ေတာင္သူလယ္သမားမ်ားအား ခ်မွတ္ခဲ့ေသာ ျပစ္ဒဏ္နည္းသည္ဟုဆိုကာ တပ္မေတာ္က ျပင္ဆင္ခ်က္တင္ျခင္းကို တရားလႊတ္ေတာ္ လက္ခံ

ကရင္နီေတာင္သူ တရားခံမ်ားအေပၚ စြဲဆိုထားေသာ ဥပေဒပုဒ္မျဖစ္ေသာ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရးအက္ဥပေဒ ပုဒ္မ ၆ (၁) မွာ ေထာင္ဒဏ္ ခုနစ္ႏွစ္အထိ ခ်မွတ္ႏိုင္ေသာ ျပစ္မႈျဖစ္သည္ကို မူလ႐ုံးက ေထာင္ဒဏ္(၆)လသာ ခ်မွတ္ခဲ့သျဖင့္ ႏိုင္ငံဘ႑ာဆုံးရႈံးမႈ တန္ ဖိုးႏွင့္ ႏႈိင္းယွဥ္ပါက ျပစ္ဒဏ္နည္းပါးသည္ကို ေတြ႕ရွိရေၾကာင္း၊ မူလတရား႐ုံးမွ ေတာင္သူမ်ားအေပၚ ခ်မွတ္ခဲ့သည့္ အမိန႔္ႏွင့္ ခ႐ိုင္တရား ႐ုံးမွ ပလပ္ခဲ့သည့္ အမိန႔္တို႔ကို ပယ္ဖ်က္၍ တရားခံမ်ားအား ျပစ္ဒဏ္တိုးျမႇင့္ ေပးပါရန္ ေလွ်ာက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေတာင္သူ ၁၇ ဦးႏွင့္ ေတာင္သူလယ္သမားသမဂၢ အဖြဲ႕ဝင္ သုံးဦးတို႔အား ပိုင္နက္က်ဴးလြန္မႈျဖင့္ ဒဏ္ေငြ က်ပ္ႏွစ္ေသာင္း သို႔မဟုတ္ ေထာင္ဒဏ္ ၁၅ ရက္ခ်မွတ္ခဲ့သည္ကိုလည္း ျပင္ဆင္ခ်က္ တင္ထားေၾကာင္း သိရသည္။ကရင္နီျပည္ ေတာင္သူလယ္သမားသမဂၢ အဖြဲ႕ဝင္ မ်ားႏွင့္ ေတာင္သူ စုစုေပါင္း ၂၀ ဦးအား ခ်မွတ္ခဲ့ေသာ အမႈကို ျပစ္ဒဏ္တိုးျမႇင့္ ခ်မွတ္ႏိုင္ရန္ တပ္မေတာ္ဘက္က ျပင္ဆင္ခ်က္ တင္သြင္း ရာ ဇြန္ ၂၅ ရက္တြင္ ကယားျပည္နယ္ တရားလႊတ္ေတာ္မွ လက္ခံလိုက္ေၾကာင္း သိရသည္။

လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးမွ ေတာင္သူသမဂၢ အဖြဲ႕ဝင္မ်ားႏွင့္ ေတာင္သူ စုစုေပါင္း ၂၀ အား တပ္ပိုင္ေျမေပၚတြင္ ဝင္ေရာက္ထြန္ယက္ သျဖင့္ ပိုင္နက္က်ဴးလြန္မႈႏွင့္ တပ္ၿခံစည္း႐ိုးမ်ားအား ဖ်က္ဆီးေသာေၾကာင့္ အက်ိဳးဖ်က္ဆီးမႈမ်ား အသီးသီးျဖင့္ ၃၅၆ အေျမာက္တပ္မွ ဗိုလ္မႉးမိုးဝင္းထက္က တရားစြဲဆိုခဲ့ရာ ေငြဒဏ္၊ ေထာင္ဒဏ္မ်ား အသီးသီး က်ခံခဲ့ၿပီ ျဖစ္ေသာ္လည္း ျပစ္ဒဏ္အား တိုးျမင့္ေပးရန္ ေလွ်ာက္ထားလာျခင္း ျဖစ္ေၾကာင္း သိရသည္။ၿမိဳ႕နယ္တရား႐ုံးက ခ်မွတ္ထားတဲ့ အမိန႔္ကို ျပင္ဆင္ခ်က္အေနနဲ႔ တက္တာေပါ့ေနာ္။

ေတာင္သူေတြက ေျမလည္းအသိမ္းခံရၿပီးၿပီ။ ေထာင္ထဲမွာလည္း ေျခာက္လေပါ့ေနာ္ ေနခဲ့ၿပီးၿပီ။ ေျမယာလည္း ဆုံးရႈံးတယ္။ ေထာင္ထဲမွာ လည္း အခ်ိန္ေတြ ကုန္ခဲ့တယ္။ မိသားစု ႐ုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာေတြ ထိခိုက္ၿပီးတာ ေတာင္မွေပါ့ေနာ္။ ၿမိဳ႕နယ္တရား႐ုံးရဲ႕ ျပစ္ဒဏ္ က နည္းတယ္ေပါ့ေနာ္။ ဒါကို ျပန္လည္တိုးျမႇင့္ဖို႔အတြက္ ျပင္ဆင္ခ်က္ ထပ္တက္တယ္ဆိုတာ ေတာင္သူေတြအတြက္ တစ္ပူေပၚ တစ္ပူ ဆင့္ေပါ့ေနာ္။ … ေတာင္သူေတြ ဘက္ကေတာ့ ခံရတဲ့ ဘက္ႀကီးပဲ။ အစိုးရေရာ တပ္မေတာ္ဘက္ကေရာ ဒါေတြကို ျပန္လည္ၿပီးမွ စဥ္းစား ေစခ်င္ပါတယ္” ဟု ကရင္နီျပည္ ေတာင္သူလယ္သမားသမဂၢ အဖြဲ႕ဝင္ ကိုဒီးဒီက ေျပာၾကားသည္။

ျပင္ဆင္မႈတက္ရသည့္ အေၾကာင္းမွာ ေတာင္သူႏွစ္ဦးျဖစ္သည့္ တရားခံ ခူးဦးရယ္ႏွင့္ ခူးရွားရယ္မွ အခင္းျဖစ္ေန႔တြင္ ခလရ ၂၅၀ မွ ကာရံ ထားေသာ အုတ္တံတိုင္းမ်ားကို ဝင္ေရာက္ဖ်က္ဆီးခဲ့သျဖင့္ အုတ္တိုင္မ်ားသည္ ျပည္သူပိုင္ပစၥည္းမ်ား ျဖစ္ေၾကာင္း၊ အုတ္တိုင္စုစုေပါင္းမွာ ၄၇၅ တိုင္ျဖစ္ၿပီး ကာလတန္ဖိုးမွာ က်ပ္ ၁၄၉ သိန္းခန႔္ ျဖစ္ေသာေၾကာင့္ ပမာဏအားျဖင့္ မ်ားျပားၿပီး အုပ္စုျဖင့္ ဝင္ေရာက္ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္ဟု အေၾကာင္းျပခ်က္တြင္ ေရးသားထားသည္။

REF: ELEVEN MEDIA

UNICODE

တောင်သူလယ်သမားများအား ချမှတ်ခဲ့သော ပြစ်ဒဏ်နည်းသည်ဟုဆိုကာ တပ်မတော်က ပြင်ဆင်ချက်တင်ခြင်းကို တရားလွှတ်တော် လက်ခံ

ကရင်နီတောင်သူ တရားခံများအပေါ် စွဲဆိုထားသော ဥပဒေပုဒ်မဖြစ်သော ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆ (၁) မှာ ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုဖြစ်သည်ကို မူလရုံးက ထောင်ဒဏ်(၆)လသာ ချမှတ်ခဲ့သဖြင့် နိုင်ငံဘဏ္ဍာဆုံးရှုံးမှု တန် ဖိုးနှင့် နှိုင်းယှဉ်ပါက ပြစ်ဒဏ်နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ မူလတရားရုံးမှ တောင်သူများအပေါ် ချမှတ်ခဲ့သည့် အမိန့်နှင့် ခရိုင်တရား ရုံးမှ ပလပ်ခဲ့သည့် အမိန့်တို့ကို ပယ်ဖျက်၍ တရားခံများအား ပြစ်ဒဏ်တိုးမြှင့် ပေးပါရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်သူ ၁၇ ဦးနှင့် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် သုံးဦးတို့အား ပိုင်နက်ကျူးလွန်မှုဖြင့် ဒဏ်ငွေ ကျပ်နှစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့သည်ကိုလည်း ပြင်ဆင်ချက် တင်ထားကြောင်း သိရသည်။ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် များနှင့် တောင်သူ စုစုပေါင်း ၂၀ ဦးအား ချမှတ်ခဲ့သော အမှုကို ပြစ်ဒဏ်တိုးမြှင့် ချမှတ်နိုင်ရန် တပ်မတော်ဘက်က ပြင်ဆင်ချက် တင်သွင်း ရာ ဇွန် ၂၅ ရက်တွင် ကယားပြည်နယ် တရားလွှတ်တော်မှ လက်ခံလိုက်ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် တရားရုံးမှ တောင်သူသမဂ္ဂ အဖွဲ့ဝင်များနှင့် တောင်သူ စုစုပေါင်း ၂၀ အား တပ်ပိုင်မြေပေါ်တွင် ဝင်ရောက်ထွန်ယက် သဖြင့် ပိုင်နက်ကျူးလွန်မှုနှင့် တပ်ခြံစည်းရိုးများအား ဖျက်ဆီးသောကြောင့် အကျိုးဖျက်ဆီးမှုများ အသီးသီးဖြင့် ၃၅၆ အမြောက်တပ်မှ ဗိုလ်မှူးမိုးဝင်းထက်က တရားစွဲဆိုခဲ့ရာ ငွေဒဏ်၊ ထောင်ဒဏ်များ အသီးသီး ကျခံခဲ့ပြီ ဖြစ်သော်လည်း ပြစ်ဒဏ်အား တိုးမြင့်ပေးရန် လျှောက်ထားလာခြင်း ဖြစ်ကြောင်း သိရသည်။မြို့နယ်တရားရုံးက ချမှတ်ထားတဲ့ အမိန့်ကို ပြင်ဆင်ချက်အနေနဲ့ တက်တာပေါ့နော်။

တောင်သူတွေက မြေလည်းအသိမ်းခံရပြီးပြီ။ ထောင်ထဲမှာလည်း ခြောက်လပေါ့နော် နေခဲ့ပြီးပြီ။ မြေယာလည်း ဆုံးရှုံးတယ်။ ထောင်ထဲမှာ လည်း အချိန်တွေ ကုန်ခဲ့တယ်။ မိသားစု ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်ပြီးတာ တောင်မှပေါ့နော်။ မြို့နယ်တရားရုံးရဲ့ ပြစ်ဒဏ် က နည်းတယ်ပေါ့နော်။ ဒါကို ပြန်လည်တိုးမြှင့်ဖို့အတွက် ပြင်ဆင်ချက် ထပ်တက်တယ်ဆိုတာ တောင်သူတွေအတွက် တစ်ပူပေါ် တစ်ပူ ဆင့်ပေါ့နော်။ … တောင်သူတွေ ဘက်ကတော့ ခံရတဲ့ ဘက်ကြီးပဲ။ အစိုးရရော တပ်မတော်ဘက်ကရော ဒါတွေကို ပြန်လည်ပြီးမှ စဉ်းစား စေချင်ပါတယ်” ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ကိုဒီးဒီက ပြောကြားသည်။

ပြင်ဆင်မှုတက်ရသည့် အကြောင်းမှာ တောင်သူနှစ်ဦးဖြစ်သည့် တရားခံ ခူးဦးရယ်နှင့် ခူးရှားရယ်မှ အခင်းဖြစ်နေ့တွင် ခလရ ၂၅၀ မှ ကာရံ ထားသော အုတ်တံတိုင်းများကို ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် အုတ်တိုင်များသည် ပြည်သူပိုင်ပစ္စည်းများ ဖြစ်ကြောင်း၊ အုတ်တိုင်စုစုပေါင်းမှာ ၄၇၅ တိုင်ဖြစ်ပြီး ကာလတန်ဖိုးမှာ ကျပ် ၁၄၉ သိန်းခန့် ဖြစ်သောကြောင့် ပမာဏအားဖြင့် များပြားပြီး အုပ်စုဖြင့် ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု အကြောင်းပြချက်တွင် ရေးသားထားသည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *