အတိုင္ပင္ခံမွ က်န္းမာေရးဝန္ထမ္းေတြကို ဂုဏ္ျပဳ ခ်ီးျမႇင့္တဲ့ ေငြ (၅၀၀၀၀) တကယ္ ျပဳစုကုသေနတဲ့ ဆရာဝန္ အခ်ိဳ႕မရပဲ ျဖစ္ေန

ဒီပိုက္ဆံေတြက ႏိုင္ငံေတာ္အစိုးရနဲ႔ ဝန္ႀကီးဌာနကေန ျပည္သူ႔ပိုက္ဆံနဲ႔ ခ်ေပးလိုက္တာပါ။ ျပည္သူေတြရဲ႕ အခြန္အခနဲ႔ ရတဲ့ ေငြေတြျဖစ္ ပါတယ္။ ျပည္သူေတြကလဲ သူတို႔အတြက္ ေပးဆပ္ေနသူေတြကို ေက်းဇူးဆပ္ၾကတဲ့သေဘာပါပဲ။ ဒါေပမယ့္ တကယ္ကုသေနရတဲ့ ေရွ႕ဆုံး က လူေတြ မရဘူးဆိုတာကေတာ့ လက္ခံႏိုင္စရာကို လုံးဝမရွိပါဘူး။ ေသခ်ာစာရင္းလုပ္ပီး ကုသေနသူေတြကို ဘာအသနားခံစာမွ တင္စ ရာမလိုပဲ ေပးကို ေပးရမယ့္ကိစၥျဖစ္ပါတယ္။ ဒီျပသနာဟာ ေနျပည္ေတာ္က ျပသနာမဟုတ္ပါဘူး။ သက္ဆိုင္ရာ ေဆး႐ုံေတြရဲ႕ အားနည္း ခ်က္ေတြပါ။

ဒီလို မေပးလို႔လဲ သူတို႔က မလုပ္ေတာ့ဘူးဆိုပီး လူနာေတြကို ပစ္ထားၾကမွာ မဟုတ္ပါဘူး။ သူတို႔ အလုပ္ သူတို႔ဆက္လုပ္ေနမွာပါပဲ။ ဒါ ေပမယ့္ နာက်င္ခံစားရမႈက အတိုင္းအဆမရွိပါဘူး။ သက္ဆိုင္ရာ ေဆး႐ုံေတြက အုပ္ခ်ဳပ္သူေတြကို ေျပာခ်င္တာက မကုသရတဲ့သူေတြ ကို မေပးတာ ကိစၥမရွိေပမယ့္ တကယ္ ေရွ႕တန္းကေန လနဲ႔ခ်ီပီး ကုသေပး ခဲ့ရ၊ ကုသေပးေနဆဲ လူေတြကို ဒီလိုအခ်ိဳးမ်ိဳးလုပ္တာကေတာ့ လက္ခံႏိုင္စရာမရွိဘူးလို႔ ျပတ္ျပတ္သားသားေျပာလိုက္ပါရေစ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ စကားအတိုင္းေျပာရရင္ ခင္ဗ်ားတို႔ —–က်င့္ေတြ ကို ျပင္ဖို႔လိုေနပီလို႔ တခြန္းထဲေျပာလိုက္ ပါမယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံကေနပီး COVID-19 ေရာဂါကို ျပဳစုကုသေပးေနတဲ့ ဆရာဝန္ေတြ ကို ေက်းဇူးတင္ရွိပီး ဂုဏ္ျပဳလိုေသာေၾကာင့္ Special Allowance အျဖစ္ က်ပ္ေငြ ၅၀၀၀၀ ကို ခ်ီးျမႇင့္ဖို႔ စီစဥ္ေပးခဲ့ပါတယ္။ ႏိုင္ငံေတာ္အေနနဲ႔ တတ္ႏိုင္သေလာက္ ဂုဏ္ျပဳတဲ့သေဘာ ပါ။ အဲဒီေနာက္ေတာ့ ထုံးစံအတိုင္း သတင္းစုံၾကားရေတာ့တာပါပဲ။ အဆိုး႐ြားဆုံးက တကယ္ျပဳစုကုသေနရတဲ့ ဆရာဝန္ေတြ ပိုက္ဆံမရ တာပါ။ က်ေနာ္နဲ႔ေတာ့ တိုက္႐ိုက္မဆိုင္ေပမယ့္ မိတ္ေဆြ သူငယ္ခ်င္းေတြအတြက္၊ မတရားတာဆို ၾကည့္မေနတတ္တဲ့အတြက္ ဒီစာကို ေရးပါတယ္။

တခ်ိဳ႕နယ္ေဆး႐ုံေလးေတြမွာပါ အကုန္နီးပါးရၾကေပမယ့္ တကယ့္ေရွ႕တန္းက ကုေန ရတဲ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ေရွ႕တန္းက တ ခ်ိဳ႕ဆရာဝန္ေတြ၊ ေျမာက္ဥကၠလာေဆး႐ုံအပါအဝင္ ေဆး ၂ ဘက္က တခ်ိဳ႕ဆရာဝန္ေတြ၊ မႏၲေလးေဆး႐ုံႀကီးက တခ်ိဳ႕ဆရာဝန္ေတြ ပိုက္ ဆံမရဘူးဆိုပီး ေျပာၾကတာေတြ ၾကားေနရပါတယ္။ ဒါဟာ ပိုက္ဆံ ၅၀၀၀၀ ကို မက္လို႔ ေျပာေနၾကတာမဟုတ္ပါဘူး။ ႏိုင္ငံေတာ္ရဲ႕ ဂုဏ္ ျပဳမႈကို ငါတို႔ရရွိပါလားဆိုတဲ့ ခံစားခ်က္ကို လိုခ်င္လို႔ သူတို႔ ေတာင္းဆိုၾကတာပါ။

ဒီအခ်ိန္မွာ စာထုတ္တာ ေနာက္က်လို႔၊ အမိန႔္ထြက္တာက ေနာက္က်လို႔ မေပးဘူး ဆိုတာေတြက မျဖစ္သင့္ပါဘူး။ ဒီဆရာဝန္ေတြက ရာထူးအမိန႔္က မထြက္ေသးလို႔ ငါတို႔ COVID လူနာေတြကို မကုဘူးဆိုပီး ေရွာင္ေနၾကတာ မဟုတ္ၾကပါဘူး။ မတ္လ၊ ဧၿပီလ တလလုံး ျပည္သူေတြ Stay Home ေနေနတုန္း အသက္ကိုစြန႔္ပီး ဒီေရာဂါဆိုးႀကီးကို ေရွ႕တန္းက ကုသေပးေနၾကတဲ့သူေတြပါ။ ဒီလူေတြက မရဘူးဆိုတာက အလြန္ကို အံ့ၾသစရာေကာင္းပီး ႐ြံရွာစရာျဖစ္ေနပါတယ္။ တခ်ိဳ႕ေဆး႐ုံေတြမွာက အသနားခံစာေရးတင္ရင္ ေပးတယ္လို႔ သိရပါတယ္။ ပိုေတာင္ အံ့ၾသစရာပါပဲ။

လက္ထဲမွာ ပိုက္ဆံရွိေနရဲ႕သားနဲ႔ ေဆး႐ုံအုပ္ခ်ဳပ္ေရးပိုင္းက တမင္မေပးသလို ျဖစ္ေနပါတယ္။ ကိုယ့္ေဆး႐ုံမွာ ဆရာဝန္ဘယ္ႏွေယာက္ ရွိတယ္။ ဘယ္သူေတြက ဒီေရာဂါကို ေရွ႕တန္းက ျပဳစုကုသေပးေနရတယ္။ ဒါကို သူတို႔သိထားရပါမယ္။ အခုထိလဲ ကုေနရတုန္းပါ။ ေနာက္ပီး ဒီဆရာဝန္ေတြကပဲ ေဝဘာဂီတို႔ ေတာင္ဥကၠလာတို႔ကိုပါ အလွည့္က် သြားကုေပးေန ရပါေသးတယ္။ ဒီေလာက္ COVID ပိုးေတြ႕လူနာေတြၾကား PPE ေတြနဲ႔ သက္စြန႔္ဆံဖ်ားကုသေပးေနသူေတြကို မေပးဘူးဆိုရင္ေတာ့ အေတာ္လြဲမွားေနပါပီ။

သူတို႔ထက္ ပိုရသင့္တာ ဘယ္သူေတြရွိေသးလို႔လဲ။ ေနျပည္ေတာ္က ခ်ေပးလိုက္တဲ့ ပိုက္ဆံေတြက ဘယ္ေလာက္လဲ။ ဘယ္သူေတြကို ဘယ္ လို Procedure နဲ႔ ေပးလဲဆိုတာ ေမးခြန္းထုတ္စရာပါ။

crd : panpyoelat

UNICODE

အတိုင်ပင်ခံမှ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြု ချီးမြှင့်တဲ့ ငွေ (၅၀၀၀၀) တကယ် ပြုစုကုသနေတဲ့ ဆရာဝန် အချို့မရပဲ ဖြစ်နေ

ဒီပိုက်ဆံတွေက နိုင်ငံတော်အစိုးရနဲ့ ဝန်ကြီးဌာနကနေ ပြည်သူ့ပိုက်ဆံနဲ့ ချပေးလိုက်တာပါ။ ပြည်သူတွေရဲ့ အခွန်အခနဲ့ ရတဲ့ ငွေတွေဖြစ် ပါတယ်။ ပြည်သူတွေကလဲ သူတို့အတွက် ပေးဆပ်နေသူတွေကို ကျေးဇူးဆပ်ကြတဲ့သဘောပါပဲ။ ဒါပေမယ့် တကယ်ကုသနေရတဲ့ ရှေ့ဆုံး က လူတွေ မရဘူးဆိုတာကတော့ လက်ခံနိုင်စရာကို လုံးဝမရှိပါဘူး။ သေချာစာရင်းလုပ်ပီး ကုသနေသူတွေကို ဘာအသနားခံစာမှ တင်စ ရာမလိုပဲ ပေးကို ပေးရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီပြသနာဟာ နေပြည်တော်က ပြသနာမဟုတ်ပါဘူး။ သက်ဆိုင်ရာ ဆေးရုံတွေရဲ့ အားနည်း ချက်တွေပါ။

ဒီလို မပေးလို့လဲ သူတို့က မလုပ်တော့ဘူးဆိုပီး လူနာတွေကို ပစ်ထားကြမှာ မဟုတ်ပါဘူး။ သူတို့ အလုပ် သူတို့ဆက်လုပ်နေမှာပါပဲ။ ဒါ ပေမယ့် နာကျင်ခံစားရမှုက အတိုင်းအဆမရှိပါဘူး။ သက်ဆိုင်ရာ ဆေးရုံတွေက အုပ်ချုပ်သူတွေကို ပြောချင်တာက မကုသရတဲ့သူတွေ ကို မပေးတာ ကိစ္စမရှိပေမယ့် တကယ် ရှေ့တန်းကနေ လနဲ့ချီပီး ကုသပေး ခဲ့ရ၊ ကုသပေးနေဆဲ လူတွေကို ဒီလိုအချိုးမျိုးလုပ်တာကတော့ လက်ခံနိုင်စရာမရှိဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်ပါရစေ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားအတိုင်းပြောရရင် ခင်ဗျားတို့ —–ကျင့်တွေ ကို ပြင်ဖို့လိုနေပီလို့ တခွန်းထဲပြောလိုက် ပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံကနေပီး COVID-19 ရောဂါကို ပြုစုကုသပေးနေတဲ့ ဆရာဝန်တွေ ကို ကျေးဇူးတင်ရှိပီး ဂုဏ်ပြုလိုသောကြောင့် Special Allowance အဖြစ် ကျပ်ငွေ ၅၀၀၀၀ ကို ချီးမြှင့်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ တတ်နိုင်သလောက် ဂုဏ်ပြုတဲ့သဘော ပါ။ အဲဒီနောက်တော့ ထုံးစံအတိုင်း သတင်းစုံကြားရတော့တာပါပဲ။ အဆိုးရွားဆုံးက တကယ်ပြုစုကုသနေရတဲ့ ဆရာဝန်တွေ ပိုက်ဆံမရ တာပါ။ ကျနော်နဲ့တော့ တိုက်ရိုက်မဆိုင်ပေမယ့် မိတ်ဆွေ သူငယ်ချင်းတွေအတွက်၊ မတရားတာဆို ကြည့်မနေတတ်တဲ့အတွက် ဒီစာကို ရေးပါတယ်။

တချို့နယ်ဆေးရုံလေးတွေမှာပါ အကုန်နီးပါးရကြပေမယ့် တကယ့်ရှေ့တန်းက ကုနေ ရတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ရှေ့တန်းက တ ချို့ဆရာဝန်တွေ၊ မြောက်ဥက္ကလာဆေးရုံအပါအဝင် ဆေး ၂ ဘက်က တချို့ဆရာဝန်တွေ၊ မန္တလေးဆေးရုံကြီးက တချို့ဆရာဝန်တွေ ပိုက် ဆံမရဘူးဆိုပီး ပြောကြတာတွေ ကြားနေရပါတယ်။ ဒါဟာ ပိုက်ဆံ ၅၀၀၀၀ ကို မက်လို့ ပြောနေကြတာမဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ ဂုဏ် ပြုမှုကို ငါတို့ရရှိပါလားဆိုတဲ့ ခံစားချက်ကို လိုချင်လို့ သူတို့ တောင်းဆိုကြတာပါ။

ဒီအချိန်မှာ စာထုတ်တာ နောက်ကျလို့၊ အမိန့်ထွက်တာက နောက်ကျလို့ မပေးဘူး ဆိုတာတွေက မဖြစ်သင့်ပါဘူး။ ဒီဆရာဝန်တွေက ရာထူးအမိန့်က မထွက်သေးလို့ ငါတို့ COVID လူနာတွေကို မကုဘူးဆိုပီး ရှောင်နေကြတာ မဟုတ်ကြပါဘူး။ မတ်လ၊ ဧပြီလ တလလုံး ပြည်သူတွေ Stay Home နေနေတုန်း အသက်ကိုစွန့်ပီး ဒီရောဂါဆိုးကြီးကို ရှေ့တန်းက ကုသပေးနေကြတဲ့သူတွေပါ။ ဒီလူတွေက မရဘူးဆိုတာက အလွန်ကို အံ့သြစရာကောင်းပီး ရွံရှာစရာဖြစ်နေပါတယ်။ တချို့ဆေးရုံတွေမှာက အသနားခံစာရေးတင်ရင် ပေးတယ်လို့ သိရပါတယ်။ ပိုတောင် အံ့သြစရာပါပဲ။

လက်ထဲမှာ ပိုက်ဆံရှိနေရဲ့သားနဲ့ ဆေးရုံအုပ်ချုပ်ရေးပိုင်းက တမင်မပေးသလို ဖြစ်နေပါတယ်။ ကိုယ့်ဆေးရုံမှာ ဆရာဝန်ဘယ်နှယောက် ရှိတယ်။ ဘယ်သူတွေက ဒီရောဂါကို ရှေ့တန်းက ပြုစုကုသပေးနေရတယ်။ ဒါကို သူတို့သိထားရပါမယ်။ အခုထိလဲ ကုနေရတုန်းပါ။ နောက်ပီး ဒီဆရာဝန်တွေကပဲ ဝေဘာဂီတို့ တောင်ဥက္ကလာတို့ကိုပါ အလှည့်ကျ သွားကုပေးနေ ရပါသေးတယ်။ ဒီလောက် COVID ပိုးတွေ့လူနာတွေကြား PPE တွေနဲ့ သက်စွန့်ဆံဖျားကုသပေးနေသူတွေကို မပေးဘူးဆိုရင်တော့ အတော်လွဲမှားနေပါပီ။

သူတို့ထက် ပိုရသင့်တာ ဘယ်သူတွေရှိသေးလို့လဲ။ နေပြည်တော်က ချပေးလိုက်တဲ့ ပိုက်ဆံတွေက ဘယ်လောက်လဲ။ ဘယ်သူတွေကို ဘယ် လို Procedure နဲ့ ပေးလဲဆိုတာ မေးခွန်းထုတ်စရာပါ။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *