




နေအိမ်တွင် ကိုကျော်ဇင်ဦး နှင့်ဇနီးမဝါစိုး တို့ကိုတွေ့ရသောကြောင့် မ….သည်ထမင်းချက်နေစဉ် မဝါစိုးက ဈေးဝယ်မည်ဟြုေ ပာဆိုကာ နေအိမ်မှထွက်သွားခဲ့ကြောင်း၊ နာရီဝက်ခန့်အကြာ မီးဖိုချောင်တွင် မ….ထမင်းချက်နေစဉ် ကျော်ဇင်ဦးက အနောက်ကရောက်လာကာ တွန်းလဲပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သောကြောင် ကြောက်လန့်ပြီး နေအိမ်သို့ထွက်ပြေးခဲ့ကြောင်း ထို့နောက်အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



UNICODE

အိမ်ထောင်ကွဲ (၁၇) နှစ် သမီး ကို ကိုယ်ဝန်(၅)လ ရအောင် သားမယားပြုကျင့် တဲ့ ညီအကို(၂)ဦး ကို ဖမ်းဆီးအရေးယူ

ကျူးလွန်ခံရသော အမျိုးသမီးသည် လွန်ခဲ့သော(၂)လခန့်က ဓမ္မတာ မလာသော ကြောင့် အရပ် လက်သည် ပြခဲ့ရာ ကိုယ်ဝန်ရှိ နေကြောင်း၊ လွန်ခဲ့သော အပါတ်က ပြသခဲ့ရာ ကိုယ်ဝန်(၅)လရှိနေပြီးဖြစ်ကြောင်းသိရှိရသောကြောင့် တရားလို မ….က ၎င်းကိုကိုယ်ဝန်(၅)လရအောင် သားမယားပြုကျင့်ကြ သူထွဋ် တင်အောင် နှင့် ကျော်ဇင်ဦး(ခ)မင်းလွင်ဦးတို့ကို ဖမ်းဆီးအပြစ်ပေးအရေးယူပေးပါရန် တရားလိုပြုလုပ် တိုင် တန်းခဲ့ရာ ၂၄.၆.၂၀၂၀ ရက် ညနေ ၅ နာရီ ၁၀မိနစ်အချိန် ရေးမြို့ရဲစခန်း အမှုကြီးအမှတ်စဉ် (၁၄/၂၀၂၀)၊(ပ)၄၄၁/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့် လစ်ကာစခန်းမှုးဒုရဲမှုးဝင်းမြင့်က ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။

အ မှုဖြစ်စဉ်မှာမ…..(ခ)……(၁၇)နှစ်၊….ခြံ၊…..ကျေးရွာအုပ်စု၊ ရေးမြို့နယ်နေသူက ၎င်းသည် လွန်ခဲ့သော(၁)နှစ်ခွဲခန့်က ကိုညီဇော်နှင့် လက်ထပ်ပေါင်းသင်းခဲ့ကြကာ (၄)လခန့်သာ ပေါင်းသင်းခဲ့ပြီး တစ်ဦးနှင့်တစ်ဦး သဘောထားမတိုက်ဆိုင်သဖြင့် ကိုညီဇော်မှာ ယခုအ ချိန်အထိပြန်လည် ရောက်ရှိမလာတော့ပဲလွန်ခဲ့သော(၆)လခန့် (နေ့ရက်မမှတ်မိ) နေ့လည် ၁၂နာရီအချိန်ခန့်က တရားလိုသည် နေ အိမ်တွင်ရှိနေစဉ် နေအိမ်တစ်ခြံကျော်နေ မဝါစိုးရောက်ရှိလာကာ ၎င်းနှင့်၎င်း၏ခင်ပွန်းေ ကျာ်ဇင်ဦး(ခ)ကိုမင်းလွင်ဦး အလုပ်မအားသဖြင့် ၎င်း၏နေအိမ်တွင် သွားရောက် ထမင်းချက်ပြုတ်ပေးပါရန် အကူအညီ တောင်းသောကြောင့် ။

မ….သည် ကိုမင်းလွင်ဦး.မဝါစိုးတို့နေအိမ်သို့ သွားရောက်ကာ ထမင်းချက်ပြုတ်ရန်ရောက်ရှိစဉ် နေအိမ်မီးဖိုချောင် အရှေ့မြောက် (၃)မိုင် (၁)ဖာလုံခန့်တွင်ထမင်းချက်ပြုတ်ရန်ပြုလုပ်စဉ်ကိုကျော်ဇင်ဦး(ခ)ကိုမင်းလွင်ဦး(၃၉)နှစ်၊ ကူသွယ်ခြံစု၊တူးမြောင်းကျေးရွာအုပ်စု၊ ရေးမြို့ နယ်နေသူတို့နှင့်အတူနေထိုင်သော ကိုမင်းလွင်ဦး၏ညီဖြစ်သူ ကိုထွဋ်တင်အောင် (၂၀)နှစ်၊ ကျဘမ်းလုပ်ကိုင်သူက ၎င်းထံသို့ ရောက်လာ ပြီးမ…ကိုတွန်းလှဲကာ အလိုမတူပဲ (၅)မိနစ်ခန့် သားမယားပြုကျင့်ပြီးနောက် မိဘများအားမတိုင်ရန်နှင့် တိုင်ကြားပါက သတ်ပစ်မည်ဟု ပြောကြားကာ ပြန်ထွက်သွားခဲ့သဖြင့် ၎င်းလည်းကြောက်ရွံ့ကာ မိဘများကိုမတိုင်ကြားခဲ့ကြောင်း၊ သိရသည်။

အခင်းဖြစ်ပြီးနောက်(၅)ရက်ခန့်အကြာ နံနက်(၁၀)နာရီခန့် က ကိုကျော်ဇင်ဦးနှင့်မဝါစိုးက ကော့ကလှိုင်ကျေးရွာရှိမီးသွေးဖိုတွင် ရေဝိုင်း ခတ်ပေးရန် အကူအညီတောင်းသဖြင့် ၎င်းသည်သွားရောက်ကာ မီးသွေးဖိုနှင့် ပေ(၁၀၀)ခန့် ကွာဝေးသော ရေတွင်းတွင် ၎င်းတစ်ဦးထဲ ရေခပ်နေစဉ်ကိုကျော်ဇင်ဦး(ခ)ကိုမင်းလွင်ဦးဆိုသူ ရောက်ရှိလာပြီး ၎င်းအားရေတွင်းဘေးသို့ တွန်းလှဲပြီး အလိုမတူပဲ သားမယားအဖြစ် (၅)မိနစ်ခန့်ပြုကျင့်ကာ မည်သူ့ကိုမှ တိုင်မပြောရန်နှင့်တိုင်ပြောပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုကာထွက်သွားခဲ့ကြောင်း နောက် (၂)ရက်ခန့်အကြာ ကိုကျော်ဇင်ဦး(ခ)ကိုမင်းလွင်ဦး၏ နေအိမ်သို့ နံနက် ၈ နာရီအချိန်ထမင်းချက်ရန်ရောက်ရှိခဲ့ရာ။

နေအိမ်တွင် ကိုကျော်ဇင်ဦး နှင့်ဇနီးမဝါစိုး တို့ကိုတွေ့ရသောကြောင့် မ….သည်ထမင်းချက်နေစဉ် မဝါစိုးက ဈေးဝယ်မည်ဟုေြ ပာဆိုကာ နေအိမ်မှထွက်သွားခဲ့ကြောင်း၊ နာရီဝက်ခန့်အကြာ မီးဖိုချောင်တွင် မ….ထမင်းချက်နေစဉ် ကျော်ဇင်ဦးက အနောက်ကရောက်လာကာ တွန်းလဲပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သောကြောင် ကြောက်လန့်ပြီး နေအိမ်သို့ထွက်ပြေးခဲ့ကြောင်း ထို့နောက်အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဘုန်းနိုင်(ရေးမြို့)S.H

ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

Add a Comment

Your email address will not be published. Required fields are marked *