ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံ အန္း ဟာ ကို ဗစ္ေၾကာင့္ေသဆုံး ခဲ့ဟ န္ ရွိေၾကာင္း ၿဗိတိန္အေျခစိုက္ The Sunသ တင္းစာ မွာ ေဖာ္ျပ

ဇြန္လ (၂၅)ရက္ ညေနပိုင္းက ျပဳလုပ္ခဲ့တဲ့ အစည္းအေဝးမွာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး တာ႐ိုကိုႏိုက ကင္ဂ်ဳံအန္ေသဆုံးၿပီလို႔ တိုက္႐ိုက္ မေျပာ ေပမယ့္၊ ဆိုး႐ြားတဲ့ က်န္းမာေရး အေျခအေန ရင္ဆိုင္ေနရဟ န္ရွိတယ္လို႔ မိမိတို႔ သံသယ ဝင္မိေၾကာင္း၊ ကိုဗစ္ ေၾကာင့္ ျဖစ္ႏိုင္ ေၾကာင္း အရိပ္အႁမြက္ ေျပာခဲ့ပါတယ္။ သူရဲ႕စကားေၾကာင့္ ကင္ဟာ ကိုဗစ္ေၾကာင့္ ေသဆုံးၿပီလို႔ ယတိျပတ္ ေကာက္ခ်က္ခ်သူေတြ ရွိခဲ့ပါ တယ္။တာ႐ိုကိုႏိုရဲ႕အဆိုအရ ဂ်ပန္နဲ႔ အေမရိကန္တို႔ဟာ သတင္းအခ်က္အလက္ လဲလွယ္ျခင္းေတြရွိၿပီး၊ သူ႔အေနနဲ႔ေတာ့ စုံစမ္းေထာက္ လွမ္းေရးက ရရွိတဲ့သတင္းအခ်က္အလက္ေတြကို အျပည့္အဝ ေျပာခြင့္မသာဘူးလို႔ ဆိုပါတယ္။

ကင္ဟာ (၂၀၁၄)ခုႏွစ္တုန္းကလည္း ရက္ေပါင္း(၄၀)ၾကာ အမ်ားျပည္သူ ျမင္ကြင္းမွ ေပ်ာက္ကြယ္ခဲ့ဖူးၿပီး၊ ထိုစဥ္က ဒူးေခါင္း ခြဲစိတ္မႈခံယူ ခဲ့တာလို႔ သတင္းေတြ ထြက္ေပၚ ခဲ့ပါတယ္။ၿဗိတိန္အေျခစိုက္ နာမည္ႀကီး သတင္းစာ တစ္ေစာင္ျဖစ္ တဲ့ The Sun သတင္းစာမွာေတာ့ ေျမာက္ကိုရီးယား အာဏာရွင္ ကင္ဂ်ဳံအန္ဟာ ကိုဗစ္ေၾကာင့္ ေသဆုံးခဲ့ဟန္ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ အဓိကအားျဖင့္ေတာ့ ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီး တာ႐ိုကိုႏိုရဲ႕စကားကို ကိုးကားၿပီး ေကာက္ခ်က္ခ်တဲ့ သေဘာပါ။ ေျမာက္ကိုရီးယားအေနနဲ႔ သူတို႔ဆီမွာ ကိုဗစ္ကူး စက္သူ တစ္ေယာက္သာ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ေျမာက္ကိုရီးယားရဲ႕ထုတ္ျပန္မႈဟာ လူရယ္စရာျဖစ္ခဲ့ၿပီး၊ ေျမာက္ကိုရီးယားအေနနဲ႔ ကပ္ေရာဂါရဲ႕ပထမအဆင့္ ကာလအတြင္းမွာ ေတာင္ တ႐ုတ္နဲ႔ ကူးခ်ည္သန္းခ်ည္လုပ္ေနတဲ့ ကုန္တင္ကားေတြ၊ ေ႐ႊ႕ေျပာင္းလုပ္သားေတြကို တားျမစ္ ပိတ္ပင္ျခင္း မရွိခဲ့ပါဘူး။ ေတာင္ ကိုရီးယားအေျခစိုက္ NK Daily မွာ သူတို႔ သတင္းေဖာ္ျပစဥ္က လူ(၂၀၀)ေက်ာ္ တစ္ေန႔တည္း ေသဆုံးခဲ့တယ္လို႔ ဆိုထားပါတယ္ ။ကင္ဂ်ဳံ အန္းဟာ ဧၿပီလ(၁၁)ရက္ကတည္းက လူျမင္ကြင္းကေန ေပ်ာက္ကြယ္ခဲ့တာပါ။ ယင္းေနာက္ ဧၿပီ(၁၅)ေန႔ ေန႔ထူးေန႔ျမတ္ျဖစ္တဲ့ သူရဲ႕အ ဖိုး ကင္အီေဆာင္ရဲ႕ ေမြးေန႔ စစ္ေရးျပအခမ္းအနားကိုေတာင္ မတက္ႏိုင္ေတာ့ပါဘူး။

ရက္သတၱႏွစ္ပတ္ၾကာ ေပ်ာက္ကြယ္ေနၿပီးေနာက္၊ ေမလ(၁)ရက္ေန႔ ေမေဒးအထိန္းအမွတ္ ဓာတ္ေျမၾသဇာ စက္႐ုံဖြင့္ပြဲကို တက္ေရာက္ ဖြင့္လွစ္ေပးခဲ့ပါတယ္။ဇြန္လ (၇)ရက္ေန႔မွာေတာ့ ပါတီဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးကို တက္ေရာက္မိန႔္ခြန္းေျပာတဲ့ဓာတ္ပုံေတြ ေပၚထြက္လာပါေသးတယ္။ အဲဒီေန႔ကေန အခုအခ်ိန္ထိ ကင္ဟာ ေျမာက္ကိုရီးယား ႐ုပ္သံျမင္ကြင္းထက္မွာ ထူးထူးဆန္းဆန္း ျပန္လည္ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ဒီအတြက္ ဂ်ပန္အစိုးရဘက္က အေတာ္ေလးကို သံသယဝင္စရာေကာင္းတဲ့ ထူးဆန္းတဲ့ အျဖစ္အပ်က္လို႔ မွတ္ ခ်က္ေပးခဲ့တာပါ။

Credit: Celecrazynews

Ref: The Sun

UNICODE

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်း ဟာ ကို ဗစ်ကြောင့်သေဆုံး ခဲ့ဟ န် ရှိကြောင်း ဗြိတိန်အခြေစိုက် The Sunသ တင်းစာ မှာ ဖော်ပြ

ဇွန်လ (၂၅)ရက် ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ကင်ဂျုံအန်သေဆုံးပြီလို့ တိုက်ရိုက် မပြော ပေမယ့်၊ ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေ ရင်ဆိုင်နေရဟ န်ရှိတယ်လို့ မိမိတို့ သံသယ ဝင်မိကြောင်း၊ ကိုဗစ် ကြောင့် ဖြစ်နိုင် ကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။ သူရဲ့စကားကြောင့် ကင်ဟာ ကိုဗစ်ကြောင့် သေဆုံးပြီလို့ ယတိပြတ် ကောက်ချက်ချသူတွေ ရှိခဲ့ပါ တယ်။တာရိုကိုနိုရဲ့အဆိုအရ ဂျပန်နဲ့ အမေရိကန်တို့ဟာ သတင်းအချက်အလက် လဲလှယ်ခြင်းတွေရှိပြီး၊ သူ့အနေနဲ့တော့ စုံစမ်းထောက် လှမ်းရေးက ရရှိတဲ့သတင်းအချက်အလက်တွေကို အပြည့်အဝ ပြောခွင့်မသာဘူးလို့ ဆိုပါတယ်။

ကင်ဟာ (၂၀၁၄)ခုနှစ်တုန်းကလည်း ရက်ပေါင်း(၄၀)ကြာ အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ်ခဲ့ဖူးပြီး၊ ထိုစဉ်က ဒူးခေါင်း ခွဲစိတ်မှုခံယူ ခဲ့တာလို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ဗြိတိန်အခြေစိုက် နာမည်ကြီး သတင်းစာ တစ်စောင်ဖြစ် တဲ့ The Sun သတင်းစာမှာတော့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်ဟာ ကိုဗစ်ကြောင့် သေဆုံးခဲ့ဟန်ရှိကြောင်း ဖော်ပြထားပါတယ်။ အဓိကအားဖြင့်တော့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုရဲ့စကားကို ကိုးကားပြီး ကောက်ချက်ချတဲ့ သဘောပါ။ မြောက်ကိုရီးယားအနေနဲ့ သူတို့ဆီမှာ ကိုဗစ်ကူး စက်သူ တစ်ယောက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ထုတ်ပြန်မှုဟာ လူရယ်စရာဖြစ်ခဲ့ပြီး၊ မြောက်ကိုရီးယားအနေနဲ့ ကပ်ရောဂါရဲ့ပထမအဆင့် ကာလအတွင်းမှာ တောင် တရုတ်နဲ့ ကူးချည်သန်းချည်လုပ်နေတဲ့ ကုန်တင်ကားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို တားမြစ် ပိတ်ပင်ခြင်း မရှိခဲ့ပါဘူး။ တောင် ကိုရီးယားအခြေစိုက် NK Daily မှာ သူတို့ သတင်းဖော်ပြစဉ်က လူ(၂၀၀)ကျော် တစ်နေ့တည်း သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ် ။ကင်ဂျုံ အန်းဟာ ဧပြီလ(၁၁)ရက်ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့တာပါ။ ယင်းနောက် ဧပြီ(၁၅)နေ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သူရဲ့အ ဖိုး ကင်အီဆောင်ရဲ့ မွေးနေ့ စစ်ရေးပြအခမ်းအနားကိုတောင် မတက်နိုင်တော့ပါဘူး။

ရက်သတ္တနှစ်ပတ်ကြာ ပျောက်ကွယ်နေပြီးနောက်၊ မေလ(၁)ရက်နေ့ မေဒေးအထိန်းအမှတ် ဓာတ်မြေသြဇာ စက်ရုံဖွင့်ပွဲကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ဇွန်လ (၇)ရက်နေ့မှာတော့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို တက်ရောက်မိန့်ခွန်းပြောတဲ့ဓာတ်ပုံတွေ ပေါ်ထွက်လာပါသေးတယ်။ အဲဒီနေ့ကနေ အခုအချိန်ထိ ကင်ဟာ မြောက်ကိုရီးယား ရုပ်သံမြင်ကွင်းထက်မှာ ထူးထူးဆန်းဆန်း ပြန်လည် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီအတွက် ဂျပန်အစိုးရဘက်က အတော်လေးကို သံသယဝင်စရာကောင်းတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်လို့ မှတ် ချက်ပေးခဲ့တာပါ။

Credit: Celecrazynews

Ref: The Sun

Add a Comment

Your email address will not be published. Required fields are marked *