COVID-19ေၾကာင့္ ဟြန္းဒူးရပ္စ္ ႏိုင္ငံ၏ က်န္းမာေရးစနစ္ ၿပိဳလဲသြား ၿပီျဖစ္ေၾကာင္း က်န္းမာေရး ဝန္ႀကီး ဝန္ခံ

ဟြန္းဒူးရပ္စ္ အစိုးရကေတာ့ က်န္းမာေရး ဌာနေတြ မွာ အခုလိုမ်ိဳး လူစုလူေဝးေတြ မျဖစ္ဖို႔ ၿပီးခဲ့တဲ့မတ္လတုန္းက အေသးစားေဆး႐ုံ (၇)ခု ဝယ္ယူခဲ့တယ္လို႔ ေျပာပါတယ္။ဟြန္းဒူးရပ္စ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ ခံရသူအသစ္ (၆၀၀) ေက်ာ္ နဲ႔ ေသဆုံးသူ (၁၂)ဦး ထပ္တိုးခဲ့တာေၾကာင့္ လက္ရွိ အခ်ိန္ထိ ဗိုင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း (၁)ေသာင္း (၅)ေထာင္နီးပါး ရွိပါတယ္။

ေသဆုံးသူ စုစုေပါင္း (၄၁၇)ဦးရွိသြားၿပီလို႔ ထုတ္ျပန္ ထားခ်က္ အရ သိရပါတယ္။ဟြန္းဒူးရပ္စ္ ႏိုင္ငံမွာ ျပည္သူ႔ က်န္းမာေရးစနစ္ ၿပိဳလဲ သြားၿပီးေနာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္ လကၡဏာျပေနတဲ့ လူေတြ ေရာဂါရွိ-မရွိ အစမ္းသပ္ခံရဖို႔ကို (၅)နာရီၾကာ ေစာင့္ဆိုင္းေနရတယ္လို႔ သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ ေရာဂါ ကူးစက္ျပန႔္ပြားမႈေတြၾကားမွာ ႏိုင္ငံရဲ႕ က်န္းမာေရးစနစ္ ၿပိဳလဲသြားၿပီ ျဖစ္ေၾကာင္း ဟြန္းဒူးရပ္စ္ က်န္းမာေရး ဝန္ႀကီးဌာနက ဝန္ခံခဲ့တာပါ။ႏိုင္ငံအတြင္းက ေဆး႐ုံေတြမွာ လက္ရွိ တက္ေရာက္ ကုသေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္လူနာအေရအတြက္ အလြန္ မ်ားျပားၿပီး က်န္းမာေရး ဝန္ထမ္းေတြလည္း မႏိုင္နင္းေတာ့တာေၾကာင့္ က်န္းမာေရး စနစ္ၿပိဳလဲသြားခဲ့တာလို႔ ဆိုပါတယ္။

ၿမိဳ႕ေတာ္ တက္ဂူဆီလ္ဂါလ္ပါ (Tegucigalpa) မွာ အေျခအေနအဆိုး႐ြားဆုံးလို႔ သိရၿပီး၊ လူနာတခ်ိဳ႕က က်န္းမာေရးဌာန အျပင္ဘက္မွာ တန္းစီေစာင့္ဆိုင္းေနၾက ရလို႔ ေဒါသထြက္ေနၾကပါတယ္။

crd : blacker

UNICODE

COVID-19ကြောင့် ဟွန်းဒူးရပ်စ် နိုင်ငံ၏ ကျန်းမာရေးစနစ် ပြိုလဲသွား ပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဝန်ခံ

ဟွန်းဒူးရပ်စ် အစိုးရကတော့ ကျန်းမာရေး ဌာနတွေ မှာ အခုလိုမျိုး လူစုလူဝေးတွေ မဖြစ်ဖို့ ပြီးခဲ့တဲ့မတ်လတုန်းက အသေးစားဆေးရုံ (၇)ခု ဝယ်ယူခဲ့တယ်လို့ ပြောပါတယ်။ဟွန်းဒူးရပ်စ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူအသစ် (၆၀၀) ကျော် နဲ့ သေဆုံးသူ (၁၂)ဦး ထပ်တိုးခဲ့တာကြောင့် လက်ရှိ အချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း (၁)သောင်း (၅)ထောင်နီးပါး ရှိပါတယ်။

သေဆုံးသူ စုစုပေါင်း (၄၁၇)ဦးရှိသွားပြီလို့ ထုတ်ပြန် ထားချက် အရ သိရပါတယ်။ဟွန်းဒူးရပ်စ် နိုင်ငံမှာ ပြည်သူ့ ကျန်းမာရေးစနစ် ပြိုလဲ သွားပြီးနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် လက္ခဏာပြနေတဲ့ လူတွေ ရောဂါရှိ-မရှိ အစမ်းသပ်ခံရဖို့ကို (၅)နာရီကြာ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါ ကူးစက်ပြန့်ပွားမှုတွေကြားမှာ နိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြိုလဲသွားပြီ ဖြစ်ကြောင်း ဟွန်းဒူးရပ်စ် ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ခံခဲ့တာပါ။နိုင်ငံအတွင်းက ဆေးရုံတွေမှာ လက်ရှိ တက်ရောက် ကုသနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်လူနာအရေအတွက် အလွန် များပြားပြီး ကျန်းမာရေး ဝန်ထမ်းတွေလည်း မနိုင်နင်းတော့တာကြောင့် ကျန်းမာရေး စနစ်ပြိုလဲသွားခဲ့တာလို့ ဆိုပါတယ်။

မြို့တော် တက်ဂူဆီလ်ဂါလ်ပါ (Tegucigalpa) မှာ အခြေအနေအဆိုးရွားဆုံးလို့ သိရပြီး၊ လူနာတချို့က ကျန်းမာရေးဌာန အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေကြ ရလို့ ဒေါသထွက်နေကြပါတယ်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *