ကြၽန္းလွၿမိဳ႕နယ္ဒု-အုပ္ခ်ဳပ္ေရးမႈးအပါအဝင္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ အရာရွိမ်ားဖမ္းဆီးခံရျခင္းသည္ တရားမဝင္သစ္ကိစၥျဖစ္ႏိုင္ဟု တိုင္းလႊတ္ေတာ္အမတ္ေျပာ

ဇြန္ ၂၅ ရက္ ညေနပိုင္းက ကြၽန္းလွၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးအာင္မ်ိဳးဦး၊ ကြၽန္းလွစခန္းမႉး ဒုရဲမႉး သန္းထိုက္၊ ကန႔္ဘလူခ႐ိုင္မွ ရဲအုပ္ရဲ လင္း၊ ကြၽန္းလွနယ္ ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ မ်ိဳးလြင္တို႔ကို ေ႐ႊဘိုခ႐ိုင္ ရဲတပ္ဖြဲ႕က မုံ႐ြာသို႔ ေခၚေဆာင္သြားသည္ဟု လူမႈကြန္ရက္စာ မ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။ ၿပီးခဲ့သည့္လက အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စစ္ကိုင္းတိုင္းေဒသႀကီး ကန႔္ဘလူခ႐ိုင္ ကြၽန္းလွၿမိဳ႕သို႔ ေရာက္ရွိလာၿပီး စုံစမ္းစစ္ေဆးေရးမ်ား ျပဳလုပ္ခဲ့သည္ဟု သိရသည္။

ေသခ်ာတယ္ ညက ရဲတပ္ဖြဲ႕က အရာရွိ(၄)ေယာက္ ေခၚသြားတယ္။ ကြၽန္းလွၿမိဳ႕နယ္က ရဲမႈးရယ္၊ စခန္းမႈးရယ္ နယ္ထိန္းရယ္ ေနာက္ ၿပီးေတာ့ ကန႔္ဘလူခ႐ိုင္က (၁)ေယာက္ရယ္။ ကြၽန္းလွၿမိဳ႕ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး စိုးကိုကိုကေတာ့ မနက္က ေခၚသြားတယ္။ အားလုံးေပါင္း (၅)ေယာက္ေပါ့ေနာ္။ ေ႐ႊေမ်ာကိစၥနဲ႔ သစ္ကိစၥလို႔ ခန႔္မွန္းရတာေပါ့ေနာ္” ဟု ကြၽန္းလွၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လင္းက ေျပာၾကားသည္။

ကြၽန္းလွၿမိဳ႕ ဒုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈးအပါအဝင္ ရဲတပ္ဖြဲ႕မွ ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕ ဖမ္းဆီး ထိန္းသိမ္းခံရေၾကာင္း ကြၽန္းလွၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ ၁ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္လင္းက ေျပာၾကားသည္။စစ္ကိုင္းတိုင္း ေဒသႀကီး ကန႔္ဘ လူခ႐ိုင္ ကြၽန္းလွၿမိဳ႕ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈးအပါအဝင္ ယင္းၿမိဳ႕နယ္၏ ရဲတပ္ဖြဲ႕မွ ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕ ဇြန္ ၂၅ ရက္ႏွင့္ ဇြန္ ၂၆ ရက္က ဖမ္းဆီးထိန္းသိမ္းခံခဲ့ရျခင္းျဖစ္သည္။

အဆိုပါကြၽန္းလွၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႈးအပါအဝင္ ယင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရမႈ သည္ ေဒသတြင္း တရားမဝင္ သစ္ကိစၥႏွင့္ သဖန္းဆိပ္ဆည္အတြင္း ေ႐ႊေမ်ာသမားမ်ားထံမွ လာဘ္ေငြရယူခဲ့မႈႏွင့္ ပတ္သက္ႏိုင္ေၾကာင္း သိရသည္။

REF: ELEVEN MEDIA

unicode

ကျွန်းလှမြို့နယ်ဒု-အုပ်ချုပ်ရေးမှုးအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိများဖမ်းဆီးခံရခြင်းသည် တရားမဝင်သစ်ကိစ္စဖြစ်နိုင်ဟု တိုင်းလွှတ်တော်အမတ်ပြော

ဇွန် ၂၅ ရက် ညနေပိုင်းက ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအာင်မျိုးဦး၊ ကျွန်းလှစခန်းမှူး ဒုရဲမှူး သန်းထိုက်၊ ကန့်ဘလူခရိုင်မှ ရဲအုပ်ရဲ လင်း၊ ကျွန်းလှနယ် ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးလွင်တို့ကို ရွှေဘိုခရိုင် ရဲတပ်ဖွဲ့က မုံရွာသို့ ခေါ်ဆောင်သွားသည်ဟု လူမှုကွန်ရက်စာ မျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ပြီးခဲ့သည့်လက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့သို့ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးရေးများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

သေချာတယ် ညက ရဲတပ်ဖွဲ့က အရာရှိ(၄)ယောက် ခေါ်သွားတယ်။ ကျွန်းလှမြို့နယ်က ရဲမှုးရယ်၊ စခန်းမှုးရယ် နယ်ထိန်းရယ် နောက် ပြီးတော့ ကန့်ဘလူခရိုင်က (၁)ယောက်ရယ်။ ကျွန်းလှမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး စိုးကိုကိုကတော့ မနက်က ခေါ်သွားတယ်။ အားလုံးပေါင်း (၅)ယောက်ပေါ့နော်။ ရွှေမျောကိစ္စနဲ့ သစ်ကိစ္စလို့ ခန့်မှန်းရတာပေါ့နော်” ဟု ကျွန်းလှမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ပြောကြားသည်။

ကျွန်းလှမြို့ ဒုမြို့နယ် အုပ်ချုပ်ရေးမှုးအပါအဝင် ရဲတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ ဖမ်းဆီး ထိန်းသိမ်းခံရကြောင်း ကျွန်းလှမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လင်းက ပြောကြားသည်။စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘ လူခရိုင် ကျွန်းလှမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးအပါအဝင် ယင်းမြို့နယ်၏ ရဲတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ ဇွန် ၂၅ ရက်နှင့် ဇွန် ၂၆ ရက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါကျွန်းလှမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှုးအပါအဝင် ယင်းမြို့နယ် ရဲတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရမှု သည် ဒေသတွင်း တရားမဝင် သစ်ကိစ္စနှင့် သဖန်းဆိပ်ဆည်အတွင်း ရွှေမျောသမားများထံမှ လာဘ်ငွေရယူခဲ့မှုနှင့် ပတ်သက်နိုင်ကြောင်း သိရသည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *