ကြၽန္း လွၿမိဳ႕နယ္ ေထြ/အုပ္က ဒု-အုပ္ခ်ဳပ္ေ ရးမႉ းႏွင့္ ရဲအရာ ရွိ (၄) ဦး ကို အဂတိလိုက္စားမႈျဖင့္ အေရးယူလိုက္ၿပီ
|ျမန္မာႏိုင္ငံအဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္တာဝန္ရွိသူေတြက မတ္လကုန္ပိုင္းနဲ႔ ဇြန္လဆန္းပိုင္းမွာ စုစုေပါင္း ၁၀ ရက္ခန႔္ အၾကာ တာဝန္ရွိသူေတြကို လာေရာက္စစ္ေဆးခဲ့ ပါေသးတယ္။အခုလို ဖမ္းဆီးလိုက္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး တိုင္းရဲတပ္ဖြဲ႕က ေျပာေရးဆို ခြင့္ရွိသူ ဒုတိယရဲမႉးႀကီး ဘဝင္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ဟုတ္တယ္လို႔ေတာ့ သတင္းၾကား တယ္။ အေသးစိတ္ေတာ့ မသိရ ေသးဘူးဆိုေတာ့ ေျပာလို႔အဆင္မေျပေသးဘူး။”လို႔ ေျပာပါတယ္။
၂၀၁၇ ေဖေဖာ္ဝါရီလကလည္း တရားမဝင္သစ္ကိစၥနဲ႔ပတ္သက္လို႔ ကြၽန္းလွၿမိဳ႕နယ္က ေပပင္ေခ်ာင္ရဲကင္းစခန္းမႉးတစ္ဦး၊ ၿမိဳ႕နယ္သစ္ ေတာဦးစီးဌာန ေတာအုပ္တစ္ဦးနဲ႔ တရားမဝင္သစ္လုပ္ငန္းလုပ္ကိုင္သူတစ္ဦးတို႔ကို အဂတိတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆/၆၃/က်င့္ ၅၁၂ တို႔အရ အမႈဖြင့္ အေရးယူခဲ့ဖူးပါတယ္။စစ္ ကိုင္းတိုင္း၊ ကြၽန္းလွၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ဒုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုး ကိုကိုနဲ႔ ကြၽန္းလွၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး ေအာင္မ်ိဳးဦး အပါအဝင္ ရဲအရာရွိ ၄ ဦးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ လွစ္ အေရးယူလိုက္တယ္လို႔ ေကာ္မရွင္က ဒီကေန႔ ထုတ္ျပန္ပါတယ္။
ကြၽန္းလွၿမိဳ႕နယ္ သဖန္းဆိပ္ဆည္ ေရဝပ္ဧရိယာအတြင္း တရားမဝင္ ေ႐ႊေမ်ာေတြနဲ႔ ပတ္သက္ၿပီး အဂတိလိုက္စားတဲ့ ဌာနဆိုင္ရာ တာဝန္ ရွိသူေတြကို စုံစမ္းစစ္ေဆးအေရးယူ ေဆာင္႐ြက္ေပးဖို႔ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕က အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မ ရွင္သို႔ လႊဲေျပာင္း ေပးပို႔ခဲ့တဲ့အမႈ ျဖစ္ပါတယ္။အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရး အဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးကိုကိုဟာ တရားမဝင္ ေ႐ႊေမ်ာလုပ္ကိုင္သူေတြထံက ေငြက်ပ္ ၃၀၀,၀၀ဝ ကိုလည္းေကာင္း၊ ရဲမႉး ေအာင္မ်ိဳး ဦးက ေငြက်ပ္ ၅၅၀,၀၀ဝ ကို ႏွစ္ႀကိမ္ခြဲၿပီး လည္းေကာင္း၊ လက္ခံရယူခဲ့ပါတယ္။
ဒါ့အျပင္ ဒုတိယရဲမႉး သန္းထိုက္က ေငြက်ပ္ ၇၅၀,၀၀ဝကို သုံးႀကိမ္ခြဲ၍လည္းေကာင္း၊ တရားမဝင္ ေ႐ႊေမ်ာလုပ္ကိုင္သူ ၇ ဦး တို႔ထံမွ ေငြ က်ပ္ ၂၉၀,၀၀ဝကို သုံးႀကိမ္ခြဲ၍လည္းေကာင္း၊ ဒုတိယရဲအုပ္ မ်ိဳးလြင္က ေငြက်ပ္ ၂၅၀,၀၀ဝကို သုံးႀကိမ္ခြဲ၍လည္းေကာင္း၊ ရဲအုပ္ ရဲလင္း က ေငြက်ပ္ ၂၀၀,၀၀ဝကို လည္းေကာင္း လက္ခံရယူခဲ့ၾကတာ ေတြ႕ရွိခဲ့ပါတယ္။ရာထူး တာဝန္ကို အလြဲသုံးစားျပဳၿပီး အဂတိမႈက်ဴးလြန္ ခဲ့ၾကျခင္းျဖစ္ေၾကာင္း စစ္ေဆး ေပၚေပါက္လို႔ အဆိုပါ ပုဂၢိဳလ္ ၅ ဦးအေပၚ အဂတိတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ကြၽန္းလွၿမိဳ႕မရဲစ ခန္းမွာ ဇြန္လ ၂၆ ရက္က ပထမသတင္းေပး တိုင္ၾကားခ်က္ ဖြင့္လွစ္၍ တရားစြဲဆို ႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔သိရပါတယ္။
လတ္ရွိ ကန႔္ဘလူခ႐ိုင္၊ ကြၽန္းလွၿမိဳ႕ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကေန ေခၚယူ ထိန္းသိမ္းလိုက္တယ္လို႔ သိရပါတယ္။အခုလို ထိန္းသိမ္းတာဟာ တရားမဝင္ သစ္ေမွာင္ခိုကိစၥ၊ ေ႐ႊေမ်ာကိစၥေတြနဲ႔ ဆက္စပ္မႈ ရွိႏိုင္တယ္ လို႔ ေဒသခံ ကြၽန္းလွၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လင္းက ေျပာပါတယ္။သစ္ကိစၥတို႔၊ သဖန္းဆိပ္ဆည္ထဲမွာ တရားမဝင္ေ႐ႊေမ်ာကိစၥတို႔လို႔ေတာ့ ခန႔္မွန္းရတာေပါ့။ အခုဖမ္းထားတာေတာ့ ၅ ေယာက္ေလာက္ၾကားတယ္။ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ကိုေတာ့ မနက္က ေခၚယူထိန္းသိမ္းတယ္လို႔ ၾကားတယ္။
ၿမိဳ႕နယ္ရဲမႉး၊ စခန္းမႉး၊ နယ္ထိန္းေခါင္းေဆာင္နဲ႔ ခ႐ိုင္ရဲတစ္ေယာက္ကေတာ့ ညကတည္းက ေခၚယူထိန္းသိမ္းထားတယ္လို႔ သိရတယ္။ အေသးစိပ္ေတာ့ မသိရေသးပါဘူး။”
REF: SHWE WIKI
UNICODE
ကျွန်း လှမြို့နယ် ထွေ/အုပ်က ဒု-အုပ်ချုပ်ေ ရးမှူ းနှင့် ရဲအရာ ရှိ (၄) ဦး ကို အဂတိလိုက်စားမှုဖြင့် အရေးယူလိုက်ပြီ
မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တာဝန်ရှိသူတွေက မတ်လကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်းမှာ စုစုပေါင်း ၁၀ ရက်ခန့် အကြာ တာဝန်ရှိသူတွေကို လာရောက်စစ်ဆေးခဲ့ ပါသေးတယ်။အခုလို ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့က ပြောရေးဆို ခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဘဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဟုတ်တယ်လို့တော့ သတင်းကြား တယ်။ အသေးစိတ်တော့ မသိရ သေးဘူးဆိုတော့ ပြောလို့အဆင်မပြေသေးဘူး။”လို့ ပြောပါတယ်။
၂၀၁၇ ဖေဖော်ဝါရီလကလည်း တရားမဝင်သစ်ကိစ္စနဲ့ပတ်သက်လို့ ကျွန်းလှမြို့နယ်က ပေပင်ချောင်ရဲကင်းစခန်းမှူးတစ်ဦး၊ မြို့နယ်သစ် တောဦးစီးဌာန တောအုပ်တစ်ဦးနဲ့ တရားမဝင်သစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးတို့ကို အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃/ကျင့် ၅၁၂ တို့အရ အမှုဖွင့် အရေးယူခဲ့ဖူးပါတယ်။စစ် ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုး ကိုကိုနဲ့ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဦး အပါအဝင် ရဲအရာရှိ ၄ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် လှစ် အရေးယူလိုက်တယ်လို့ ကော်မရှင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်း တရားမဝင် ရွှေမျောတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားတဲ့ ဌာနဆိုင်ရာ တာဝန် ရှိသူတွေကို စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မ ရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့တဲ့အမှု ဖြစ်ပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုဟာ တရားမဝင် ရွှေမျောလုပ်ကိုင်သူတွေထံက ငွေကျပ် ၃၀၀,၀၀ဝ ကိုလည်းကောင်း၊ ရဲမှူး အောင်မျိုး ဦးက ငွေကျပ် ၅၅၀,၀၀ဝ ကို နှစ်ကြိမ်ခွဲပြီး လည်းကောင်း၊ လက်ခံရယူခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယရဲမှူး သန်းထိုက်က ငွေကျပ် ၇၅၀,၀၀ဝကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ တရားမဝင် ရွှေမျောလုပ်ကိုင်သူ ၇ ဦး တို့ထံမှ ငွေ ကျပ် ၂၉၀,၀၀ဝကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ ဒုတိယရဲအုပ် မျိုးလွင်က ငွေကျပ် ၂၅၀,၀၀ဝကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ ရဲအုပ် ရဲလင်း က ငွေကျပ် ၂၀၀,၀၀ဝကို လည်းကောင်း လက်ခံရယူခဲ့ကြတာ တွေ့ရှိခဲ့ပါတယ်။ရာထူး တာဝန်ကို အလွဲသုံးစားပြုပြီး အဂတိမှုကျူးလွန် ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်လို့ အဆိုပါ ပုဂ္ဂိုလ် ၅ ဦးအပေါ် အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ကျွန်းလှမြို့မရဲစ ခန်းမှာ ဇွန်လ ၂၆ ရက်က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို နိုင်ရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
လတ်ရှိ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ခေါ်ယူ ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။အခုလို ထိန်းသိမ်းတာဟာ တရားမဝင် သစ်မှောင်ခိုကိစ္စ၊ ရွှေမျောကိစ္စတွေနဲ့ ဆက်စပ်မှု ရှိနိုင်တယ် လို့ ဒေသခံ ကျွန်းလှမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ပြောပါတယ်။သစ်ကိစ္စတို့၊ သဖန်းဆိပ်ဆည်ထဲမှာ တရားမဝင်ရွှေမျောကိစ္စတို့လို့တော့ ခန့်မှန်းရတာပေါ့။ အခုဖမ်းထားတာတော့ ၅ ယောက်လောက်ကြားတယ်။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ကိုတော့ မနက်က ခေါ်ယူထိန်းသိမ်းတယ်လို့ ကြားတယ်။
မြို့နယ်ရဲမှူး၊ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်နဲ့ ခရိုင်ရဲတစ်ယောက်ကတော့ ညကတည်းက ခေါ်ယူထိန်းသိမ်းထားတယ်လို့ သိရတယ်။ အသေးစိပ်တော့ မသိရသေးပါဘူး။”
REF: SHWE WIKI