သင့္အသက္နဲ႔ေမြးေန႔သာ ေသေသခ်ာခ်ာေျပာပါ…မွန္လြန္း လို႔ ထပ္ခါ ထပ္ခါ ဖတ္ေနရတဲ့ ဇနက ေဟာကိန္း

တိက်မွန္ကန္လြန္းေသာ ဇနကေဗဒင္ အေဟာၾကည့္နည္း….

ဥပမာ – မိမိက တနဂၤေႏြသားသမီး အခုေရာက္သက္ ၂၅ ႏွစ္ ဆိုရင္ တနဂၤေႏြ ဇယားကြက္ထဲတြင္ ၂၅ ကို ရွာပါ။ * နန္း * အကြက္ထဲတြင္ရွိ၍ ထိုအေဟာကိုဖတ္ပါ။

မိမိက တနလၤာသားသမီး အခု ေရာက္သက္ ၂၀ႏွစ္ဆိုရင္ တနလာဇၤယားကြက္ထဲတြင္ ၂၀ ကိုရွာပါ။ * ပ်က္* အကြက္ထဲတြင္ရွိေသာေၾကာင့္ ထိုအေဟာကိုဖတ္ပါ။

တည္

တည္ဆိုတာ သေဘၤာတည္ေဆာက္တာကို ေျပာတာပါ။ လုပ္ငန္းေတြအတြက္ ႀကံစည္ဆဲ၊ လုပ္ငန္းေတြအစျပဳဆဲ အေျခအေနကို ေရာက္ ေနတယ္လို႔ ေျပာတာပါ။ လုပ္ငန္းအတြက္ ရင္းႏွီးျမဳပ္ႏွံဖို႔ ရန္ရွာရာတြင္လြယ္ကူလိမ့္မည္။

လုပ္ငန္းအႀကံ အစည္ေအာင္ျမင္မည္။ အလုပ္ရွာေနလွ်င္ အလုပ္ရမည္။ အလုပ္ေလွ်ာက္ထားလွ်င္ အလုပ္ရမည္။ အမႈကိစၥေတြ၊ အလုပ္ေတြမ်ားမည္။ ေငြဝင္မ်ားသလို ေငြထြက္လဲမ်ားမည္။

ၾထက္

ထြက္ဆိုတာ ဇမၺန ဂိုရ္ျပည္က သေဘၤာစထြက္တာကို ေျပာတာပါ။ ေကာင္းမြန္ေသာမိတ္ေဆြသစ္မ်ား တိုးမည္။ စပ္တူရွယ္ယာလုပ္ငန္းမ်ား လုပ္ရမည့္အခ်ိန္ေကာင္းပါ။ ျပည္တြင္း၊ျပည္ပခရီးမ်ား သြားရမည္။ ႏိုင္ငံျခားကုန္လုပ္ငန္းမ်ား ေအာင္ျမင္မည္။

ပ္က္

ပ်က္ဆိုတာ သေဘၤာပ်က္သြားတာကို ေျပာတာပါ။ ကံဇာတာ ညံ့ခ်ိန္ပါ။ စီးပြားေရးက်ဆင္းမယ္။ သူမ်ားမေကာင္းႀကံတာခံရတတ္သည္။ မ ေတာ္တဆထိခိုက္မႈ အေသးအဖြဲမ်ား ႀကဳံတတ္သလို ေသေကာင္ေပါင္းလဲေဝဒနာမ်ား ျဖစ္တတ္သည္။ ရာထူးလုပ္ငန္းကို ေႏွာင့္ယွက္မည့္ သူ ေပၚလာလိမ့္မည္။ အိမ္ေထာင္ေရးကို အထူး သတိထားပါ။

ေက်ာက္

ေက်ာက္ဆိုတာ ေမခလာနတ္သမီးက ေက်ာက္ဖ်ာထက္မွာတင္ေပးထားတဲ့ ကိန္းဆိုက္ ၿပီဆိုေတာ့ ကံေကာင္းၿပီလို႔မွတ္ပါ။ မေမွ်ာ္လင့္ပဲ ကူညီမယ့္သူေတြေပၚမယ္။ ေအာင္ပါေလသိန္းထီဆုႀကီးမ်ား ေပါက္မယ္။ မက်န္းမမာျဖစ္ေနရင္ေတာ့ ျပန္ၿပီးက်န္းမာလာမယ္။

ဆရာေကာင္းနဲ႔ေတြ႕ၿပီလို႔ေဟာပါ။ အမႈရွိရင္ရွိႏိုင္မည္။ အခ်ဳပ္ေႏွာင္ခံေနရရင္ လြတ္မည္။ က်ဆင္းေနေသာ စီးပြားေရးမ်ား ျပန္တက္လာ မည္။ ပညာေရးလဲေကာင္းမည္။ အိမ္ေထာင္က်လွ်င္ အိမ္ေထာင္ဖက္ေကာင္းႏွင့္ေတြ႕ၿပီလို႔ေဟာပါ။ အႀကံအစည္မ်ား ေအာင္ျမင္မည္။

ထီး

ထီးဆိုတာ ထီးျဖဴေဆာင္းတဲ့ကိန္းပါ။ နာမည္ေက်ာ္ၾကား ထင္ရွားမည္။ ေကာင္းသတင္းႏွင့္ ေက်ာ္ၾကားျခင္းပါ။ ဆုလာဘ္ေတြရမည္။ ဘြဲ႕ ထူးဂုဏ္ထူးမ်ား ရမည္။ စာေမးပြဲေျဖထားရင္ စာေမးပြဲေအာင္မည္။ ရာထူးတိုးမည္။ စီးပြားေရးလုပ္ငန္းမ်ား တိုးခ်ဲ႕ရမည္။ အိမ္သစ္ေဆာက္ ကိန္း၊ အိမ္သစ္ရကိန္းေပၚမည္။

နန္း

နန္းဆိုတာ နန္းအပ္ခံရတဲ့ကိန္းပါ။ ကံဇာတာေကာင္းၿပီလို႔ေဟာပါ။ ရာထူး တိုးမည္။ စီးပြားျဖစ္ထြန္းမည္။ အေမြအႏွစ္ေတြရမည္။ အၿပိဳင္ အဆိုင္ေတြမွာ အႏိုင္ရမည္။ ေ႐ြးေကာက္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရင္ႏိုင္မည္။ အိမ္ေထာင္က်ကိန္းရွိသည္။ အိမ္ေထာင္က်လွ်င္လဲ ကံ ေကာင္းမည္။ အလႉျပဳလုပ္ရမည္။ မင္းစိုးရာဇာ အႀကီးအကဲျဖစ္မည္။

စံ

စံဆိုတာ မင္းစည္းစိမ္ကိုခံယူရတဲ့ကိန္းပါ။ ေဘးအႏၲာရာယ္ကင္းၿပီး စုတ္ႀကီး၊ လာဘ္ႀကီးေတြဝင္မည္။ လုပ္ငန္းေတြတိုးတက္မည္။ ႀကီးမား တဲ့ရာထူးေတြရမည္။ သိုေလွာင္ပစၥည္းေတြက အက်ိဳးအျမတ္ရမည္။ အေႁခြအရံမိတ္ေဆြအေပါင္းအသင္း တိုးမည္။ ေငြေၾကးစုေဆာင္းမိ မည္။

ဘုရားအေလာင္းေတာ္ မဟာဇနကမင္း၏ ျဖစ္စဥ္ ခုႏွစ္မ်ိဳး အေျချပဳ၍ ေရွးဆရာႀကီးမ်ားက တီထြင္၍ တြက္ကိန္းဆင္ထားျခင္းျဖစ္သည္။ အလြန္လြယ္ကူရွင္းလင္း၍ ယေန႔ပညာရွင္မ်ားထိ သုံးစြဲေနေသာ တြက္ကိန္းျဖစ္ပါသည္။

တြက္ကိန္းအား ပုံေသကားခ်မယူပဲ မဟာဘုတ္စေသာ အျခား တြက္ကိန္းမ်ားႏွင့္ ညႇိႏႈိင္းေဟာေျပာလွ်င္ အလြန္အစြမ္းထက္ေသာ ေဟာ ကိန္းျဖစ္သည္။ ယခုအေဟာတမ်ိဳးထဲႏွင့္ ပုံေသယူ၍မရပါ။ မသိေသးသူမ်ား သိေစရန္ ရည္႐ြယ္၍ ကူးယူေရးသားပါသည္။

Credit: ေဗဒင္ လကၡဏာ

UNICODE

သင့်အသက်နဲ့မွေးနေ့သာ သေသေချာချာပြောပါ…မှန်လွန်း လို့ ထပ်ခါ ထပ်ခါ ဖတ်နေရတဲ့ ဇနက ဟောကိန်း

တိကျမှန်ကန်လွန်းသော ဇနကဗေဒင် အဟောကြည့်နည်း….

ဥပမာ – မိမိက တနင်္ဂနွေသားသမီး အခုရောက်သက် ၂၅ နှစ် ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။

မိမိက တနင်္လာသားသမီး အခု ရောက်သက် ၂၀နှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့် ထိုအဟောကိုဖတ်ပါ။

တည်

တည်ဆိုတာ သင်္ဘောတည်ဆောက်တာကို ပြောတာပါ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ၊ လုပ်ငန်းတွေအစပြုဆဲ အခြေအနေကို ရောက် နေတယ်လို့ ပြောတာပါ။ လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံဖို့ ရန်ရှာရာတွင်လွယ်ကူလိမ့်မည်။

လုပ်ငန်းအကြံ အစည်အောင်မြင်မည်။ အလုပ်ရှာနေလျှင် အလုပ်ရမည်။ အလုပ်လျှောက်ထားလျှင် အလုပ်ရမည်။ အမှုကိစ္စတွေ၊ အလုပ်တွေများမည်။ ငွေဝင်များသလို ငွေထွက်လဲများမည်။

ထြက်

ထွက်ဆိုတာ ဇမ္ဗန ဂိုရ်ပြည်က သင်္ဘောစထွက်တာကို ပြောတာပါ။ ကောင်းမွန်သောမိတ်ဆွေသစ်များ တိုးမည်။ စပ်တူရှယ်ယာလုပ်ငန်းများ လုပ်ရမည့်အချိန်ကောင်းပါ။ ပြည်တွင်း၊ပြည်ပခရီးများ သွားရမည်။ နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။

ပ်က်

ပျက်ဆိုတာ သင်္ဘောပျက်သွားတာကို ပြောတာပါ။ ကံဇာတာ ညံ့ချိန်ပါ။ စီးပွားရေးကျဆင်းမယ်။ သူများမကောင်းကြံတာခံရတတ်သည်။ မ တော်တဆထိခိုက်မှု အသေးအဖွဲများ ကြုံတတ်သလို သေကောင်ပေါင်းလဲဝေဒနာများ ဖြစ်တတ်သည်။ ရာထူးလုပ်ငန်းကို နှောင့်ယှက်မည့် သူ ပေါ်လာလိမ့်မည်။ အိမ်ထောင်ရေးကို အထူး သတိထားပါ။

ကျောက်

ကျောက်ဆိုတာ မေခလာနတ်သမီးက ကျောက်ဖျာထက်မှာတင်ပေးထားတဲ့ ကိန်းဆိုက် ပြီဆိုတော့ ကံကောင်းပြီလို့မှတ်ပါ။ မမျှော်လင့်ပဲ ကူညီမယ့်သူတွေပေါ်မယ်။ အောင်ပါလေသိန်းထီဆုကြီးများ ပေါက်မယ်။ မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ်။

ဆရာကောင်းနဲ့တွေ့ပြီလို့ဟောပါ။ အမှုရှိရင်ရှိနိုင်မည်။ အချုပ်နှောင်ခံနေရရင် လွတ်မည်။ ကျဆင်းနေသော စီးပွားရေးများ ပြန်တက်လာ မည်။ ပညာရေးလဲကောင်းမည်။ အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်ကောင်းနှင့်တွေ့ပြီလို့ဟောပါ။ အကြံအစည်များ အောင်မြင်မည်။

ထီး

ထီးဆိုတာ ထီးဖြူဆောင်းတဲ့ကိန်းပါ။ နာမည်ကျော်ကြား ထင်ရှားမည်။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ။ ဆုလာဘ်တွေရမည်။ ဘွဲ့ ထူးဂုဏ်ထူးများ ရမည်။ စာမေးပွဲဖြေထားရင် စာမေးပွဲအောင်မည်။ ရာထူးတိုးမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည်။ အိမ်သစ်ဆောက် ကိန်း၊ အိမ်သစ်ရကိန်းပေါ်မည်။

နန်း

နန်းဆိုတာ နန်းအပ်ခံရတဲ့ကိန်းပါ။ ကံဇာတာကောင်းပြီလို့ဟောပါ။ ရာထူး တိုးမည်။ စီးပွားဖြစ်ထွန်းမည်။ အမွေအနှစ်တွေရမည်။ အပြိုင် အဆိုင်တွေမှာ အနိုင်ရမည်။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်နိုင်မည်။ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်ကျလျှင်လဲ ကံ ကောင်းမည်။ အလှူပြုလုပ်ရမည်။ မင်းစိုးရာဇာ အကြီးအကဲဖြစ်မည်။

စံ

စံဆိုတာ မင်းစည်းစိမ်ကိုခံယူရတဲ့ကိန်းပါ။ ဘေးအန္တာရာယ်ကင်းပြီး စုတ်ကြီး၊ လာဘ်ကြီးတွေဝင်မည်။ လုပ်ငန်းတွေတိုးတက်မည်။ ကြီးမား တဲ့ရာထူးတွေရမည်။ သိုလှောင်ပစ္စည်းတွေက အကျိုးအမြတ်ရမည်။ အခြွေအရံမိတ်ဆွေအပေါင်းအသင်း တိုးမည်။ ငွေကြေးစုဆောင်းမိ မည်။

ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ် ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။

တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြား တွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟော ကိန်းဖြစ်သည်။ ယခုအဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။ မသိသေးသူများ သိစေရန် ရည်ရွယ်၍ ကူးယူရေးသားပါသည်။

Credit: ဗေဒင် လက္ခဏာ

Add a Comment

Your email address will not be published. Required fields are marked *