မိဘမ်ားသတိထားၾကပါ (၉) ႏွစ္ကေလး အား အ ဆိပ္ေကြၽးသ တ္ၿပီး ေ႐ႊနားက ပ္လုယူသူ ကို ဖမ္းဆီးရမိ

က်ဴးလြန္သူ တရားခံကိုစစ္ေဆးခ်က္အရ ေသဆုံးသူႏွင့္အျခားကေလးငယ္မ်ား တူပုန္းတမ္း ေဆာ့ကစားေနစဥ္ ေသဆုံးသူကေလးငယ္ကို င႐ုတ္သီးခူးမယ္ဆိုကာ ေခၚေဆာင္ခဲ့ၿပီး သၾကားလုံးစားလားဟုေမးကာ သၾကားလုံးပုံစံျပဳလုပ္ထားသည့္ ပိုတက္(ပိုးသတ္ေဆး)ကို ေကြၽးခဲ့သည္ဟု ဆိုသည္။ကေလးငယ္မွာ ယင္းအားစားၿပီးေနာက္ ခဏအၾကာတြင္ သတိလစ္လဲက်သြားၿပီး နားကပ္ကိုျဖဳတ္ယူခဲ့ျခင္းျဖစ္ ေၾကာင္း ထြက္ဆိုခဲ့သည္ဟု ရဲမွတ္တမ္းမ်ားအရ သိရသည္။

ပန္းေတ နာ္ၿမိဳ႕နယ္တြင္ အသက္ ၉ ႏွစ္အ႐ြယ္ ကေလးငယ္ကို အိမ္နီးခ်င္းက အဆိပ္ေကြၽးသတ္ကာ နားကပ္ခြၽတ္ယူခဲ့သည္ဆိုမႈကို ေဖာ္ ထုတ္ဖမ္းဆီးခဲ့ေၾကာင္း ဇြန္ ၂၅ ရက္ေန႔တြင္ရဲတပ္ဖြဲ႕မွ သိရသည္။ျဖစ္စဥ္မွာ ဇြန္ ၁၉ ရက္ေန႔ တြင္ ေရေပၚႀကီး ေက်း႐ြာအုပ္စု၊ ေသာ္ကဇင္း ေက်း႐ြာေန အမ်ိဳးသမီးတစ္ဦးသည္ အသက္ ၉ ႏွစ္အ႐ြယ္ သမီးငယ္မွာ ညီမေတာ္စပ္သူႏွင္ ႐ြာထဲေန သူငယ္ခ်င္းမ်ားႏွင့္ တူတူပုန္းတမ္း ေဆာ့ကစားရာက ေပ်ာက္ဆုံးေနသျဖင့္ လိုက္လံရွာေဖြခဲ့သည္။

အခင္းျဖစ္ေန႔၌ပင္ သမီးျဖစ္သူကို ေနအိမ္အေနာက္ဘက္ ေပ ၃၅၀ ခန႔္အကြာ ကြမ္းၿခံအတြင္း ပါးစပ္မွ ေသြးမ်ားထြက္ ေသဆုံးေနၿပီး ဝတ္ဆင္ထားသည့္ က်ပ္ ၁၅၀၀၀၀ တန္ဖိုးရွိ ေ႐ႊနားကပ္မွာလည္း ေပ်ာက္ဆုံးေနသည္ကို ေတြ႕ရသည္ဆိုကာ သက္ဆိုင္ရာသို႔ တိုင္တန္းခဲ့သည္။ ပန္းတေနာ္ ၿမိဳ႕မရဲစခန္းက (ပ) ၃၄၉/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂၊ ၃၉၂ အရ အမႈဖြင့္စုံစမ္းခဲ့သည္။

စုံစမ္းခ်က္မ်ားအရ အိမ္နီးခ်င္းျဖစ္သူ မသင္းသင္းေဝက ကြမ္းၿခံအတြင္း ေခၚေဆာင္သြားေၾကာင္း အတူေဆာ့ကစားေနသူ ကေလးငယ္က ေတြ႕ရွိေၾကာင္း ထြက္ဆိုသျဖင့္ အမႈျဖင့္မသကၤာသူ မသင္းသင္းေဝ ၂၈ ႏွစ္ကို ဖမ္းဆီးစစ္ေဆးခဲ့သည္။

REF: ျမန္မာတိုင္းမ္

UNICODE

မိဘများသတိထားကြပါ (၉) နှစ်ကလေး အား အ ဆိပ်ကျွေးသ တ်ပြီး ရွှေနားက ပ်လုယူသူ ကို ဖမ်းဆီးရမိ

ကျူးလွန်သူ တရားခံကိုစစ်ဆေးချက်အရ သေဆုံးသူနှင့်အခြားကလေးငယ်များ တူပုန်းတမ်း ဆော့ကစားနေစဉ် သေဆုံးသူကလေးငယ်ကို ငရုတ်သီးခူးမယ်ဆိုကာ ခေါ်ဆောင်ခဲ့ပြီး သကြားလုံးစားလားဟုမေးကာ သကြားလုံးပုံစံပြုလုပ်ထားသည့် ပိုတက်(ပိုးသတ်ဆေး)ကို ကျွေးခဲ့သည်ဟု ဆိုသည်။ကလေးငယ်မှာ ယင်းအားစားပြီးနောက် ခဏအကြာတွင် သတိလစ်လဲကျသွားပြီး နားကပ်ကိုဖြုတ်ယူခဲ့ခြင်းဖြစ် ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

ပန်းတေ နာ်မြို့နယ်တွင် အသက် ၉ နှစ်အရွယ် ကလေးငယ်ကို အိမ်နီးချင်းက အဆိပ်ကျွေးသတ်ကာ နားကပ်ချွတ်ယူခဲ့သည်ဆိုမှုကို ဖော် ထုတ်ဖမ်းဆီးခဲ့ကြောင်း ဇွန် ၂၅ ရက်နေ့တွင်ရဲတပ်ဖွဲ့မှ သိရသည်။ဖြစ်စဉ်မှာ ဇွန် ၁၉ ရက်နေ့ တွင် ရေပေါ်ကြီး ကျေးရွာအုပ်စု၊ သော်ကဇင်း ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် အသက် ၉ နှစ်အရွယ် သမီးငယ်မှာ ညီမတော်စပ်သူနှင် ရွာထဲနေ သူငယ်ချင်းများနှင့် တူတူပုန်းတမ်း ဆော့ကစားရာက ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေခဲ့သည်။

အခင်းဖြစ်နေ့၌ပင် သမီးဖြစ်သူကို နေအိမ်အနောက်ဘက် ပေ ၃၅၀ ခန့်အကွာ ကွမ်းခြံအတွင်း ပါးစပ်မှ သွေးများထွက် သေဆုံးနေပြီး ဝတ်ဆင်ထားသည့် ကျပ် ၁၅၀၀၀၀ တန်ဖိုးရှိ ရွှေနားကပ်မှာလည်း ပျောက်ဆုံးနေသည်ကို တွေ့ရသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။ ပန်းတနော် မြို့မရဲစခန်းက (ပ) ၃၄၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

စုံစမ်းချက်များအရ အိမ်နီးချင်းဖြစ်သူ မသင်းသင်းဝေက ကွမ်းခြံအတွင်း ခေါ်ဆောင်သွားကြောင်း အတူဆော့ကစားနေသူ ကလေးငယ်က တွေ့ရှိကြောင်း ထွက်ဆိုသဖြင့် အမှုဖြင့်မသင်္ကာသူ မသင်းသင်းဝေ ၂၈ နှစ်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

REF:   မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *