





REF: MYANMAR NEWS

UNICODE

မြွေကြောက်တတ်သူများ နေအိမ် ခြံတွေမှာ မြွေမလာအောင် ပြုလုပ်နည်း

မြွေကြောက်တတ်သူများ ခြံတွေမှာ မြွေမလာအောင် လုပ်နည်းကတော့ စပါးလင် စိုက်တာပါပဲ။ စပါးလင်က အရွက်က ထက်ပြီး ရှတာရယ်၊ အနံ့ရယ်ကြောင့် မြွေမလာကြဘူးလို့ သိရပါတယ်။ဓာတ်ခဲထုချေရလာတဲ့ကာဗွန်မှုန့်ပက်ဖြူးထားလိုက်ရင်လည်း မလာဘူးလို့ သိရပါတယ် ။ ဒီနည်းတွေက ၁၀၀% မလာပါဘူး အာမခံတာမျိုး မဟုတ်ပါပဲ သိထားတဲ့ ဗဟုသုတ လေး မျှဝေတာသာ ဖြစ်ပါတယ်။

နေအိမ်ခြံတွေမှာ မြွေမလာအောင် ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းက အမေးများတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အိမ်ဘေး ပတ်ပတ်လည်သန့်ရှင်းရေးလုပ်ပေးနိုင်တာအကောင်းဆုံးပါပဲ။ဖြစ်နိုင်ရင် ချုံအထူမထားပါနဲ့၊ခြံပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ပြီး၊ ကြွက် တွင်းတွေမရှိအောက် နိမ်နင်း၊ မြွေ ခိုအောင်းနိုင်တဲ့ နေရာအတော်များများရှင်းထားရင် မြွေအန္တရာယ် အတော်လေး သက်သာပါတယ်။

တောရွာတွေမှာတော့ မြွေလာရင် သိရအောင်၊ ခွေး၊ ကြောင် နဲ့ ဘဲငန်းတွေ မွေးကြပါတယ်။ ဒါတောင်မှခွေးလေးတွေ သားပေါက်ထားတာ သိတဲ့ စပါးကြီးမြွေကြီးက ခွေးသားပေါက်တွေ မြိုဖို့လာတာ ကြုံဖူးရပါသေးတယ်။ မြွေကာကွယ်ဖို့ အခြားနည်းတွေ အဖြစ်….ဇီးဖြူသီးပက်၊ ပင်စိမ်းစိုက်၊ ဆေးရွက်ကြီးချ၊ စပါးခွံခင်း၊ပိုက်ကာ၊ မြွေပါမွေး စတဲ့နည်းတွေလည်း သုံးကြပါတယ်။

တွင်းထဲ မြွေဝင်သွားတာ မြင်ပြီး ပြန်ထွက်လာစေချင်ရင်တော့ တွင်းဝမှာ ငြုပ်သီးစိမ်း မီးရှို့ပြီး မီးခိုးမှုတ်သွင်းကြပါတယ်။ပဲခူးတိုင်းထဲက ကျေးရွာအတော်များများမှာတော့ မြွေလိုက်သမားတွေ အများကြီးရှိတာမို့ မြွေအတော်လေး ပါးကုန်ပါတယ်။ သူတို့က ရလာတဲ့မြွေကို မြွေ ဆိပ်ဖြေဆေး ဖေါ်ဖို့အတွကိ ပြန်ရောင်းကြတာ ဖြစ်ပါတယ်။

ကျနော်တို့ သိထားတဲ့ နည်းလေး တစ်နည်းကိုလည်း ဒီနေရာကနေ အလျှငိးသင့်လို့ တင်ပြချင်ပါတယ်။ သိထားတဲ့ အခြားနည်းလေးများ ရှိကြရင်လည်း Comments မှာ ပြန်တင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။မြွေအန္တရာယ် ကင်းကြပါစေခင်ဗျာ။

REF:   MYANMAR  NEWS

Add a Comment

Your email address will not be published. Required fields are marked *