ဖခင္ျဖစ္သူေရးဆြဲခဲ့တဲ့ ပန္းခ်ီကားတစ္ခ်ပ္နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈမ်ားရွိေနျခင္းအေပၚ ပြင့္လင္းစြာေျပာျပလာတဲ့ ခ်စ္သုေဝ

သ႐ုပ္ေဆာင္ခ်စ္သုေဝက လြန္ခဲ့တဲ့ “ ကြၽန္မေဖေဖေရးဆြဲေသာ ပန္းခ်ီပုံတစ္ခု ႏွင့္ပတ္သက္၍ အနည္းငယ္ေျပာဖို႔ ရွိလာပါ သည္။ အဲဒီေန႔ က လူထုေခါင္းေဆာင္ အေမ့ေမြးေန႔။ ကြၽန္မေဖေဖက ေမြးေန႔ပန္းခ်ီ ကား တစ္ခ်ပ္ဆြဲထား၍ ေဖေဖ့အိမ္သို႔ သြားပါသည္။ ရည္႐ြယ္ခ်က္က ကြၽန္မတို႔ပန္းခ်ီကားႏွင့္ အမွတ္တရေမြးေန႔ဆုမြန္ ေတာင္းဖို႔ပါ။ ႐ိုး႐ိုးသားသားေျပာရရင္ ျဖစ္ေၾကာင္းကုန္စင္က ဒီေလာက္ပါဘဲ။ ေဖေဖႏွင့္ ခင္ပြန္းသည္ ကိုးကြယ္ေသာ ဗုဒၶဘာသာ အေပၚ ကြၽန္မက မေလးမစား ေစာ္ကားသည္ဟု ထင္ျမင္ခ်က္အခ်ိဳ႕ႏွင့္ပတ္သက္၍ အခုထိကြၽန္မ နားမလည္ႏိုင္ေသးပါ။ ကြၽန္မတို႔မိသားစု ဘုရားေက်ာင္းေဆာင္၊ မုခ္ဦး၊ တန္ေဆာင္း၊ ကထိန္ အလႉမ်ားကိုေဖာ္ျပ၍လည္း မရွင္းျပခ်င္ပါ။

ထိုအလႉမ်ားသည္ သဒၵါ၍ လႉခ်င္လို႔ လႉခဲ့ျခင္းျဖစ္ပါသည္။ ထိုအလႉမ်ား၏ မွတ္တမ္းမွတ္ရာ ဓါတ္ပုံမ်ားစြာ သည္လဲ ဒီလူမႈကြန္ ယက္ ေပၚတြင္ မ်ားစြာရွိပါသည္။ ဒီပန္းခ်ီကားႏွင့္ပတ္သက္၍ ကြၽန္မမွာ အားနည္းခ်က္တစ္ခုရွိခဲ့ပါသည္။ ဥဏၰလုံေမႊးရွင္ေတာ္ႏွင့္ ပတ္သက္၍ ပန္းခ်ီကားထဲ ထည့္ဆြဲသင့္၊မသင့္ကိုေတာ့ ကြၽန္မေဖေဖကို အႀကံဉာဏ္မေပးႏိုင္ခဲ့ပါ။ ဘာေၾကာင့္ဆိုရင္ က်မလုံးဝ မၾကားဖူးလို႔ဟုသာ အ မွန္အတိုင္းဝန္ခံပါသည္။ ဥဏၰလုံ ေမႊးရွင္ေတာ္ သေကၤတအနက္အဓိပၸါယ္ကို ကြၽန္မ အခုမွပင္ ဆရာေတာ္ ေတြ ကိုေလွ်ာက္၊ လူႀကီးေတြ ကိုေမး လုပ္ရပါသည္။ ဒါႏွင့္ပတ္သက္၍လဲ ကြၽန္မေဖေဖမွ ဆရာေတာ္ႀကီးအား ေလ်ာက္ထား ေမးျမန္း၍ သိရွိနားလည္ကာ။

ေလ့လာမႈခ်ိဳ႕ယြင္း ခ်က္ေၾကာင့္ေသာ္လည္းေကာင္း၊ နားလည္မႈလြဲမွား၍ေသာ္လည္းေကာင္း ၂၁ရက္ ဇြန္လက ေတာင္းပန္ထားပါသည္။ ကြၽန္မသည္ ခရစ္ယာန္ဘာသာဝင္ျဖစ္ပါသည္။ ကြၽန္မရဲ႕ဇာတိ အမိႏိုင္ငံသည္ ဗုဒၶသာသနာ ထြန္းကားရာ ျမန္မာႏိုင္ငံျဖစ္ပါသည္။ ကြၽန္မ ေဖေဖ ႏွင့္ ခင္ပြန္း သည္ ဗုဒၶသာသနာကို ဆည္းကပ္ပူေဇာ္သည္။ ကြၽန္မ မယ္သီလရွင္မဝတ္ပါ။ သို႔ေသာ္ ဦးဇင္းဆရာေတာ္မ်ားႏွင့္ မယ္ သီလရွင္ဆရာေလး မ်ားကိုေတာ့ ရွိခိုးကန္ေတာ့ပါသည္။ ဘာေၾကာင့္ ကန္ေတာ့လဲ ဟုေမးလွ်င္ ေလးစားၾကည္ညိဳ၍ ဟုသာ ေျဖပါမည္။ ဒီလိုကန္ေတာ့လို႔ ကြၽန္မႏွင့္ ဘာသာတူအခ်ိဳ႕မွ ေျပာဆိုမႈမ်ားရွိရင္လဲ ခ်စ္ျခင္း၊မုန္းျခင္း မျဖစ္ပါ။

ကိုလင္းေျပာေသာစကားတစ္ခြန္းကို အၿမဲမွတ္ထားသည္။ ” လူတစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္းဟာ သူ႔ရဲ႕ဘာသာေရးနဲ႔ ပတ္သက္ရင္ သူ႔ႏွ လုံးသားမွာ ကိန္းဝပ္ေနရင္ၿပီးတာဘဲ။ တရားေတြကို လုပ္ႏိုင္၊ မလုပ္ႏိုင္ ကေတာ့ ဘဝႀကီးထဲမွာ သူဘယ္လိုရပ္တည္ရွင္သန္မလဲ အေပၚမွာ မူတည္တာဘဲ ” တဲ့။ ကိုလင္းရဲ႕ ဒီစကားေၾကာင့္ ကြၽန္မရဲ႕ဘာသာတရားအေပၚလဲ ပိုမိုယုံၾကည္ခိုင္မာလာသလို၊ တစ္ပါးသူ၏ ဘာသာတ ရားအေပၚလည္း ေလးစားမႈ ပိုမိုခဲ့ပါသည္။ အားလုံး စိတ္ႏွလုံးခ်မ္းေျမ့ပါေစ” လို႔ ဆိုကာ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသား ထားတာျဖစ္ပါတယ္။

အဆိုေတာ္၊ သ႐ုပ္ေဆာင္ခ်စ္သုေဝကေတာ့ အႏုပညာေလာကထဲမွာ ခ်စ္စရာ ေကာင္းၿပီး၊ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရရွိထား တဲ့ သူတစ္ဦးအျဖစ္ ထင္ရွားပါတယ္။ေခတ္နဲ႔ သစ္ေဖာင္ေဒးရွင္းရဲ႕ တည္ေထာင္သူတစ္ဦးျဖစ္သလို၊ ကေလးငယ္ေတြနဲ႔ ပတ္သက္တဲ့ ပရ ဟိတေတာ္ေတာ္မ်ားမ်ားမွာ ဝင္ေရာက္ကူညီေပးေနတာကိုလည္း အားလုံးက အသိပဲျဖစ္ပါတယ္။ကိုဗစ္ ၁၉ ကာလမွာလည္း အေျခခံလူ တန္းစားေတာ္ေတာ္မ်ားမ်ားဆီကို ကိုယ္တိုင္ သြားေရာက္ကာ လႉဒါန္းမႈေတြကို အဆက္မျပတ္လုပ္ကိုင္ခဲ့သလို၊ က်န္းမာေရးဝန္ထမ္း ေတြနဲ႔ ေဆး႐ုံ၊ ေဆးခန္းမွာလိုအပ္တဲ့ ေဆးဝါးဆိုင္ရာပစၥည္းေတြကိုလည္း လႉဒါန္းခဲ့ ပါေသးတယ္။

လက္ရွိမွာ ၿပီးခဲ့တဲ့ ဇြန္ ၁၉ ရက္ေန႔က က်ေရာက္ခဲ့တဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံေဒၚ ေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔မွာ သူမရဲ႕ဖခင္ ေရးဆြဲ ထားတဲ့ ပန္းခ်ီကားနဲ႔ ေမြးေန႔ဆုမြန္ ေကာင္း ေတာင္းေပးခဲ့တာကိုလည္း ဆိုရွယ္မီဒီယာထက္မွာမွ်ေဝ ခဲ့ပါေသးတယ္။ ဒီပန္းခ်ီကားထဲမွာ ဘာသာေရးနဲ႔ပတ္သက္တဲ့အေၾကာင္းအရာမ်ားပါဝင္တဲ့အတြက္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ခ်စ္သုေဝနဲ႔ ၎ရဲ႕ဖခင္ ဦးေဇာ္ဝင္းကို အမ်ိဳး သားေရးအဖြဲ႕ ေရွ႕ေနႀကီး ဦးေအးပိုင္က တရားစြဲဆိုထားေၾကာင္းကို သကၤန္းကြၽန္းၿမိဳ႕ နယ္ရဲတပ္ဖြဲ႕ က အတည္ျပဳေျပာၾကား ထားတာျဖစ္ တယ္လို႔ ဆိုရွယ္မီဒီယာထက္မွာ သတင္းေတြ တက္လာခဲ့တာျဖစ္ပါတယ္။

SOURCE: CHIT THU WAI facebook

CREDIT: MYANMAPLATFORM

UNICODE

ဖခင်ဖြစ်သူရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုများရှိနေခြင်းအပေါ် ပွင့်လင်းစွာပြောပြလာတဲ့ ချစ်သုဝေ

သရုပ်ဆောင်ချစ်သုဝေက လွန်ခဲ့တဲ့ “ ကျွန်မဖေဖေရေးဆွဲသော ပန်းချီပုံတစ်ခု နှင့်ပတ်သက်၍ အနည်းငယ်ပြောဖို့ ရှိလာပါ သည်။ အဲဒီနေ့ က လူထုခေါင်းဆောင် အမေ့မွေးနေ့။ ကျွန်မဖေဖေက မွေးနေ့ပန်းချီ ကား တစ်ချပ်ဆွဲထား၍ ဖေဖေ့အိမ်သို့ သွားပါသည်။ ရည်ရွယ်ချက်က ကျွန်မတို့ပန်းချီကားနှင့် အမှတ်တရမွေးနေ့ဆုမွန် တောင်းဖို့ပါ။ ရိုးရိုးသားသားပြောရရင် ဖြစ်ကြောင်းကုန်စင်က ဒီလောက်ပါဘဲ။ ဖေဖေနှင့် ခင်ပွန်းသည် ကိုးကွယ်သော ဗုဒ္ဓဘာသာ အပေါ် ကျွန်မက မလေးမစား စော်ကားသည်ဟု ထင်မြင်ချက်အချို့နှင့်ပတ်သက်၍ အခုထိကျွန်မ နားမလည်နိုင်သေးပါ။ ကျွန်မတို့မိသားစု ဘုရားကျောင်းဆောင်၊ မုခ်ဦး၊ တန်ဆောင်း၊ ကထိန် အလှူများကိုဖော်ပြ၍လည်း မရှင်းပြချင်ပါ။

ထိုအလှူများသည် သဒ္ဒါ၍ လှူချင်လို့ လှူခဲ့ခြင်းဖြစ်ပါသည်။ ထိုအလှူများ၏ မှတ်တမ်းမှတ်ရာ ဓါတ်ပုံများစွာ သည်လဲ ဒီလူမှုကွန် ယက် ပေါ်တွင် များစွာရှိပါသည်။ ဒီပန်းချီကားနှင့်ပတ်သက်၍ ကျွန်မမှာ အားနည်းချက်တစ်ခုရှိခဲ့ပါသည်။ ဥဏ္ဏလုံမွှေးရှင်တော်နှင့် ပတ်သက်၍ ပန်းချီကားထဲ ထည့်ဆွဲသင့်၊မသင့်ကိုတော့ ကျွန်မဖေဖေကို အကြံဉာဏ်မပေးနိုင်ခဲ့ပါ။ ဘာကြောင့်ဆိုရင် ကျမလုံးဝ မကြားဖူးလို့ဟုသာ အ မှန်အတိုင်းဝန်ခံပါသည်။ ဥဏ္ဏလုံ မွှေးရှင်တော် သင်္ကေတအနက်အဓိပ္ပါယ်ကို ကျွန်မ အခုမှပင် ဆရာတော် တွေ ကိုလျှောက်၊ လူကြီးတွေ ကိုမေး လုပ်ရပါသည်။ ဒါနှင့်ပတ်သက်၍လဲ ကျွန်မဖေဖေမှ ဆရာတော်ကြီးအား လျောက်ထား မေးမြန်း၍ သိရှိနားလည်ကာ။

လေ့လာမှုချို့ယွင်း ချက်ကြောင့်သော်လည်းကောင်း၊ နားလည်မှုလွဲမှား၍သော်လည်းကောင်း ၂၁ရက် ဇွန်လက တောင်းပန်ထားပါသည်။ ကျွန်မသည် ခရစ်ယာန်ဘာသာဝင်ဖြစ်ပါသည်။ ကျွန်မရဲ့ဇာတိ အမိနိုင်ငံသည် ဗုဒ္ဓသာသနာ ထွန်းကားရာ မြန်မာနိုင်ငံဖြစ်ပါသည်။ ကျွန်မ ဖေဖေ နှင့် ခင်ပွန်း သည် ဗုဒ္ဓသာသနာကို ဆည်းကပ်ပူဇော်သည်။ ကျွန်မ မယ်သီလရှင်မဝတ်ပါ။ သို့သော် ဦးဇင်းဆရာတော်များနှင့် မယ် သီလရှင်ဆရာလေး များကိုတော့ ရှိခိုးကန်တော့ပါသည်။ ဘာကြောင့် ကန်တော့လဲ ဟုမေးလျှင် လေးစားကြည်ညို၍ ဟုသာ ဖြေပါမည်။ ဒီလိုကန်တော့လို့ ကျွန်မနှင့် ဘာသာတူအချို့မှ ပြောဆိုမှုများရှိရင်လဲ ချစ်ခြင်း၊မုန်းခြင်း မဖြစ်ပါ။

ကိုလင်းပြောသောစကားတစ်ခွန်းကို အမြဲမှတ်ထားသည်။ ” လူတစ်ဦးချင်း၊ တစ်ယောက်ချင်းဟာ သူ့ရဲ့ဘာသာရေးနဲ့ ပတ်သက်ရင် သူ့နှ လုံးသားမှာ ကိန်းဝပ်နေရင်ပြီးတာဘဲ။ တရားတွေကို လုပ်နိုင်၊ မလုပ်နိုင် ကတော့ ဘဝကြီးထဲမှာ သူဘယ်လိုရပ်တည်ရှင်သန်မလဲ အပေါ်မှာ မူတည်တာဘဲ ” တဲ့။ ကိုလင်းရဲ့ ဒီစကားကြောင့် ကျွန်မရဲ့ဘာသာတရားအပေါ်လဲ ပိုမိုယုံကြည်ခိုင်မာလာသလို၊ တစ်ပါးသူ၏ ဘာသာတ ရားအပေါ်လည်း လေးစားမှု ပိုမိုခဲ့ပါသည်။ အားလုံး စိတ်နှလုံးချမ်းမြေ့ပါစေ” လို့ ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ထားတာဖြစ်ပါတယ်။

အဆိုတော်၊ သရုပ်ဆောင်ချစ်သုဝေကတော့ အနုပညာလောကထဲမှာ ချစ်စရာ ကောင်းပြီး၊ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထား တဲ့ သူတစ်ဦးအဖြစ် ထင်ရှားပါတယ်။ခေတ်နဲ့ သစ်ဖောင်ဒေးရှင်းရဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို၊ ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ ပရ ဟိတတော်တော်များများမှာ ဝင်ရောက်ကူညီပေးနေတာကိုလည်း အားလုံးက အသိပဲဖြစ်ပါတယ်။ကိုဗစ် ၁၉ ကာလမှာလည်း အခြေခံလူ တန်းစားတော်တော်များများဆီကို ကိုယ်တိုင် သွားရောက်ကာ လှူဒါန်းမှုတွေကို အဆက်မပြတ်လုပ်ကိုင်ခဲ့သလို၊ ကျန်းမာရေးဝန်ထမ်း တွေနဲ့ ဆေးရုံ၊ ဆေးခန်းမှာလိုအပ်တဲ့ ဆေးဝါးဆိုင်ရာပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ ပါသေးတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ် အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သူမရဲ့ဖခင် ရေးဆွဲ ထားတဲ့ ပန်းချီကားနဲ့ မွေးနေ့ဆုမွန် ကောင်း တောင်းပေးခဲ့တာကိုလည်း ဆိုရှယ်မီဒီယာထက်မှာမျှဝေ ခဲ့ပါသေးတယ်။ ဒီပန်းချီကားထဲမှာ ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာများပါဝင်တဲ့အတွက် အဆိုတော်၊ သရုပ်ဆောင်ချစ်သုဝေနဲ့ ၎င်းရဲ့ဖခင် ဦးဇော်ဝင်းကို အမျိုး သားရေးအဖွဲ့ ရှေ့နေကြီး ဦးအေးပိုင်က တရားစွဲဆိုထားကြောင်းကို သင်္ကန်းကျွန်းမြို့ နယ်ရဲတပ်ဖွဲ့ က အတည်ပြုပြောကြား ထားတာဖြစ် တယ်လို့ ဆိုရှယ်မီဒီယာထက်မှာ သတင်းတွေ တက်လာခဲ့တာဖြစ်ပါတယ်။

SOURCE:  CHIT  THU  WAI facebook

CREDIT:   MYANMAPLATFORM

Add a Comment

Your email address will not be published. Required fields are marked *