ႏိုင္ငံတစ္ဝန္းရွိ အက်ဥ္းေထာင္မ်ားအတြင္းသို႔ မူးယစ္ေဆးမ်ားမသြင္းႏိုင္ရန္ အနံ႔ခံေခြး ႏွင့္X Rayတို႔ျဖင့္ စစ္ေဆးေတာ့မည္ဟု ဆို

ျမန္မာႏွစ္သစ္ကူး ႏွစ္ဆန္း(၁)ရက္ေန႔က သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ လြတ္ေျမာက္လာသူ နဂါႀကီး(ခ) ဆန္းဝင္းရဲ႕ ထြက္ဆိုျခင္း ေၾကာင့္ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ခဲ့ ၿပီး၊ အဆိုပါ ေျပာၾကားမႈေၾကာင့္ ေထာင္ထဲတြင္ မူးယစ္ေဆးဝါး မ်ား တရားဝင္ေရာင္းဝယ္ ေဖာက္ကားသလို ျဖစ္ေန သျဖင့္ အက်ဥ္းေထာင္မ်ားအတြင္း လိုက္လံစစ္ေဆးေနေၾကာင္း၊သိရသည္။

ျပည္ထဲေရး၊ စသုံးလုံး၊ ရဲ၊ မီးသတ္အဖြဲ႕ ေပါင္းစုံစစ္ခဲ့ၿပီး မူးယစ္ေဆး ဝါးမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ သယ္ယူရန္ႀကိဳးပမ္းမႈမ်ားထဲတြင္ အက်ဥ္းေထာင္အတြင္း ဝင္ေရာက္မည့္ တရား႐ုံးထုတ္အက်ဥ္းသားမ်ား၊ အက်ဥ္းေထာင္အတြင္း တာဝန္ထမ္းေဆာင္မည့္ဝန္ထမ္းႏွင့္ ေထာင္ဝင္စာမွတဆင့္ ပါဆယ္ပို႔သည့္ ပစၥည္းမ်ားကို စစ္ေဆးသြားေတာ့မည္ျဖစ္ေၾကာင္း အက်ဥ္းဦးစီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဒုတိယ ၫႊန္ၾကားေရးမႉး ဦးရဲရင့္ႏိုင္က ေျပာဆိုလိုက္သည္။

အက်ဥ္းေထာင္မ်ားအတြင္း မူးယစ္ေဆးဝါးမ်ားမသြင္းႏိုင္ရန္ အက်ဥ္းသားမ်ားကို အနံ႔ခံေခြးမ်ားႏွင့္ X Ray ျဖင့္ ရွာေဖြေတာ့မည္ဟု အ က်ဥ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးရဲရင့္ႏိုင္က ေျပာသည္။ကြၽန္ေတာ္တို႔က တပ္မေတာ္ေခြးသင္တန္းေက်ာင္းကို သြားၿပီးေတာ့ သင္တန္းတက္ေနပါတယ္။ အခုလည္း ဝန္ထမ္းနဲ႔ ရွာေဖြေရးေတြ လုပ္ေနပါတယ္။ သင္တန္းက ၆ လေလာက္ ၾကာမွာျဖစ္ပါတယ္။ တပ္ မေတာ္ဖြင့္တဲ့ ေခြးသင္တန္းသြားတက္ရမွာျဖစ္ပါတယ္။

လူအင္အားနဲ႔ ရွာေဖြတဲ့ေနရာမွာ လြတ္သြားတဲ့ဟာေတြလည္းရွိႏိုင္သလို သိတာေတြလည္းရွိတယ္။ လြတ္သြားတဲ့မူးယစ္ေဆးဝါးကို ကာ ကြယ္ခ်င္လို႔ စစ္ေခြးနဲ႔ေထာင္ထဲမွာ ရွာေဖြေတာ့မယ့္သေဘာပါ။ ဒီႏွစ္ဘတ္ဂ်က္အရ X Ray နဲ႔ ရွာေဖြဖို႔လည္း ရွိတယ္။ တခ်ိဳ႕အက်ဥ္းသား ေတြက မူးယစ္ေဆးဝါးကို မ်ိဳလာတာရွိတယ္။ စအိုထဲကို ထည့္တာရွိတယ္။ ဒါေတြကို မိေအာင္ရွာေဖြေတာ့မယ့္ သေဘာျဖစ္တယ္။ ဒါက လည္း ျပည္ေထာင္စု ဝန္ႀကီးရဲ႕ ခြင့္ျပဳခ်က္လည္း ရၿပီးပါၿပီ။

ဝန္ထမ္းအင္အားလည္း မမွ်တဲ့အတြက္ ဒီလိုအစီအစဥ္ေတြ လုပ္ရျခင္းျဖစ္တယ္”ဟု ေျပာသည္။ အက်ဥ္းေထာင္မ်ားအတြင္သို႔ မူးယစ္ေဆး ဝါးမ်ားသယ္ေဆာင္ျခင္း မရွိေစရန္အတြက္ ျပည္ထဲေရးဝန္ႀကီး၏ ၫႊန္ၾကားခ်က္အရ မူးယစ္ေဆးဝါးအနံ႔ခံေခြးမ်ားထားရွိေစရန္ စီစဥ္ေန ျခင္းျဖစ္ၿပီး လက္ရွိတြင္ သင္တန္းမ်ားပို႔ခ်လ်က္ရွိေၾကာင္း ဒုတိယၫႊန္ၾကားေရးမႉး ဦးရဲရင့္ႏိုင္က ေျပာသည္။

REF: NEWS WATCH

UNICODE

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်းသို့ မူးယစ်ဆေးများမသွင်းနိုင်ရန် အနံ့ခံခွေး နှင့်X Rayတို့ဖြင့် စစ်ဆေးတော့မည်ဟု ဆို

မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့က သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသူ နဂါကြီး(ခ) ဆန်းဝင်းရဲ့ ထွက်ဆိုခြင်း ကြောင့် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ ပြီး၊ အဆိုပါ ပြောကြားမှုကြောင့် ထောင်ထဲတွင် မူးယစ်ဆေးဝါး များ တရားဝင်ရောင်းဝယ် ဖောက်ကားသလို ဖြစ်နေ သဖြင့် အကျဉ်းထောင်များအတွင်း လိုက်လံစစ်ဆေးနေကြောင်း၊သိရသည်။

ပြည်ထဲရေး၊ စသုံးလုံး၊ ရဲ၊ မီးသတ်အဖွဲ့ ပေါင်းစုံစစ်ခဲ့ပြီး မူးယစ်ဆေး ဝါးများကို နည်းလမ်းမျိုးစုံဖြင့် သယ်ယူရန်ကြိုးပမ်းမှုများထဲတွင် အကျဉ်းထောင်အတွင်း ဝင်ရောက်မည့် တရားရုံးထုတ်အကျဉ်းသားများ၊ အကျဉ်းထောင်အတွင်း တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းနှင့် ထောင်ဝင်စာမှတဆင့် ပါဆယ်ပို့သည့် ပစ္စည်းများကို စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောဆိုလိုက်သည်။

အကျဉ်းထောင်များအတွင်း မူးယစ်ဆေးဝါးများမသွင်းနိုင်ရန် အကျဉ်းသားများကို အနံ့ခံခွေးများနှင့် X Ray ဖြင့် ရှာဖွေတော့မည်ဟု အ ကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။ကျွန်တော်တို့က တပ်မတော်ခွေးသင်တန်းကျောင်းကို သွားပြီးတော့ သင်တန်းတက်နေပါတယ်။ အခုလည်း ဝန်ထမ်းနဲ့ ရှာဖွေရေးတွေ လုပ်နေပါတယ်။ သင်တန်းက ၆ လလောက် ကြာမှာဖြစ်ပါတယ်။ တပ် မတော်ဖွင့်တဲ့ ခွေးသင်တန်းသွားတက်ရမှာဖြစ်ပါတယ်။

လူအင်အားနဲ့ ရှာဖွေတဲ့နေရာမှာ လွတ်သွားတဲ့ဟာတွေလည်းရှိနိုင်သလို သိတာတွေလည်းရှိတယ်။ လွတ်သွားတဲ့မူးယစ်ဆေးဝါးကို ကာ ကွယ်ချင်လို့ စစ်ခွေးနဲ့ထောင်ထဲမှာ ရှာဖွေတော့မယ့်သဘောပါ။ ဒီနှစ်ဘတ်ဂျက်အရ X Ray နဲ့ ရှာဖွေဖို့လည်း ရှိတယ်။ တချို့အကျဉ်းသား တွေက မူးယစ်ဆေးဝါးကို မျိုလာတာရှိတယ်။ စအိုထဲကို ထည့်တာရှိတယ်။ ဒါတွေကို မိအောင်ရှာဖွေတော့မယ့် သဘောဖြစ်တယ်။ ဒါက လည်း ပြည်ထောင်စု ဝန်ကြီးရဲ့ ခွင့်ပြုချက်လည်း ရပြီးပါပြီ။

ဝန်ထမ်းအင်အားလည်း မမျှတဲ့အတွက် ဒီလိုအစီအစဉ်တွေ လုပ်ရခြင်းဖြစ်တယ်”ဟု ပြောသည်။ အကျဉ်းထောင်များအတွင်သို့ မူးယစ်ဆေး ဝါးများသယ်ဆောင်ခြင်း မရှိစေရန်အတွက် ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားချက်အရ မူးယစ်ဆေးဝါးအနံ့ခံခွေးများထားရှိစေရန် စီစဉ်နေ ခြင်းဖြစ်ပြီး လက်ရှိတွင် သင်တန်းများပို့ချလျက်ရှိကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။

REF: NEWS WATCH

Add a Comment

Your email address will not be published. Required fields are marked *