်

ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၅) ခု၊ စုစုပေါင်း (၈၈၅)ခု အား ယနေ့၊ ညနေတွင် စစ် ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။ (၂၅-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၃) ဦးရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *