ကရင္ျပည္နယ္ဖားအံၿမိဳ႕က ဇြဲကပင္ ေတာင္တက္ရင္းေပ်ာက္ေန တဲ့ ေက်ာင္းသူေလး ရဲ႕ ေနာက္ဆုံးရ သတင္း

ဒါ့အျပင္ ေပ်ာက္ဆုံးေနတဲ့ တကၠသိုလ္ေက်ာင္းသူ အတြက္ ရဲတပ္ဖြဲ႕က ေပ်ာက္ဆုံးသူ သြားလာတတ္တဲ့ေနရာကို အျခားရဲစခန္းထံခ်ိတ္ ဆက္ၿပီး စုံစမ္းရွာေဖြလ်က္ ရွိတယ္လို႔ သိရပါတယ္။အဲ့ဒီေက်ာင္းသူေလးကို မေန႔ ညေနပိုင္းအခ်ိန္က ဇြဲကပင္ေတာင္ ထိပ္ေပၚမွာ ေတြ႕ေန ရၿပီး ေနာက္ပိုင္းမွာ ျပန္လည္ဆင္းသြားတယ္လို႔ ဇြဲကပင္ေတာင္ေပၚ ဆရာေတာ္ထံ ကေန သိရပါတယ္။

ေနာက္ဆုံး ရရွိထားတဲ့ သတင္းအရ ဒီကေန႔ ညေနပိုင္း ၃ နာရီခြဲ အခ်ိန္ေလာက္မွာ ဇြဲကပင္ေတာင္ထိပ္ ေရာက္ခါနီးတစ္ေနရာမွာ ရွိတဲ့ ေခ်ာက္ကမ္းပါ အစြန္းမွာ ေပ်ာက္ဆုံးသူရဲ႕ ဆိုင္ကယ္ေသာ့ကို ေတြ႕ရွိရတယ္လို႔ မီးသတ္တပ္ဖြဲ႕ထံကေန သိရပါတယ္။လက္ရွိမွာေတာ့ မီးသတ္တပ္ဖြဲ႕ေတြက ေတာင္ေပၚကို တက္ေရာက္ၿပီး ရွာေဖြမႈေတြကို ထပ္မံေဆာင္႐ြက္ေနပါတယ္။

ေတာင္ေပၚတက္ရင္း ေပ်ာက္ဆုံးသြားတဲ့ ကေလးမ ကို ရွာေဖြေရးဟာ ဘာမွထူးျခားမႈ မရွိေသးပဲ ကေလးမေလး ေပ်ာက္ဆုံးသြား ခ်ိန္ဟာ ၂၄ နာရီ ေက်ာ္သြားပါၿပီး….ကေလးမေလး စီးလာတဲ့ ဆိုင္ကယ္ေသာ့ ကို ကရင္ေမာင္ႏွမ နတ္နန္း အေပၚ ေဂ်ာက္ကပါး အေကြ႕ ေက်ာက္ စြန္းမွာ ေတြ႕တယ္ လို႔ ဆိုပါတယ္….။

ဇြဲကပင္ ေတာင္ေပၚတက္ရင္း ေပ်ာက္ဆုံးသြားတဲ့ တကၠသိုလ္ေက်ာင္းသူ တစ္ဦးကို မီးသတ္တပ္ဖြဲ႕က ရွာေဖြလ်က္ရွိတယ္လို႔ ကရင္ျပည္ နယ္ ဘားအံခ႐ိုင္မီးသတ္ဦးစီးဌာနထံကေန သိရပါတယ္။ဘားအံတကၠသိုလ္မွာ ပညာသင္ၾကားေနတဲ့ ပထမႏွစ္ေက်ာင္းသူ တစ္ဦးဟာ မေန႔ညေနပိုင္းက သူေနထိုင္ရာအေဆာင္ကေနထြက္ခြာၿပီး ဇြဲကပင္ေတာင္ေပၚကိုတက္ေရာက္ရာကေန ေပ်ာက္ဆုံးသြားခဲ့တာပါ။

အဲ့ဒီေက်ာင္းသူဟာ မေန႔ညေနပိုင္းအခ်ိန္က ဇြဲကပင္ေတာင္ အေနာက္ဘက္ေတာင္ေျခကို ဆိုင္ကယ္နဲ႔ေရာက္ရွိလာၿပီး ေတာင္ေပၚကို တက္ေရာက္သြားခဲ့တယ္လို႔ ဘားအံခ႐ိုင္မီးသတ္ဦးစီးမႉး ဦးသန႔္ဇင္ဝင္းကဆိုပါတယ္။ဒီကေန႔မနက္ပိုင္း မွာေတာ့ တကၠသိုလ္ေက်ာင္းသူ ရဲ႕မိခင္ျဖစ္သူ ကိုယ္တိုင္က ရဲစခန္းကိုလာေရာက္ၿပီး လူေပ်ာက္တိုင္းတန္းခ်က္ ဖြင့္ခဲ့တာပါ။

မီးသတ္တပ္ဖြဲ႕ကေတာ့ မနက္အေစာပိုင္းကေနစၿပီး ဒီကေန႔ညေနပိုင္း အထိ ဇြဲကပင္ေတာင္ထိပ္ နဲ႔ ေတာင္တက္လမ္းေနရာ တစ္ေလွ်ာက္ မွာ ရွာေဖြမႈေတြလုပ္ေဆာင္ေနတယ္ လို႔ ဘားအံခ႐ိုင္ မီးသတ္ဦးစီးမႉး ဦးသန႔္ဇင္ဝင္းက ေျပာပါတယ္။

REF: ကရင္မီဒီယာ

UNICODE

ကရင်ပြည်နယ်ဖားအံမြို့က ဇွဲကပင် တောင်တက်ရင်းပျောက်နေ တဲ့ ကျောင်းသူလေး ရဲ့ နောက်ဆုံးရ သတင်း

ဒါ့အပြင် ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ အတွက် ရဲတပ်ဖွဲ့က ပျောက်ဆုံးသူ သွားလာတတ်တဲ့နေရာကို အခြားရဲစခန်းထံချိတ် ဆက်ပြီး စုံစမ်းရှာဖွေလျက် ရှိတယ်လို့ သိရပါတယ်။အဲ့ဒီကျောင်းသူလေးကို မနေ့ ညနေပိုင်းအချိန်က ဇွဲကပင်တောင် ထိပ်ပေါ်မှာ တွေ့နေ ရပြီး နောက်ပိုင်းမှာ ပြန်လည်ဆင်းသွားတယ်လို့ ဇွဲကပင်တောင်ပေါ် ဆရာတော်ထံ ကနေ သိရပါတယ်။

နောက်ဆုံး ရရှိထားတဲ့ သတင်းအရ ဒီကနေ့ ညနေပိုင်း ၃ နာရီခွဲ အချိန်လောက်မှာ ဇွဲကပင်တောင်ထိပ် ရောက်ခါနီးတစ်နေရာမှာ ရှိတဲ့ ချောက်ကမ်းပါ အစွန်းမှာ ပျောက်ဆုံးသူရဲ့ ဆိုင်ကယ်သော့ကို တွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။လက်ရှိမှာတော့ မီးသတ်တပ်ဖွဲ့တွေက တောင်ပေါ်ကို တက်ရောက်ပြီး ရှာဖွေမှုတွေကို ထပ်မံဆောင်ရွက်နေပါတယ်။

တောင်ပေါ်တက်ရင်း ပျောက်ဆုံးသွားတဲ့ ကလေးမ ကို ရှာဖွေရေးဟာ ဘာမှထူးခြားမှု မရှိသေးပဲ ကလေးမလေး ပျောက်ဆုံးသွား ချိန်ဟာ ၂၄ နာရီ ကျော်သွားပါပြီး….ကလေးမလေး စီးလာတဲ့ ဆိုင်ကယ်သော့ ကို ကရင်မောင်နှမ နတ်နန်း အပေါ် ဂျောက်ကပါး အကွေ့ ကျောက် စွန်းမှာ တွေ့တယ် လို့ ဆိုပါတယ်….။

ဇွဲကပင် တောင်ပေါ်တက်ရင်း ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူ တစ်ဦးကို မီးသတ်တပ်ဖွဲ့က ရှာဖွေလျက်ရှိတယ်လို့ ကရင်ပြည် နယ် ဘားအံခရိုင်မီးသတ်ဦးစီးဌာနထံကနေ သိရပါတယ်။ဘားအံတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသူ တစ်ဦးဟာ မနေ့ညနေပိုင်းက သူနေထိုင်ရာအဆောင်ကနေထွက်ခွာပြီး ဇွဲကပင်တောင်ပေါ်ကိုတက်ရောက်ရာကနေ ပျောက်ဆုံးသွားခဲ့တာပါ။

အဲ့ဒီကျောင်းသူဟာ မနေ့ညနေပိုင်းအချိန်က ဇွဲကပင်တောင် အနောက်ဘက်တောင်ခြေကို ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး တောင်ပေါ်ကို တက်ရောက်သွားခဲ့တယ်လို့ ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းကဆိုပါတယ်။ဒီကနေ့မနက်ပိုင်း မှာတော့ တက္ကသိုလ်ကျောင်းသူ ရဲ့မိခင်ဖြစ်သူ ကိုယ်တိုင်က ရဲစခန်းကိုလာရောက်ပြီး လူပျောက်တိုင်းတန်းချက် ဖွင့်ခဲ့တာပါ။

မီးသတ်တပ်ဖွဲ့ကတော့ မနက်အစောပိုင်းကနေစပြီး ဒီကနေ့ညနေပိုင်း အထိ ဇွဲကပင်တောင်ထိပ် နဲ့ တောင်တက်လမ်းနေရာ တစ်လျှောက် မှာ ရှာဖွေမှုတွေလုပ်ဆောင်နေတယ် လို့ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။

REF:   ကရင်မီဒီယာ

Add a Comment

Your email address will not be published. Required fields are marked *