KTV တစ္ခုတြင္ အမ်ိဳးသား တစ္ဦး သီခ်င္းဆိုေနရင္း အေမာေဖာက္ကာ ေသဆုံးမႈျဖစ္ပြား
|ေသဆုံးသူ၏ ဇနီး ျဖစ္သူ ေျပာၾကားခ်က္ အရ ေသဆုံးသူ အမ်ိဳးသားမွာ ေသြးတိုး ေရာဂါ အခံရွိသူ ျဖစ္ေၾကာင္း သိရၿပီး ပဲခူးၿမိဳ႕ အမွတ္ (၃) နယ္ေျမ ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၁၁/၂၀၂၀ ျဖင့္ အမႈဖြင့္ထားကာ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆး ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။
ပဲခူးၿမိဳ႕တြင္ KTV တစ္ခု ၌ အမ်ိဳးသား တစ္ဦး သီခ်င္းဆိုေနစဥ္ အေမာေဖာက္ ေသဆုံးခဲ့ေၾကာင္း သိရသည္။ ဇြန္ ၂၃ ရက္ ည ၁၁ နာရီခြဲခန႔္ က ပဲခူးၿမိဳ႕ရွိ … KTV တြင္ သီခ်င္းဆိုေနေသာ အမ်ိဳးသား တစ္ဦးမွာ အေမာေဖာက္၍ ေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ျဖစ္စဥ္မွာ ဥသာၿမိဳ႕သစ္ ေန အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးသည္ မဇင္းရပ္ကြက္ ပဲခူးၿမိဳ႕ေန သူငယ္ခ်င္း ျဖစ္သူႏွင့္အတူ။
ဇြန္ ၂၃ ရက္ည ၉ နာရီခြဲခန႔္က ….. ေကတီဗြီ သို႔ ေရာက္ ရွိၿပီး သီခ်င္း သီဆိုကာ DUNFIFE ဝီစကီအရက္ ႏွစ္ပုလင္းႏွင့္ ကိုကာကိုလာ အ ခ်ိဳ ရည္ဘူး ႀကီး ႏွစ္ဘူး မွာယူေသာက္ ခဲ့ေၾကာင္း၊ ထိုသို႔ အရက္ ေသာက္စား သီခ်င္း သီဆို ေနစဥ္ ည ၁၁ နာရီခန႔္တြင္ ေသဆုံးသူမွာ အ သက္ရႈ ၾကပ္ၿပီး အေမာ ေဖာက္လာသျဖင့္ ပဲခူးေဆး႐ုံႀကီး သို႔ ပို႔ေဆာင္စဥ္ လမ္းတြင္ ေသဆုံး သြားေၾကာင္း သိရသည္။
ေလးစားမႈျဖင့္ ခရစ္ဒက္ EMG
UNICODE
KTV တစ်ခုတွင် အမျိုးသား တစ်ဦး သီချင်းဆိုနေရင်း အမောဖောက်ကာ သေဆုံးမှုဖြစ်ပွား
သေဆုံးသူ၏ ဇနီး ဖြစ်သူ ပြောကြားချက် အရ သေဆုံးသူ အမျိုးသားမှာ သွေးတိုး ရောဂါ အခံရှိသူ ဖြစ်ကြောင်း သိရပြီး ပဲခူးမြို့ အမှတ် (၃) နယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၂၀ ဖြင့် အမှုဖွင့်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေး ဆောင် ရွက်နေကြောင်း သိရသည်။
ပဲခူးမြို့တွင် KTV တစ်ခု ၌ အမျိုးသား တစ်ဦး သီချင်းဆိုနေစဉ် အမောဖောက် သေဆုံးခဲ့ကြောင်း သိရသည်။ ဇွန် ၂၃ ရက် ည ၁၁ နာရီခွဲခန့် က ပဲခူးမြို့ရှိ … KTV တွင် သီချင်းဆိုနေသော အမျိုးသား တစ်ဦးမှာ အမောဖောက်၍ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဥသာမြို့သစ် နေ အသက် ၃၂ နှစ်အရွယ် အမျိုးသား တစ်ဦးသည် မဇင်းရပ်ကွက် ပဲခူးမြို့နေ သူငယ်ချင်း ဖြစ်သူနှင့်အတူ။
ဇွန် ၂၃ ရက်ည ၉ နာရီခွဲခန့်က ….. ကေတီဗွီ သို့ ရောက် ရှိပြီး သီချင်း သီဆိုကာ DUNFIFE ဝီစကီအရက် နှစ်ပုလင်းနှင့် ကိုကာကိုလာ အ ချို ရည်ဘူး ကြီး နှစ်ဘူး မှာယူသောက် ခဲ့ကြောင်း၊ ထိုသို့ အရက် သောက်စား သီချင်း သီဆို နေစဉ် ည ၁၁ နာရီခန့်တွင် သေဆုံးသူမှာ အ သက်ရှု ကြပ်ပြီး အမော ဖောက်လာသဖြင့် ပဲခူးဆေးရုံကြီး သို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံး သွားကြောင်း သိရသည်။
လေးစားမှုဖြင့် ခရစ်ဒက် EMG