အေျခခံျပည္သူမ်ားကို ေငြေၾကးေထာက္ပံ့မႈသည္ တစ္ႀကိမ္တည္းမဟုတ္ဘဲ ေနာက္ထပ္ အႀကိမ္ႀကိမ္ရွိဦးမည္ဟု စီမံ/ဘ႑ာဒုဝန္ႀကီးေျပာၿပီ

လာမည့္၂၀၂၀-၂၀၂၁ျပည္ေထာင္စု၏ ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒၾကမ္းတြင္ ကိုဗစ္-၁၉ျပန္လည္ ထူေထာင္ေရးဆိုင္ရာ ရန္ပုံေငြမ်ား အျဖစ္ က်ပ္ ၁၅၄၅ ဘီလီယံကို ထည့္သြင္းလ်ာထားၿပီးျဖစ္သည္။ ယခုဘ႑ာေရးႏွစ္တြင္ ကိုဗစ္-၁၉ ဆိုင္ရာ ေထာက္ပံ့မႈမ်ားအျဖစ္ ဝင္ေငြ နည္း အေျခခံျပည္သူမ်ားအား ပစၥည္းငါးမ်ိဳး ေထာက္ပံ့ျခင္းအတြက္ က်ပ္၄၉ဒ သမ၄၀၂ဘီလီယံသုံးစြဲထားသကဲ့သို႔ ေငြေၾကးေထာက္ပံ့ ရန္အတြက္လည္း က်ပ္၂၁ ဒသမ ၇၀၃ ဘီလီယံသုံးစြဲသြားမည္ျဖစ္ ေၾကာင္း စီမံ/ဘ႑ာဒုတိယဝန္ႀကီးက ေျပာဆိုလိုက္သည္။

ထို႔အျပင္ အေသးစားေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားသို႔ သက္သာေသာေခ်းေငြထုတ္ေခ်းျခင္း၊ လက္ဖက္ရည္ဆိုင္ ႏွင့္စားေသာက္ဆိုင္ ငယ္မ်ားသို႔ သက္သာေသာ ေခ်းေငြထုတ္ေခ်းျခင္း၊ ေတာင္သူလယ္သမားမ်ားသို႔ ထပ္ေဆာင္း ေခ်းေငြထုတ္ေခ်းျခင္း(တစ္ဧကလ်င္ ငါး ေသာင္းႏႈန္း)တို႔ကိုလည္း ေဆာင္႐ြက္လ်က္ရွိသည္။ ကိုဗစ္ေၾကာင္း ထိခိုက္မႈရွိခဲ့ေသာ ဟိုတယ္ ႏွင့္ခရီးသြားလုပ္ငန္းမ်ား၊ အျခားလုပ္ငန္း မ်ားအတြက္လည္း ေခ်းေငြ က်ပ္၁၀၉ဘီလီယံအထိ ခြင့္ျပဳထားၿပီးျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ကိုဗစ္ကာလ ဝင္ေငြနည္းအေျခခံျပည္သူမ်ားကို အစိုးရက ေငြေၾကးေထာက္ပံ့ေပးျခင္းသည္ လာမည့္က်ပ္ႏွစ္ေသာင္း ႏႈန္းေထာက္ပံ့မည့္ အစီအစဥ္တစ္ခုတည္းတင္မဟုတ္ဘဲ ေနာက္ထပ္ေထာက္ပံ့မႈမ်ားလည္းရွိလာဦးမည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာ နမွ ဒုတိယဝန္ႀကီး ဦးဆက္ေအာင္ကေျပာသည္။ေလာေလာဆယ္မွာ ႏွစ္ေသာင္းေပးတာဟုတ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္ေသာင္းနဲ႔ ရပ္သြား မွာ မဟုတ္ပါဘူး။ ဆက္ၿပီး ေတာ့လည္း ေပးဖို႔အတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနက ေဆာင္႐ြက္လ်က္ရွိပါတယ္’။

ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီး ဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ရက္ပိုင္းအတြင္းေထာက္ပံ့ေတာ့မည့္ အဆိုပါ တစ္အိမ္ ေထာင္က်ပ္ႏွစ္ေသာင္းႏႈန္းသည္ ပမာဏနည္းေၾကာင္းေမးျမန္းမႈအေပၚ ဒုတိယဝန္ႀကီးက ျပန္လည္ေျဖၾကားသြားခဲ့ ျခင္းျဖစ္သည္။အ ထက္ပါ ေငြေၾကးေထာက္ပံ့မည့္အစီအစဥ္ကို အေကာင္အထည္ေဖာ္ရမည့္ ေအာက္ေျခရပ္/ေက်းအဆင့္ အုပ္ခ်ဳပ္ ေရးတာဝန္ရွိသူအခ်ိဳ႕ ကမူ စိုး႐ြန႔္လ်က္ရွိေၾကာင္းေျပာဆိုၾကသည္။

‘ပစၥည္းငါးမ်ိဳးေထာက္ပံ့တုန္းကလည္း သူမရဘူး၊ ငါမရဘူး နဲ႔ဟာ ေတာ္ေတာ္ေလးရွင္းခဲ့ရတယ္။ အခုလည္း အဲလိုေတြျဖစ္လာဦးမယ္ ထင္ပါတယ္”ဟု ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးတာဝန္ရွိသူတစ္ဦးက ေျပာသြားခဲ့ျခင္းျဖစ္သည္။ထိုကဲ့သို႔ပင္ အစိုးရကေရးဆြဲထုတ္ျပန္ထားေသာ ကိုဗစ္-၁၉ေၾကာင့္ထိခိုက္ခဲ့ရသည့္ စီးပြားေရးလုပ္ငန္းမ်ားအေပၚ ျပန္လည္ကုစားေရးအစီအစဥ္ (CERP)တြင္ပါဝင္သည့္ အျခားေသာလုပ္ငန္းစဥ္မ်ားကိုလည္း ႏိုင္ငံ၏စီးပြားေရးအေျခအေနေပၚ မူတည္ၿပီး ထပ္မံေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။’

REF: ျမန္မာတိုင္းစ္

UNICODE

အခြေခံပြည်သူများကို ငွေကြေးထောက်ပံ့မှုသည် တစ်ကြိမ်တည်းမဟုတ်ဘဲ နောက်ထပ် အကြိမ်ကြိမ်ရှိဦးမည်ဟု စီမံ/ဘဏ္ဍာဒုဝန်ကြီးပြောပြီ

လာမည့်၂၀၂၀-၂၀၂၁ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ကိုဗစ်-၁၉ပြန်လည် ထူထောင်ရေးဆိုင်ရာ ရန်ပုံငွေများ အဖြစ် ကျပ် ၁၅၄၅ ဘီလီယံကို ထည့်သွင်းလျာထားပြီးဖြစ်သည်။ ယခုဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ထောက်ပံ့မှုများအဖြစ် ဝင်ငွေ နည်း အခြေခံပြည်သူများအား ပစ္စည်းငါးမျိုး ထောက်ပံ့ခြင်းအတွက် ကျပ်၄၉ဒ သမ၄၀၂ဘီလီယံသုံးစွဲထားသကဲ့သို့ ငွေကြေးထောက်ပံ့ ရန်အတွက်လည်း ကျပ်၂၁ ဒသမ ၇၀၃ ဘီလီယံသုံးစွဲသွားမည်ဖြစ် ကြောင်း စီမံ/ဘဏ္ဍာဒုတိယဝန်ကြီးက ပြောဆိုလိုက်သည်။

ထို့အပြင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသို့ သက်သာသောချေးငွေထုတ်ချေးခြင်း၊ လက်ဖက်ရည်ဆိုင် နှင့်စားသောက်ဆိုင် ငယ်များသို့ သက်သာသော ချေးငွေထုတ်ချေးခြင်း၊ တောင်သူလယ်သမားများသို့ ထပ်ဆောင်း ချေးငွေထုတ်ချေးခြင်း(တစ်ဧကလျင် ငါး သောင်းနှုန်း)တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်ကြောင်း ထိခိုက်မှုရှိခဲ့သော ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းများ၊ အခြားလုပ်ငန်း များအတွက်လည်း ချေးငွေ ကျပ်၁၀၉ဘီလီယံအထိ ခွင့်ပြုထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကိုဗစ်ကာလ ဝင်ငွေနည်းအခြေခံပြည်သူများကို အစိုးရက ငွေကြေးထောက်ပံ့ပေးခြင်းသည် လာမည့်ကျပ်နှစ်သောင်း နှုန်းထောက်ပံ့မည့် အစီအစဉ်တစ်ခုတည်းတင်မဟုတ်ဘဲ နောက်ထပ်ထောက်ပံ့မှုများလည်းရှိလာဦးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာ နမှ ဒုတိယဝန်ကြီး ဦးဆက်အောင်ကပြောသည်။လောလောဆယ်မှာ နှစ်သောင်းပေးတာဟုတ်ပါတယ်။ ဒါပေမယ့် ဒီနှစ်သောင်းနဲ့ ရပ်သွား မှာ မဟုတ်ပါဘူး။ ဆက်ပြီး တော့လည်း ပေးဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်’။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရက်ပိုင်းအတွင်းထောက်ပံ့တော့မည့် အဆိုပါ တစ်အိမ် ထောင်ကျပ်နှစ်သောင်းနှုန်းသည် ပမာဏနည်းကြောင်းမေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားသွားခဲ့ ခြင်းဖြစ်သည်။အ ထက်ပါ ငွေကြေးထောက်ပံ့မည့်အစီအစဉ်ကို အကောင်အထည်ဖော်ရမည့် အောက်ခြေရပ်/ကျေးအဆင့် အုပ်ချုပ် ရေးတာဝန်ရှိသူအချို့ ကမူ စိုးရွန့်လျက်ရှိကြောင်းပြောဆိုကြသည်။

‘ပစ္စည်းငါးမျိုးထောက်ပံ့တုန်းကလည်း သူမရဘူး၊ ငါမရဘူး နဲ့ဟာ တော်တော်လေးရှင်းခဲ့ရတယ်။ အခုလည်း အဲလိုတွေဖြစ်လာဦးမယ် ထင်ပါတယ်”ဟု နေပြည်တော်ကောင်စီနယ်မြေမှ ရပ်/ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသွားခဲ့ခြင်းဖြစ်သည်။ထိုကဲ့သို့ပင် အစိုးရကရေးဆွဲထုတ်ပြန်ထားသော ကိုဗစ်-၁၉ကြောင့်ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအပေါ် ပြန်လည်ကုစားရေးအစီအစဉ် (CERP)တွင်ပါဝင်သည့် အခြားသောလုပ်ငန်းစဉ်များကိုလည်း နိုင်ငံ၏စီးပွားရေးအခြေအနေပေါ် မူတည်ပြီး ထပ်မံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။’

REF:   မြန်မာတိုင်းစ်

Add a Comment

Your email address will not be published. Required fields are marked *