ရမ္းၿဗဲၿမိဳ႕နယ္တြင္ ေက်ာင္းဆရာမ(၁)ဦးကို အဓမၼျပဳက်င့္၍ ပစၥည္းယူလူသတ္ခဲ့သူအား တရား႐ုံးက ေသဒဏ္ခ်မွတ္

ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္မွာ ေက်ာင္းဆရာမအား အဓမၼျပဳက်င့္ကာ ဖုန္းနဲ႔နားကပ္ေတြကိုလုယူၿပီး ေသဆုံးေအာင္ ႐ိုက္ႏွက္ခဲ့သူအား စုံစမ္းအေရးယူေပးဖို႔ ဆရာမရဲ႕ ဖခင္ျဖစ္သူက ရမ္းၿဗဲၿမိဳ႕နယ္ ေလးေတာင္ရဲစခန္းမွာ တရားလိုျပဳလုပ္ကာတိုင္ၾကားခဲ့တဲ့ အမႈျဖစ္ပါတယ္။ အမႈ က်ဴးလြန္ သူ ေ႐ႊ ထူး(ခ) ေအးခ်မ္းကို ၂၄ နာရီအတြင္း ေက်ာက္ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕က ယူသြားတဲ့ပစၥည္းေတြနဲ႔အတူ ဖမ္း ဆီးရ မိခဲ့ၿပီး လူသတ္မႈ၊ မုဒိန္းမႈ၊ လုယက္မႈတို႔နဲ႔ အမႈဖြင့္လွစ္ကာ ေက်ာက္ျဖဴခ႐ိုင္တရား႐ုံးမွာ ၂၀၁၉ဇန္နဝါရီ ၁ရက္က စတင္ စစ္ေဆးခဲ့ပါတယ္။

အမႈမွ တရားလိုျပသက္ေသ ၃၀ ဦးကိုစစ္ေဆးခဲ့ၿပီးေနာက္ ဇြန္လ ၂၅ ရက္မွာ ျပစ္မႈက်ဴးလြန္သူ ေ႐ႊထူး(ခ)ေအးခ်မ္းကို ေက်ာက္ျဖဴခ႐ိုင္တ ရား႐ုံးက ရာဇသတ္ ႀကီး ပုဒ္မ-၃၀၂အရ ျပစ္မႈထင္ရွားတဲ့အတြက္ အျမင့္ဆုံး ျပစ္ဒဏ္ျဖစ္တဲ့ ေသဒဏ္ အမိန႔္ကို ခ်မွတ္ ခဲ့တာလို႔ ေက်ာက္ ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုရဲမႉးေက်ာ္ေက်ာ္ဝင္းက ေျပာပါတယ္။ မူလတန္းျပ ဆရာမ တစ္ဦးကို အဓမၼျပဳက်င့္ကာ ပစၥည္းလုယူၿပီး သတ္ ပစ္ခဲ့တဲ့ တရားခံ ေ႐ႊထူး(ခ) ေအးခ်မ္းဆိုသူကို ေက်ာက္ျဖဴခ႐ိုင္တရား႐ုံးက ဇြန္ ၂၅ ရက္မွာ ေသဒဏ္အမိန႔္ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

မူလတန္းျပဆရာမတစ္ဦးဟာ ၂၀၁၈ ဒီဇင္ဘာ ၁၀ ရက္မနက္က ေနအိမ္မွ ၁ မိုင္ေက်ာ္ေဝးတဲ့ အတြင္းျပင္အုပ္စု ေတာင္႐ြာေက်း ႐ြာ (အ.မ .က)ေက်ာင္းကို ေက်ာင္းတက္ဖို႔ လမ္းေလွ်ာက္သြားရာမွာ ေက်ာင္းကို ၁၂ နာရီအခ်ိန္ထိ ေရာက္မလာလို႔ ေက်ာင္းအုပ္ဆရာ မ ႀကီးက မိဘ ေတြထံ ဖုန္းဆက္အေၾကာင္းၾကားခဲ့ပါတယ္။ ဆရာမရဲ႕ ဖခင္ျဖစ္သူက သမီးေပ်ာက္ဆုံးေနတာကို လိုက္လံ ရွာေဖြရာမွာ သေျပ ကြၽန္းေက်း ႐ြာအနီး ကားလမ္းမေဘးရွိ ေခ်ာင္းေဘးကမ္းမွာ လည္ပင္းညိဳမဲဒဏ္ရာ၊ မအဂၤါစပ္ေသြးထြက္ဒဏ္ရာတို႔နဲ႔ ေသဆုံးေနတာ ေတြ႕ရွိခဲ့တာပါ။

