





Source – Soe Pyae Thazin

Rainbow- Cele Gabar

UNICODE

ယုတ်မာ ရိုင်းစိုင်းတဲ့သူ တချို့ကြောင့် ဖေ့ဘွတ်ခ် ကွန်မန့် ပိတ်လိုက်တော့မယ်လို့ ပြောဆိုလိုက်တဲ့ စိုးပြည့်သဇင်

ပရိသတ်ကြီးရေ.. အနုပညာရှင်တစ်ယောက်မို့ ချစ်သူ ၊မုန်းသူရှိမှာ အမှန်ဆိုပေမယ့်လည်း ကိုယ့်အကျိုးစီးပွားအတွက် အခုလိုအကွက်ကျ ကျ လိုက်တိုက်ခိုက် နေတာကတော့ အင်မတန်ယုတ်ညံ့တဲ့အလုပ်တွေပါပဲနော်။ စိုးပြည့်သဇင်ကတော့ ဟိုးအရင်တုန်းကတည်းက မှတ် ချက်ပေးရေးသားကာ အားပေးလေ့ရှိတဲ့ပရိသတ်တွေ အတွက် Comment Box ကိုပိတ်လေ့မရှိပေမယ့်လည်း အခုတော့မဖြစ်မနေပိတ်ရ တော့မယ့်အကြောင်း အသိပေးမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။စိုးပြည့်သဇင်ကတော့ ဆွဲဆောင်မှုရှိတဲ့မျက်လုံးနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေ ကို ပိုင်ဆိုင် ထားသူတစ်ယောက်ပါ။ နာမည်ပျက်မရှိတဲ့အ ပြင် အနုပညာအလုပ်တွေကိုပဲ အချိန်ပေးရင်း။

ပရိသတ်အတွက်ကြိုးစားနေသူလေးမို့ အမာခံပရိသတ်အင်အားများသူ တစ်ယောက်ဆိုရင် လည်း မမှားပါဘူးနော်။ လူချစ်လူခင်ပေါတဲ့ မင်းသမီး တစ်လက်ဖြစ်ပေမယ့်လည်း အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ မလိုမုန်းထားသူ တွေရဲ့ အပုတ်ချတိုက်ခိုက်ခြင်းကို ခံနေရ ကြောင်းကို စိုးပြည့်သဇင်ကတော့ မနေ့ညက ရင်ဖွင့်လာခဲ့ပါတယ်။စိုးပြည့်ကို ချစ်ခင်တဲ့သူငယ်ချင်း မိတ်ဆွေများ…fansများ..follower များအားလုံးကို အသိပေးချင်တာလေးရှိပါတယ် ရှင့်….စိုးပြည့်ရဲ့ အကောင့်ကိုcomment ပိတ်ရပါတော့မယ်ရှင့်…ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့..(၆)လ၊(၇)လလောက်ကစပြီး စိုးပြည့်ရဲ့ယခုaccမှာရော…pageမှာပါ…အကောင့် မျိုးစုံဖွင့်ပြီး.. အမေ..ညီမ..မိန်းကလေးများ မကြားအပ်တဲ့..မမြင်အပ်တဲ့စကားလုံးများနဲ့..commentရေးပြီး…နှောက်ယှက်ခဲ့ပါတယ်ရှင့်…။

အဲ့ဒီထဲကမှအင်မတန်အယဉ်ကျေးဆုံးcommentများသာပြထားပါတယ်… ။ဒီထက်ဆိုးလွန်းတာတွေကြီးပါပဲ…. ဘယ်ကစတာလဲဆိုရင် တော့… စိုးပြည့်နာမည်နဲ့ဘေလ်လိမ်ရာကနေ… fansတွေက စိုးပြည့်မဟုတ် မှန်းသိသွားပြီး….fans များ နဲ့ ကတောက်ကဆ ဖြစ်ကြ တယ်… အဲ့ချိန်က စလို့….accမှာရော..pageမှာပါနှောက်ယှက်ခဲ့ပါတယ်… ဘဝမှာ တခါမှတော့မကြုံခဲ့ဖူးပါဘူး…ဝေဖန်တယ် ဆိုတာ အနု ပညာရှင်တိုင်းကြုံတွေ့ရသလိုလက်ခံရပါတယ်… ဒါပေမဲ့လည်း ဒီလိုတော့မကြုံဖူး ဘူးပေါ့နော်…ဒီပိုစ့်ကိုလည်း စိုးပြည့်မတင်ချင်ပါ…. ဒါပေမဲ့သူအကောင့်အသစ်တွေဖွင့်ပြီး ရိုင်းပျစွာ mentတိုင်း ။ စိုးပြည့်အကောင့်ထဲကမိတ်ဆွေများကို အင်မတန် အားနာမိပါတယ်…မဖတ် ဝံ့တဲ့စကားလုံးတွေကြောင့် မိန်းကလေးတစ်ဦးအနေ နဲ့ရှက်ရွံ့ပါတယ်… စိတ်မကောင်းလည်းဖြစ်မိပါတယ်…။

ဒါပေမဲ့စိုးပြည့် မတုန့်ပြန်ခဲ့ဘဲအေးဆေးစွာနေခဲ့ပါတယ်…. အမြင်မတော်တဲ့commentတွေကိုပဲ ဖျက်ခဲ့လိုက်ပါတယ်….ကိုယ့်ကို ချစ်ခင်လို့ commentပေးသူများအတွက်comment boxကိုလည်း မပိတ်ခဲ့ပါဘူး….. ရိုင်းပျတာတွေဝင်ရေးမှာစိုးလို့ block လည်းနောက်တစ် ကောင့် နဲ့ထပ်ပြီး နှောက်ယှက်ပါတယ်… ခုပိုဆိုးတာကစိုးပြည့်ပရိုဖိုင်ပုံ.. စိုးပြည့်နာမည်တစ်ပုံစံထဲပြုလုပ်ပြီး… ပရိသတ်တွေရဲ့ ကွန်မန့်အောက်မှာ ရိုင်းပျတာတွေ…ရေးသားတဲ့အတွက်…. တချို့မသိသော ပရိသတ်များကစိုးပြည့်ကrpကိုရိုင်းစိုင်းစွာပြန်တယ် လို့ စိတ်မကောင်းဖြစ်ကြမှာ စိုးလို့.. .စိုးပြည့်comment ပိတ်လိုက်ပါပြီရှင်…. ။

ချစ်တဲ့သူများ..follwers များကိုအလေးထားချစ်ခင်လို့ဒီစာကိုရေးသားခြင်း ဖြစ်ပါတယ် ရှင်…. အားလုံးကိုတောင်းပန် ပါတယ်ရှင်… .ကျေးဇူးလည်းအများကြီးတင်ပါတယ်…။ စိုးပြည့်ကိုနားလည်ပေးကြပါနော် ကံ..ကံ၏အကျိုးကို စိုးပြည့်အင်မတန် ယုံကြည်သက်ဝင် ပါတယ်” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

Source – Soe Pyae Thazin

Rainbow- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *