




REF: 7DAY DAILY

UNICODE

ပြည်ထဲရေးဝန်ကြီးဌာနအမည်ခံပြီး K.T.Vများထံမှ လိမ်လည်အလှူခံ၍ ငွေကြေးတောင်းခံသူ (၄)ဦးကို ဖမ်းဆီးအရေးယူ

လိမ်လည်ငွေတောင်းခံမှု ကျူးလွန်သူအမျိုးသား(၄)ဦးနှ င့်အတူ ပရိုဘောက်စ် ယာဉ် တစ်စီး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်တွင်းအသင်း အဖွဲ့ မှတ်ပုံ တင် စိစစ်ရေးကတ် တစ်ခု၊ အလှူ ခံစာရွက်စာတမ်း အတုများကို သိမ်းဆည်းရမိ ခဲ့ကြောင်း ရဲတပ် ဖွဲ့က ထုတ်ပြန်သည်။ အမှု နဲ့ပတ်သက်ပြီး သူတို့ ကို စစ်ဆေးနေတုန်းဆိုတော့ ကျန်တာပြောလို့မရသေးဘူး။ ဖမ်းမိ တာတော့ ဟုတ်ပါတယ်’’ဟု ရန် ကင်းမြို့မရဲစခန်း မှ ရဲအရာရှိတစ် ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမျိုးသားလေးဦး ကို ရန်ကင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၇၀ (လိမ် လည်မှု၊ ပြည် သူ့ဝန်ထမ်းအ ယောင်ဆောင်မှု)ဖြင့် အမှုဖွင့်ပြီး ကွင်းဆက်တရားခံများအား ဆက် လက် စုံစမ်းဖော်ထုတ်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။ရန်ကင်းမြို့နယ်ရှိ ကေတီဗီတစ်ခုတွင် ပြည်ထဲရေးဝန် ကြီးဌာန အမည်ခံ၍ ငွေကြေးလိမ်လည်အလှူခံသော အမျိုးသား လေးဦးကို ဖမ်းဆီးအရေးယူထား ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

ရန်ကုန်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ လိမ်လည်အလှူခံမှုရှိနေကြောင်း သတင်းရရှိ၍ ရဲတပ်ဖွဲ့က စုံစမ်းရာ ရန်ကင်းမြို့နယ် Perfect ကေတီဗီ တွင် အမျိုးသားလေးဦးရောက်ရှိ လာပြီး ၎င်းတို့မှာ ပြည်ထဲရေးဝန်ကြီးဌာန ပရဟိတအဖွဲ့မှဖြစ် ကြောင်း၊ ကလေးသူငယ် များအား စာရေးကိရိယာ၊ အာဟာရဒါနနှင့် သံဃာတော်များအတွက် အလှူခံသည်ပြောဆိုပြီး ကျပ် ၅၀,၀၀၀ အား လိမ်လည်အလှူခံသွား ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းပြစ်မှုကျူးလွန်သူများ ကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့ရာ ဇွန်လ၂၃ ရက် ည ၈ နာရီက မရမ်းကုန်းမြို့နယ် သမိုင်းဘူ တာရုံ လမ်းမပေါ်တွင် လိမ်လည် အလှူခံသူများဖြစ် သည့် ဒဂုံဆိပ်ကမ်းမြို့နယ်နေအသက် (၂၃)နှစ်အရွယ် အောင် မျိုးဦး၊ သာကေတမြို့ နယ်နေ (၂၅)နှစ် အရွယ် ထွန်းဝင်းဇော်၊ သန်လျင်မြို့နယ် နေ (၂၅)နှစ် အရွယ် ဝေဖြိုးအောင် နှင့် (၂၈)နှစ် အရွယ် မျိုးကိုကိုတို့ လေးဦးကို ဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်း ၌ ဖော်ပြထားကြောင်း သိရသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *