REF: Aye Thida Htun
UNICODE
ခေတ်ကြီးကမလွယ်တော့ဘူး မန္တေ လး – မြစ်ကြီးနား ရထားပေါ် မှာ ထမင်းရောင်း ရင်း ဓားပြတိုက်နေ သူတွေ ကို သတိပြု
သူတို့က အရင်က ဒီအလုပ်မလုပ်ဘူး ကိုဗစ်ကာလမှ လုပ်စားကြတာတဲ့။ ရဲတွေကတော့ ဖမ်းပေးမယ်ပြောတာဘဲ။ ကိုကတော့ မျက်နှာနား ကပ်ပြီး ပိုက်ဆံအတင်းတောင်းတဲ့ပုံစံကြီး ခုထိ မမေ့ဘူး။ရထားနဲ့ ခရီးသွားတဲ့သူများ သတိထားကြပါရှင့်။ ရွှေဘိုဘူတာက ထမင်း‌တဆင့် ရောင်းတဲ့သူတွေမှာ ဓါးတွေလဲ ပါတယ် မယူရင် ကျောက်ခဲ့ နဲ့ ထုတဲ့အထိတွေပါ လုပ်ကြပါတယ်။
ဒီနေ့ ရွာထောင်ဘူတာကနေ 6:20PM မှာဒုတိယအမြန်ရထားနဲ့ ပြန်လာတယ် လမ်းတလျှောက်လုံး ထမင်းယူမလား ထမင်းယူမလား ခနခန လာမေးတယ်။ဝက်လက်ဘူတာနားရောက်တော့ ခါတိုင်း ကိုယ်ထမင်းမှာနေကျ လူတွေမရှိတော့ အဲ့လူနှစ်ယောက်ဆီ မှာမိတယ် မှာကတည်းကတစ်ခါတည်း ပြောထားတယ် အညာမြေထမင်းဆိုင်ကဒံပေါက်ထမင်း ယူမယ်လို့။
(အညာမြေက ဒံပေါက်မို့ နှစ်ထောင်ပေးတဲ့) Ok ပေးမယ် အဲ့ဆိုင်ကဟာဘဲစားချင်တယ်ပေါ့။ သူတို့ကလဲ အစ်မကြိုက်မှယူတဲ့ မကြိုက်ရင် ပြန်ပေးတဲ့။ ကိုယ်ကလဲ ယုံတာပေါ့။ ရွှေဘိုဘူတာလဲရောက်ရော လမ်းဘေးမှာရောင်းတဲ့ ထမင်းကြော်ကို ကော်ဇွန်းနဲ့ လာပေးတာ ဒံပေါက် မှာတာ။ ဘယ်လိုလုပ် ထမင်းကြော်ဖြစ်နေတာလဲပေါ့။သူတို့ကတော့ ဒံပေါက်လို့ဘဲပြောတယ် ပြီးကြ နှစ်ထောင်ပေးတဲ့။
အဲ့အချိန်မှာ ရဲတစ်ယောက်က ရောက်လာတော့ အဆင်ပြေမှ ယူပါညီမတဲ့ သူတို့ကိုယ်တိုင်ပြောပြီး ရဲလဲ ထွက်သွားရော ဇွတ်ရော အတင်း ရော ထမင်းဗူးမယူလဲ ပိုက်ဆံ နှစ်ထောင်ပေးတဲ့။ဒီကလဲ နကိုက မကြိုက်ရင် မယူနဲ့လို့ပြောထားတာလေ ပြီးတော့ ဒံပေါက်မှ မဟုတ်တာ ဆိုတော့။ထမင်းမှာထားတဲ့ လူနှစ်ယောက်ထဲကမဟုတ်ဘဲ တခြား ဘာသာခြား အသားမဲမဲ စွတ်ကျယ်နဲ့ ။
ကွမ်းတွေ အရမ်းစားထားတဲ့သူက ရထားပေါ်ပြေးတက်လာပြီး မျက်နှာ နားအတင်းကပ်ပြီး ပေးမှာလား မပေးဘူးလားတဲ့။ကိုကလဲ စီးတာ က အထက်တန်းတွဲ နှစ်ခုံ တစ်ယောက်ထိုင်ရတာ ( လူအရမ်းနည်းတယ် )ဘေးက အစ်မကြီးတွေက အိပ်နေကြတယ်။အဲ့အချိန်ဘယ်သူမှ မရှိဘူး။ပိုက်ဆံမပေးရင် ကျောပိုးအိတ်ကိုယူမယ်ဆိုတဲ့ပုံစံနဲ့ ကျောပိုးအိတ်ကိုလဲ အတင်းလာကိုင်ပါတယ်။
ဒီကလဲ ကြောက်ကြောက်နဲ့ တစ်ထောင်တော့ယူသွားဆိုပြီး ပေးလိုက်တော့မှ အကုန်ပြန်သွားတာ ကို တစ်ယောက်တည်း ဖြစ်တာမဟုတ် ဘူး ကို အပါအဝင် ခုနစ်ယောက်တောင်ဖြစ်တာ။မနေ့ကဆိုရထားပေါ် ထမင်းဗူးမယူလို့ ဓါးနဲ့ထောက်တဲ့အထိ ဖြစ်ထားလို့ ရွှေဘိုဘူတာမှာ ဖမ်းရတဲ့အထိဖြစ်တယ်တဲ့ (တွဲစောင့်ရဲတွေပြောပြတာ)။
ကိုယ့်နားကထွက်သွားတော့ ရဲတွေရော တွဲစောင့်တွေရော ရောက်လာတာ သမီး ဘာဖြစ်တာလဲပေါ့။ အကျိုးအကြောင်းလဲ ပြောပြလိုက် ရော တခြားတွဲဘက်မှာလဲ အဲ့လို တွေဖြစ်ပျက်ခဲ့လို့ လိုက်လာတာတဲ့။အဲ့အချိန် ကိုယ့်ဆီက ပိုက်ဆံ အတင်းတောင်း တဲ့ သုံးယောက်လုံး အရက်ဆိုင် ပြေးကြပြီတဲ့။
REF:   Aye Thida Htun
Add a Comment
Your email address will not be published. Required fields are marked *