REF: THE LIFESTYLE MYANMAR

UNICODE

ရမ်းဗြဲမြို့နယ်တွင် ကျောင်းဆရာမ(၁)ဦးကို အဓမ္မပြုကျင့်၍ ပစ္စည်းယူလူသတ်ခဲ့သူအား တရားရုံးက သေဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ ကျောင်းဆရာမအား အဓမ္မပြုကျင့်ကာ ဖုန်းနဲ့နားကပ်တွေကိုလုယူပြီး သေဆုံးအောင် ရိုက်နှက်ခဲ့သူအား စုံစမ်းအရေးယူပေးဖို့ ဆရာမရဲ့ ဖခင်ဖြစ်သူက ရမ်းဗြဲမြို့နယ် လေးတောင်ရဲစခန်းမှာ တရားလိုပြုလုပ်ကာတိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။ အမှု ကျူးလွန် သူ ရွှေ ထူး(ခ) အေးချမ်းကို ၂၄ နာရီအတွင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ယူသွားတဲ့ပစ္စည်းတွေနဲ့အတူ ဖမ်း ဆီးရ မိခဲ့ပြီး လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုတို့နဲ့ အမှုဖွင့်လှစ်ကာ ကျောက်ဖြူခရိုင်တရားရုံးမှာ ၂၀၁၉ဇန်နဝါရီ ၁ရက်က စတင် စစ်ဆေးခဲ့ပါတယ်။

အမှုမှ တရားလိုပြသက်သေ ၃၀ ဦးကိုစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်မှာ ပြစ်မှုကျူးလွန်သူ ရွှေထူး(ခ)အေးချမ်းကို ကျောက်ဖြူခရိုင်တ ရားရုံးက ရာဇသတ် ကြီး ပုဒ်မ-၃၀၂အရ ပြစ်မှုထင်ရှားတဲ့အတွက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ် အမိန့်ကို ချမှတ် ခဲ့တာလို့ ကျောက် ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်ကျော်ဝင်းက ပြောပါတယ်။ မူလတန်းပြ ဆရာမ တစ်ဦးကို အဓမ္မပြုကျင့်ကာ ပစ္စည်းလုယူပြီး သတ် ပစ်ခဲ့တဲ့ တရားခံ ရွှေထူး(ခ) အေးချမ်းဆိုသူကို ကျောက်ဖြူခရိုင်တရားရုံးက ဇွန် ၂၅ ရက်မှာ သေဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မူလတန်းပြဆရာမတစ်ဦးဟာ ၂၀၁၈ ဒီဇင်ဘာ ၁၀ ရက်မနက်က နေအိမ်မှ ၁ မိုင်ကျော်ဝေးတဲ့ အတွင်းပြင်အုပ်စု တောင်ရွာကျေး ရွာ (အ.မ .က)ကျောင်းကို ကျောင်းတက်ဖို့ လမ်းလျှောက်သွားရာမှာ ကျောင်းကို ၁၂ နာရီအချိန်ထိ ရောက်မလာလို့ ကျောင်းအုပ်ဆရာ မ ကြီးက မိဘ တွေထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ဆရာမရဲ့ ဖခင်ဖြစ်သူက သမီးပျောက်ဆုံးနေတာကို လိုက်လံ ရှာဖွေရာမှာ သပြေ ကျွန်းကျေး ရွာအနီး ကားလမ်းမဘေးရှိ ချောင်းဘေးကမ်းမှာ လည်ပင်းညိုမဲဒဏ်ရာ၊ မအင်္ဂါစပ်သွေးထွက်ဒဏ်ရာတို့နဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တာပါ။

REF:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *