တမင္သက္သက္ ေျခာက္တာ မဟုတ္ပါ ဝက္သား သ တိထား စားၾကပါလို႔ ေျပာရတဲ့အေၾကာင္းရင္း

တတ္ႏိုင္သေလာက္ေတာ့ ဒီရက္ပိုင္း ဝက္သားအဝယ္ သတိထားဝယ္ၾက ဝက္သား အစား ၾကည့္စားၾကေပါ့။ဘာရယ္ေတာ့ အတိ အက် က်ေနာ္ မေျပာတတ္ေသးေပမယ့္ က်ေနာ့ တပည့္တပန္း မိသားစုေတြထဲက ဝက္ေတြကေတာ့ ဘာေရာဂါမွန္းမသိ ၿခံလုံးကြၽတ္ ေသ ကုန္ ၾကၿပီေလ။ေျခာက္ တာ မဟုတ္ပါ ေကာလဟလ ဖ်န႔္တာ မဟုတ္ပါ မယုံရင္ က်ေနာ့ကို လာေမးႏိုင္ပါတယ္။

က်ေနာ္ ခုေျပာသမွ် ႀကဳံေနရသူေတြနဲ႔ ေပးေတြ႕ပါ့မယ္။ Ok ေျပာျပပါ့မယ္။ခုတေလာ ဝက္ေတြ ၿခံလုံးကြၽတ္ ဖ်ားနာ ေသတာ ရန္ကုန္ အနီး တဝိုက္နဲ႔ ခပ္လွမ္းလွမ္းမွာ ျဖစ္ေနတာ ခပ္စိပ္စိပ္ ျဖစ္လို႔ေနေၾကာင္းသိရပါတယ္။ဘယ္လိုသိတာလဲ ေမးရင္ က်ေနာ္နဲ႔ တိုက္႐ိုက္သိတဲ့ ကိုယ္တိုင္ေမြးျမဴသူ မိဘကဝက္ေမြးျမဴသူေတြကေန တဆင့္ သူတို႔ ႀကဳံေနရတဲ့ အခက္အခဲကိုေျပာၾက ဆိုၾကရင္း သိတာပါဗ်။

ဝက္ေသတာ ဆန္းသလားမဆန္းပါဘူး လူေတာင္ ေသၾကေသးတာ သတ္စားဖို႔ ေမြးထားတဲ့ဝက္ေသတာ ဆန္းပါ့မလား။ ခက္တာ က ႐ိုး ႐ိုးေသတာ မဟုတ္။တေကာင္ေသၿပီး ေနာက္တေကာင္ကိုကူး ဆက္တိုက္ကူးၿပီး ၿခံလုံးကြၽတ္ေသတယ္ဆိုေတာ့ ထူးျခား လာၿပီ။ဘာ ေၾကာင့္လဲ ဘာေရာဂါလဲ ဘယ္လို ကုသႏိုင္မလဲ ဆိုတာကိုေတာ့ မနက္ျဖန္မွ က်ေနာ္ တိေမြးကုေတြကိုေမးျမန္းၾကည့္ပါအုံးမယ္ဗ်။

က်ေနာ္ေျပာလိုတာက ဒီ ဝက္ဖ်ားတာကို မဟုတ္ပါ ဝက္ေသတာကို မဟုတ္ပါ ဝက္ ဘာေရာဂါျဖစ္တာလဲ ဆိုတာကို မဟုတ္ပါ။ဝက္ဘဲဟာ ဖ်ားမွာေပါ့ ေသမွာေပါ့ ဘာမွမထူးဆန္း။ဒါဆို ဘာကိုေျပာခ်င္တာလဲ ဆိုေတာ့ အဲ့လို ေသသြားတဲ့ ဝက္ကို ေျမျမႇဳပ္ ဖ်က္ဆီးတာမ်ိဳး မလုပ္ ၾကဘဲ အသားဖ်က္ၿပီး ရတဲ့ေဈးနဲ႔ ဝယ္တဲ့သူထံလိုက္ေရာင္းၾကတာပါဘဲဗ်။

ဒါ က်ေနာ္ကိုယ္တိုင္ ေမးျမန္းထားတာေနာ္။မင္းတို႔ကြာ ဖ်ားၿပီးေသတဲ့ဝက္ ေရာဂါေတြနဲ႔ အႏၲရယ္မ်ားပါတယ္ကြာ “”” ဆိုေတာ့ “။ ဆရာ ရယ္ ရင္းထားသမွ် ကုန္ၿပီေလ။ ခေလးေတြ ေက်ာင္းဖြင့္ခ်ိန္အတြက္ ခ်ိန္ေမြးထားတာ။ ခုက ကိုဗစ္က ျဖစ္ ပိုက္ဆံက မရွိ။ ဒီၾကားထဲ ဝက္ ေတြက ေသ။ အရင္းျပဳတ္ အေႂကြးတင္ေတာ့ ရသေလာက္ေလး ျပန္ရွာၾကည့္တာပါဆရာရယ္” တဲ့။

က်ေနာ္မွာ သူတို႔ကို ထပ္ေျပာဖို႔ စကား သိပ္မ်ားမ်ားစားစား မရွိေတာ့။“ဘယ္သူေတြက ဝယ္ၾကသလဲ” ေမးၾကည့္ေတာ့ “အစုံပါဘဲ ဆရာရယ္ အသား ျပန္ေရာင္းမယ့္ ဝက္သားသည္ ဒုတ္ထိုးသည္ ထမင္းဆိုင္ အစုံပါဘဲ “”တဲ့ဗ်။ဆိုေတာ့ ေတြးသာ ၾကည့္ေတာ့ ရန္ကုန္ အနီးနားကေန ၿမိဳ႕ပတ္ရထားေလးစီး သဗၺာန္ေလးစီး YBS ေလးစီးၿပီး သယ္လာၾကတဲ့ ဝက္သားေတြထဲ။

အဲ့လို ဝက္သားေတြ ပါမလာႏိုင္ေပဘူးလား ?မျဖစ္ရင္ေတာ့ ေကာင္းပါရဲ႕ ျဖစ္လာရင္ေတာ့ က်န္းမာေရးရႈ႕ေထာင့္အရ ေနမေကာင္း ဖ်ားနာ ၿပီး ေသသြားတဲ့ အသားဆိုတာမ်ိဳးက လုံးဝကို မစားသင့္တဲ့ အသားမ်ိဳးပါ။

ခရက္ဒစ္ : Naingzar Myint Fb

UNICODE

တမင်သက်သက် ခြောက်တာ မဟုတ်ပါ ဝက်သား သ တိထား စားကြပါလို့ ပြောရတဲ့အကြောင်းရင်း

တတ်နိုင်သလောက်တော့ ဒီရက်ပိုင်း ဝက်သားအဝယ် သတိထားဝယ်ကြ ဝက်သား အစား ကြည့်စားကြပေါ့။ဘာရယ်တော့ အတိ အကျ ကျနော် မပြောတတ်သေးပေမယ့် ကျနော့ တပည့်တပန်း မိသားစုတွေထဲက ဝက်တွေကတော့ ဘာရောဂါမှန်းမသိ ခြံလုံးကျွတ် သေ ကုန် ကြပြီလေ။ခြောက် တာ မဟုတ်ပါ ကောလဟလ ဖျန့်တာ မဟုတ်ပါ မယုံရင် ကျနော့ကို လာမေးနိုင်ပါတယ်။

ကျနော် ခုပြောသမျှ ကြုံနေရသူတွေနဲ့ ပေးတွေ့ပါ့မယ်။ Ok ပြောပြပါ့မယ်။ခုတလော ဝက်တွေ ခြံလုံးကျွတ် ဖျားနာ သေတာ ရန်ကုန် အနီး တဝိုက်နဲ့ ခပ်လှမ်းလှမ်းမှာ ဖြစ်နေတာ ခပ်စိပ်စိပ် ဖြစ်လို့နေကြောင်းသိရပါတယ်။ဘယ်လိုသိတာလဲ မေးရင် ကျနော်နဲ့ တိုက်ရိုက်သိတဲ့ ကိုယ်တိုင်မွေးမြူသူ မိဘကဝက်မွေးမြူသူတွေကနေ တဆင့် သူတို့ ကြုံနေရတဲ့ အခက်အခဲကိုပြောကြ ဆိုကြရင်း သိတာပါဗျ။

ဝက်သေတာ ဆန်းသလားမဆန်းပါဘူး လူတောင် သေကြသေးတာ သတ်စားဖို့ မွေးထားတဲ့ဝက်သေတာ ဆန်းပါ့မလား။ ခက်တာ က ရိုး ရိုးသေတာ မဟုတ်။တကောင်သေပြီး နောက်တကောင်ကိုကူး ဆက်တိုက်ကူးပြီး ခြံလုံးကျွတ်သေတယ်ဆိုတော့ ထူးခြား လာပြီ။ဘာ ကြောင့်လဲ ဘာရောဂါလဲ ဘယ်လို ကုသနိုင်မလဲ ဆိုတာကိုတော့ မနက်ဖြန်မှ ကျနော် တိမွေးကုတွေကိုမေးမြန်းကြည့်ပါအုံးမယ်ဗျ။

ကျနော်ပြောလိုတာက ဒီ ဝက်ဖျားတာကို မဟုတ်ပါ ဝက်သေတာကို မဟုတ်ပါ ဝက် ဘာရောဂါဖြစ်တာလဲ ဆိုတာကို မဟုတ်ပါ။ဝက်ဘဲဟာ ဖျားမှာပေါ့ သေမှာပေါ့ ဘာမှမထူးဆန်း။ဒါဆို ဘာကိုပြောချင်တာလဲ ဆိုတော့ အဲ့လို သေသွားတဲ့ ဝက်ကို မြေမြှုပ် ဖျက်ဆီးတာမျိုး မလုပ် ကြဘဲ အသားဖျက်ပြီး ရတဲ့ဈေးနဲ့ ဝယ်တဲ့သူထံလိုက်ရောင်းကြတာပါဘဲဗျ။

ဒါ ကျနော်ကိုယ်တိုင် မေးမြန်းထားတာနော်။မင်းတို့ကွာ ဖျားပြီးသေတဲ့ဝက် ရောဂါတွေနဲ့ အန္တရယ်များပါတယ်ကွာ “”” ဆိုတော့ “။ ဆရာ ရယ် ရင်းထားသမျှ ကုန်ပြီလေ။ ခလေးတွေ ကျောင်းဖွင့်ချိန်အတွက် ချိန်မွေးထားတာ။ ခုက ကိုဗစ်က ဖြစ် ပိုက်ဆံက မရှိ။ ဒီကြားထဲ ဝက် တွေက သေ။ အရင်းပြုတ် အကြွေးတင်တော့ ရသလောက်လေး ပြန်ရှာကြည့်တာပါဆရာရယ်” တဲ့။

ကျနော်မှာ သူတို့ကို ထပ်ပြောဖို့ စကား သိပ်များများစားစား မရှိတော့။“ဘယ်သူတွေက ဝယ်ကြသလဲ” မေးကြည့်တော့ “အစုံပါဘဲ ဆရာရယ် အသား ပြန်ရောင်းမယ့် ဝက်သားသည် ဒုတ်ထိုးသည် ထမင်းဆိုင် အစုံပါဘဲ “”တဲ့ဗျ။ဆိုတော့ တွေးသာ ကြည့်တော့ ရန်ကုန် အနီးနားကနေ မြို့ပတ်ရထားလေးစီး သဗ္ဗာန်လေးစီး YBS လေးစီးပြီး သယ်လာကြတဲ့ ဝက်သားတွေထဲ။

အဲ့လို ဝက်သားတွေ ပါမလာနိုင်ပေဘူးလား ?မဖြစ်ရင်တော့ ကောင်းပါရဲ့ ဖြစ်လာရင်တော့ ကျန်းမာရေးရှု့ထောင့်အရ နေမကောင်း ဖျားနာ ပြီး သေသွားတဲ့ အသားဆိုတာမျိုးက လုံးဝကို မစားသင့်တဲ့ အသားမျိုးပါ။

ခရက်ဒစ် :  Naingzar Myint Fb

Add a Comment

Your email address will not be published. Required fields are marked *