လက္ဖက္ရည္ဆိုင္ႏွင့္စားေသာက္ဆိုင္မ်ားကို အတိုးႏူန္းသက္သာစြာျဖင့္ ေခ်းေငြေပးႏိုင္ရန္ စီစဥ္ေနၿပီဟု စီမံ/ဘ႑ာဒုဝန္ႀကီးေျပာ
|ကိုဗစ္ေၾကာင့္ထိခိုက္သြားသည့္ လုပ္ငန္းမ်ားကိုႏိုင္ငံေတာ္အစိုးရက ႏိုင္ငံေတာ္လွည့္ပတ္ရန္ပုံေငြထဲမွ က်ပ္ဘီလီယံ ၅၀၊လူမႈဖူလုံေရး ရန္ ပုံေငြထဲမွ က်ပ္ဘီလီယံ ၅၀ စုစုေပါင္း က်ပ္ဘီလီယံ ၁၀၀ကို ကနဦးရန္ပုံေငြ ထူေထာင္ထားေၾကာင္း သိရသည္။
စီးပြားေရးလုပ္ငန္း ၃၄၆၀ခုကို ၁၀၉ ဘီလီ ယံ ေခ်းေပးထားကာ ထိုထဲမွ ၈၃၂ခုသည္ ေခ်းေငြမ်ားကို ထုတ္ယူၿပီး ျဖစ္သည္ဟု သိရသည္။ အဆိုပါ ေခ်းေငြ၏ အတိုးသည္ ၁ရာခိုင္ႏႈန္း သာ ျဖစ္သည္ဟု သိရသည္။
လက္ဖက္ရည္ဆိုင္ႏွင့္ စားသာက္ဆိုင္မ်ားကို သက္သာသည့္ အ တိုးျဖင့္ ေငြေခ်းေပးရန္ စီစဥ္ေနေၾကာင္း စီမံဘ႑ာစက္မႈဝန္ႀကီးဌာန ဒုတိ ယဝန္ႀကီးဦးေမာင္ေမာင္ဝင္းက ေျပာသည္။
ကိုဗစ္ၾကာင့္ ထိခိုက္သြားသည့္ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္နလန္ထူႏိုင္ေရးႏွင့္ ကုစားေရး အစီအစဥ္ေခါင္းစဥ္ေအာက္မွ ေဆာင္႐ြက္ မည့္ လုပ္ငန္းစဥ္တစ္ခုျဖစ္ေၾကာင္း ရွင္းျပသည္။
ေခ်းေငြ ထုတ္ေခ်းေပးမႈကို အေသးစားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားေအာက္မွေဆာင္႐ြက္မည္ဟု စီမံဘ႑ာ ဒုတိယဝန္ႀကီး ဦးေမာင္ ေမာင္ဝင္းက ေျပာဆိုလိုက္ေၾကာင္း သိရသည္။ေငြေၾကးပမာဏႏွင့္ အတိုးကိစၥကို ဒုဝန္ႀကီးက ထည့္သြင္းမေျပာေသးေပ။
REF: MYANMARNEWS24
UNICODE
လက်ဖက်ရည်ဆိုင်နှင့်စားေသာက်ဆိုင်များကို အတိုးနူန်းသက်သာစွာဖြင့် ချေးငွေပေးနိုင်ရန် စီစဉ်နေပြီဟု စီမံ/ဘဏ္ဍာဒုဝန်ကြီးပြော
ကိုဗစ်ကြောင့်ထိခိုက်သွားသည့် လုပ်ငန်းများကိုနိုင်ငံတော်အစိုးရက နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေထဲမှ ကျပ်ဘီလီယံ ၅၀၊လူမှုဖူလုံရေး ရန် ပုံငွေထဲမှ ကျပ်ဘီလီယံ ၅၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ကို ကနဦးရန်ပုံငွေ ထူထောင်ထားကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်း ၃၄၆၀ခုကို ၁၀၉ ဘီလီ ယံ ချေးပေးထားကာ ထိုထဲမှ ၈၃၂ခုသည် ချေးငွေများကို ထုတ်ယူပြီး ဖြစ်သည်ဟု သိရသည်။ အဆိုပါ ချေးငွေ၏ အတိုးသည် ၁ရာခိုင်နှုန်း သာ ဖြစ်သည်ဟု သိရသည်။
လက်ဖက်ရည်ဆိုင်နှင့် စားသာက်ဆိုင်များကို သက်သာသည့် အ တိုးဖြင့် ငွေချေးပေးရန် စီစဉ်နေကြောင်း စီမံဘဏ္ဍာစက်မှုဝန်ကြီးဌာန ဒုတိ ယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။
ကိုဗစ်ကြာင့် ထိခိုက်သွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူနိုင်ရေးနှင့် ကုစားရေး အစီအစဉ်ခေါင်းစဉ်အောက်မှ ဆောင်ရွက် မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ရှင်းပြသည်။
ချေးငွေ ထုတ်ချေးပေးမှုကို အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအောက်မှဆောင်ရွက်မည်ဟု စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ပြောဆိုလိုက်ကြောင်း သိရသည်။ငွေကြေးပမာဏနှင့် အတိုးကိစ္စကို ဒုဝန်ကြီးက ထည့်သွင်းမပြောသေးပေ။
REF: MYANMARNEWS24